(၄၂) နှစ် ပြည့် ဇွန်-၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ လူထုဆန္ဒမပါဘဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အလုပ်သမားကိုယ်စားလှယ် အတု အယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက် နေ့တွင် အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံများတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။

၂။ အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုနှင့် ရဟန်းရှင်လူ ပြည်သူလူထုက သဏ္ဍာန်အမျိုးမျိုးဖြင့် ထောက်ခံ ပါဝင်ခဲ့ကြသည့်အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ်သမားနှင့် ကျောင်း သားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် သပိတ်တိုက်ပွဲများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြသည်။ လူထုဆန္ဒကို ကိုယ်စား မပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အတုအယောင်မျက်နှာဖုံးကို ဖွင့်ချ ဖော်ထုတ်နိုင်ခဲ့ကြသည်။

၃။ အလုပ်သမားနှင့်ကျောင်းသားထုက ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် အခြေခံရပိုင်ခွင့်ဆိုင်ရာ တိုက်ပွဲများကို မဆလ တစ်ပါတီအာဏာရှင်အစိုးရသည် အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပေးရမည့်အစား အလုပ်သမား ၂၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့သည်။ အလုပ်သမား၊ ကျောင်းသားများကို ထောင်ချီပြီး အညှိုးကြီးစွာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ပစ်ခဲ့သည်။

၎။ ယနေ့ကဲ့သို့ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်ကြရမည့်ကာလတွင် အတိတ်သမိုင်းက အတွေ့အကြုံများမှ သင်္ခန်းစာ ထုတ် ယူကြရမည် ဖြစ်ပါသည်။ လွန်ခဲ့သော (၄၂)နှစ်က အဖြစ်ဆိုးမျိုးကို နောက်တစ်ကြိမ်ပြန်ပြီး မကြုံဆုံကြရအောင် သတိကြီးစွာ ထားကြ ရမည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

၅။ အလုပ်သမားများဘဝ၊ လယ်သမားများဘဝ၊ ကျောင်းသားများဘဝ လုံခြုံအေးချမ်းပြီး အခြေခံပိုင်ခွင့်များ အပြည့်အဝ အာမခံနိုင် သည့်စနစ်မျိုး အခိုင်အမာ ပေါ်ပေါက်လာသည်အထိ ဇွန် – ၆ စိတ်ဓါတ်ကို မြဲမြဲခိုင်ခိုင် ကိုင်စွဲလျက် ရုန်းကန် အားထုတ်ကြရဦးမည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဇွန်လ (၆) ရက်။

Continue Reading

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော
ဂုဏ်ပြု သဝဏ်လွှာ

၁။ အလုပ်သမားထု၏ တိုက်ပွဲသမိုင်း၌ အထင်ကရ အရေးပါလှသော (၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမား တိုက်ပွဲနေ့ မေဒေး အခမ်းအနားတွင် မိမိတို့အတွက် ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ရရှိရန် သမိုင်း စဉ်တလျှောက် အသက်ချင်းဆက်လျက် တိုက်ပွဲဝင်ခဲ့ကြသည့် အလုပ်သမားသူရဲကောင်းအပေါင်းအား မိမိတို့ ပါတီက အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။

၂။ တပတ်လျှင် နာရီ(၄၀)အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူ သော မေဒေးရလဒ်ကိုမျှ ပြည့်ဝစွာ မခံစားကြရသေးသော မိမိတို့ မြန်မာ့အလုပ်သမားလူထုမှာ ထိုက်တန်စွာ ရအပ်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီး အညှဉ်းဆဲခံ သွေးမြေအကျခံလျက် မကြာသေးမီ ကာလများတိုင်အောင် တိုက်ပွဲဝင်ကြရဆဲ ဖြစ်ပေသည်။

၃။ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး စသည့် အရေးကြီးသော နိုင်ငံရေးစာမျက်နှာသစ်များကို အမှန် တကယ် ဖွင့်လှစ်ကြမည်ဆိုလျှင် နိုင်ငံတည်ဆောက်ရေး၌ အခရာကျလှသော အလုပ်သမားလူထုအတွက် တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများအပေါ် အာမခံသည့် နိုင်ငံတော်စံနစ်တရပ် ရှိရမည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်သည်။

၎။ မိမိတို့ မျှော်မှန်းယုံကြည်သည့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသော နိုင်ငံသစ်တရပ်၊ လူ့အဖွဲ့အစည်း သစ်တရပ် ထူထောင်နိုင်သည်အထိ အလုပ်သမားလူထုနှင့် အခိုင်အမာ သွေးစည်းလျက် လက်တွဲကြိုးပမ်းသွားကြ မည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြုသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မေလ (၁) ရက်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၄၀) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ (မူကြမ်း)

၁။ ကယန်းပြည်သူတို့၏ ကယန်းအမျိုးသားထုတရပ်လုံးကို နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။ အမျိုးသားပေါင်းစည်းမှု အောင်မြင်ခြင်းအမှတ်အသားဖြစ်သည့် ကယန်းအမျိုးသားနေ့ အခါ သမယတွင် မိမိတို့ပါတီက ဤဂုဏ်ပြုသဝဏ်လွှာဖြင့်

၂။ ကယန်းအမျိုးသားပြည်သူတို့ သမိုင်းတလျှောက် စွဲမြဲခိုင်မာစွာ ကိုင်စွဲခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စံနစ် အကုန်အစင် ဖျက်သိမ်းရေး စသည့် ရပ်တည် ချက်များကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ပြည့်ပြည့်ဝဝ ထောက်ခံပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။

၃။ ရှေ့ အနာဂတ်ကာလများတွင်လည်း မပြီးပြတ်နိုင်သေးသည့် လူမျိုးစုံအမျိုးသားပြည်သူတို့ လွတ်မြောက်ရေး၊ ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ် ပြည် ထောင်စုကြီး တည်ဆောက်ရေး စသည့် တာဝန်များ ပြီးပြတ်အောင်မြင်သည်ထိ မိမိတို့ပါတီသည် ကယန်းအမျိုးသားပြည်သူ တို့နှင့် အခိုင် အမာ သွေးစည်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ချစ်ကြည်စွာ ဖော်ပြလျက် ဤ သဝဏ်လွှာကို ပေးပို့ ဂုဏ်ပြု အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ၊ (၁၀) ရက်။

Continue Reading

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရမှု (၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ


၁။ ဒီမိုကရေစီပညာရေးစနစ် ပြုပြင်ပြောင်းလဲပေးရန် ငြိမ်းချမ်းစွာ သပိတ်မှောက်တောင်းဆိုနေသော ပင်မသပိတ်စစ် ကြောင်းမှ ကျောင်းသူကျောင်းသားများနှင့် ၀န်းရံပြည်သူများအား အများပြည်သူ မြင်ကွင်းရှေ့ လမ်းမအလယ်တွင် ရက်စက် ကြမ်းကြုတ်စွာ ရိုက်နှက်ဖြိုခွင်းခဲ့သည့် မတ်လ ၁၀ ရက် အကြမ်းဖက်မှုအရေးအခင်းကြီးသည် ယနေ့ (၁၀၊၃၊၂၀၁၆ ရက်နေ့) တွင် တစ်နှစ်တင်းတင်းပြည့်ပြီ ဖြစ်သည်။
၂။ မိမိတို့ပါတီသည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး၊ ခိုင်မာသည့်အမျိုးသားပညာရေးဥပဒေတရပ် ချမှတ်နိုင်ရေး အတွက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တွင် ဗကသများအဖွဲ့ချုပ်အပါအ၀င် ကျောင်းသူ ကျောင်းသားများ၊ ဆရာဆရာမများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့်အတူ အစဉ်တစိုက် လက်တွဲ ဆောင်ရွက်ခဲ့ပါသည်။
၃။ အစိုးရမှ တဖက်သတ်ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ကျောင်းသူ ကျောင်းသားများ၏ သပိတ်မှောက်ခရီးရှည်ချီတက်ပွဲကိုလည်း မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံခဲ့ပါသည်။ မိမိတို့ ပါတီ သည် ကျောင်းသားများ တင်ပြသည့် တင်ပြချက်(၁၁) ချက်ကို အပြည့်အ၀ ထောက်ခံသည့်အပြင် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲဖြင့် သဘောတူညီချက်များ ရှာဖွေကြမည်ဆိုသည့် အစီအစဉ်ကိုလည်း ထောက်ခံခဲ့ပါသည်။
၎။ အစိုးရနှင့် အာဏာပိုင်အဆင့်ဆင့်တို့က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲသဘောတူညီချက်များကို ဖောက်ဖျက်
ကာ ငြိမ်းချမ်းစွာသပိတ်မှောက်တောင်းဆိုနေသော ကျောင်းသားများနှင့် ၀န်းရံပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်း၊ အကြမ်းဖက်ခံရသူ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို တရားရုံးများစွာတွင် ပုဒ်မအမျိုးမျိုး တပ် လျက် တရားမဲ့စွာ တရားစွဲဆိုနေခြင်း၊ အကြမ်းဖက်မှုတွင် ကျင့်ဝတ်နှင့်မညီ ပြုမူခဲ့မှုတို့အတွက် တာဝန်ရှိသူတို့ကို ဖော်ထုတ် အရေးယူသင့်ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က တရားဝင် တိုက်တွန်းထားပါလျက် အကြမ်းဖက်မှုကျူးလွန် သူတို့ကို တစုံတရာစုံစမ်းဖော်ထုတ်ခြင်းမရှိဘဲ လစ်လျူရှုပစ်ပယ်ထားခြင်းများကို မိမိတို့ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါသည်။
၅။ ဤကျူးလွန်မှုများသည် လက်ရှိ မိမိတို့နိုင်ငံ ဦးတည်ဆောင်ရွက်ကြရမည့် ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး ၊ အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး စသည့် နိုင်ငံရေး ရည်မှန်း ချက်များနှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် သွေဖည်နေသည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။
၆။ အကြမ်းဖက်ခံရမှု (၁)နှစ်ပြည့်သည့်နေ့တွင် မိမိတို့ပါတီက
• နိုင်ငံ၏ အနာဂတ်ပညာရေးအတွက် ရဲဝံ့စွာ အရိုက် နှက် အညှဉ်းပမ်းခံ တိုက်ပွဲဝင်ခဲ့ကြသော ဗကသများအဖွဲ့ ချုပ် ရဲဘော်များအပါအဝင် ကျောင်းသူကျောင်းသားများနှင့် ဝန်းရံပြည်သူများကို လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
• မတ်လ ၁၀ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးအတွက် တာဝန်ရှိသူအဆင့်ဆင့်ကို မိမိတို့ပါတီက အပြင်း အထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး၊ ၎င်း တာဝန်ရှိသူများအား ဖော်ထုတ်၊အရေးယူရန်နှင့် ဖမ်းဆီး ညှဉ်းပမ်းခံ နေကြရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အလေးအနက် တောင်းဆိုပါသည်။

• လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲရလဒ်နှင့် ကတိကဝတ်များကို လေးစားလိုက်နာလျက် အမြန်ဆုံး အကောင် အထည် ဖော်ဆောင်ပေးပါရန် တာဝန်ရှိသော အာဏာပိုင်များအား အလေးအနက် တိုက်တွန်း တောင်းဆိုပါသည်။
• မိမိတို့ပါတီအနေဖြင့် နိုင်ငံ၏ အနာဂတ်အတွက် ခေတ်မီ ဆီလျော်၍၊ ပြည်သူအများ လိုအပ်ချက်နှင့် ကိုက်ညီ သော ဒီမိုကရေစီပညာရေးစနစ်သစ်တရပ် အောင်အောင်မြင်မြင် ပေါ်ပေါက်လာသည်အထိ ညီနောင် ဗကသများ
အဖွဲ့ ချုပ်နှင့် NNER အပါအဝင် ကျောင်းသား ပြည်သူများ၊ လူမှုအဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းလက်တွဲ
ကာ ကျရာအခန်းမှ တက်ကြွစွာ ထမ်းရွက်သွားမည်ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ ကတိသစ္စာ ပြုအပ်ပါ သည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မတ်လ၊ ၁၀ ရက်။

Continue Reading

(၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ

၁။ ကယန်းပြည်သူတို့၏ အမျိုးသားပေါင်းစည်းမှု အောင်မြင်ခြင်းအမှတ်အသားဖြစ်သည့် ကယန်းအမျိုးသားနေ့ အခါ သမယတွင် မိမိတို့ပါတီက ဤဂုဏ်ပြုသဝဏ်လွှာဖြင့် ကယန်းအမျိုးသားထုတရပ်လုံးကို နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။

၂။ ကယန်းအမျိုးသားပြည်သူတို့ သမိုင်းတလျှောက် စွဲမြဲခိုင်မာစွာ ကိုင်စွဲခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စံနစ် အကုန်အစင် ဖျက်သိမ်းရေး စသည့် ရပ်တည် ချက်များကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ပြည့်ပြည့်ဝဝ ထောက်ခံပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။

၃။ ရှေ့ အနာဂတ်ကာလများတွင်လည်း မပြီးပြတ်နိုင်သေးသည့် လူမျိုးစုံအမျိုးသားပြည်သူတို့ လွတ်မြောက်ရေး၊ ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ် ပြည် ထောင်စုကြီး တည်ဆောက်ရေး စသည့် တာဝန်များ ပြီးပြတ်အောင်မြင်သည်ထိ မိမိတို့ပါတီသည် ကယန်းအမျိုးသားပြည်သူ တို့နှင့် အခိုင် အမာ သွေးစည်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ချစ်ကြည်စွာ ဖော်ပြလျက် ဤ သဝဏ်လွှာကို ပေးပို့ ဂုဏ်ပြု အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ၊ (၁၀) ရက်။

Continue Reading

ဗိုလ်အောင်ကျော် နှစ်(၁၀ဝ)ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ


၁။ ၁၃၀၀ ပြည့် အရေးတော်ပုံသူရဲကောင်း၊ ကျောင်းသားအာဇာနည် ရဲဘော် ဗိုလ်အောင်ကျော်၏ နှစ်(၁၀၀)ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူ၊ ဝမ်းမြောက်စွာ သဝဏ်လွှာ ပေးပို့အပ်ပါသည်။
၂။ ဤ သူရဲကောင်းအာဇာနည်သည် မိမိတို့သမိုင်း၏ နယ်ချဲ့ ဖက်ဆစ် ဆန့်ကျင်ရေး၊ အဖိနှိပ်ခံ အမျိုးသားပြည်သူတို့ လွတ် မြောက်ရေး၊ ကိုလိုနီ ကျွန်ပညာကို ဖျက်သိမ်းလျက် လွတ်လပ်သော အမျိုးသားပညာရေးစံနစ် ထူထောင်ရေး၊ ဗိုလ်ကျစိုးမိုးသည့် အာဏာကို အာခံတော်လှန်ရေး စသည်တို့အတွက် ဂုဏ်ပြောင်သော အထိမ်းအမှတ်၊ မော်ကွန်း တစ်ရပ်ပင် ဖြစ်သည်။
၃။ အဖိနှိပ်ခံ အမျိုးသားပြည်သူတို့ လွတ်မြောက်ရေးတိုက်ပွဲ၏ အခန်းဆက်အဖြစ် မြန်မာပြည်သူများ ဆင်နွှဲလျက်ရှိကြသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်သော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အရေးတော်ပုံ သည် ယနေ့တိုင် ဆုံးခန်းမတိုင်၊ မအောင်မြင်နိုင်သေးဘဲ အကြပ်အတည်းပေါင်းစုံကို အံတု၊ ရုန်းကန်နေကြရဆဲ ဖြစ်ပေသည်။
၎။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုကြီးနှင့် အခိုင်အမာ လက်တွဲလျက် ဤ အရေးတော်ပုံကြီး ဆုံးခန်းတိုင်၊ အောင်မြင်သည်အထိ ကျရာအခန်းကဏ္ဍမှ တတပ်တအား ပါဝင် တာဝန်ထမ်းရွက်မည် ဟု အာဇာနည် ရဲဘော် ဗိုလ်အောင်ကျော်၏ နှစ်(၁၀၀)ပြည့် နေ့မြတ် အခါသမယတွင် ကတိဓိဋ္ဌာန် ပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ ရက်။

Continue Reading

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၆)နှစ်မြောက် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

ယနေ့ကာလ မိမိတို့တိုင်းပြည်သည် အမျိုးသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ဟူသော အရေးကြီးလှသည့် နိုင်ငံရေးဖြစ်စဉ်ကို ရင်ဆိုင်၊ ဖြတ်သန်းနေကြရပေသည်။ ဤ အရေးကြီးလှသည့် ဖြစ်စဉ်အတွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီအား ချောချောမွေ့မွေ့ အာဏာ လွှဲအပ်ရေး၊ တမျိုးသားလုံးဆိုင်ရာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာပွဲကြီး စစ်စစ်မှန်မှန်ကျင်းပနိုင်ရေး၊ လူထုအကျိုးနှင့် လည်းကောင်း ဒီမိုကရေစီစံနှုန်းနှင့်လည်းကောင်း သွေဖီခြားနားနေသော ၂၀၀၈ အခြေခံဥပဒေအစား ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုသစ်ကို အာမခံနိုင်သည့် အခြေခံဥပဒေသစ်တစ်ရပ်ကို လူထုဆန္ဒနှင့်အညီ ပြောင်းလဲ အစားထိုးနိုင်ရေး၊ ပြည်တွင်းစစ်မီးကို သက်ဆိုးရှည်စေမည့် လူမျိုးစုများအပေါ် တိုက်ခိုက်နေသည့်ထိုးစစ်များ ခြွင်းချက်မရှိရပ်ဆိုင်းပစ်ရေး၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ လူမျိုးစုံပြည်သူလူထုကြီးအပေါ် နည်းသဏ္ဌာန်ပေါင်းစုံဖြင့် ဖိနှိပ်ချုပ်ချယ်နေသည့် ဥပဒေ များ၊ အပြုအမူများအားလုံး ခြွင်းချက်မရှိ ရပ်ဆိုင်းဖျက်သိမ်းရေး စသည့် နိုင်ငံရေးတာဝန်များကို မဖြစ်မနေ အကောင်အထည် ဖော်ကြရလိမ့်မည် ဖြစ်ပေသည်။

Continue Reading

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ၇ ဇူလိုင်အရေးတော်ပုံသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇)ရက် တွင်၊ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကောက်ကျစ်မှုကို သွေးမြေ ကျခံလျက် ဖော်ထုတ်၊ ဖွင့်ချနိုင်ခဲ့သည်။

၂။ လွန်ခဲ့သော (၅၃) နှစ်က ဤယနေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုသည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်ခဲ့သည့် အစဉ်အလာကောင်းကို ဆက်ခံ၊တိုးချဲ့၍ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတပ်ဦးတွင် ထပ်မံ မော်ကွန်း တင်နိုင်ခဲ့ပေသည်။

၃။ သမိုင်းစဉ်အတွင်း မှားယွင်း၊ တာဝန်မဲ့မှုများနှင့် မှန်ကန်၊ရဲရင့်သော တိုက်ပွဲအစဉ်အလာများကို မမေ့မလျော့ခြင်းသည် အာဃာတ နှင့် အမုန်းတရားများကို ဖော်ထုတ်ခြင်း မဟုတ်ဘဲ၊ လွတ်လပ်သော တန်းတူသော သွေးစည်းချစ်ကြည်သော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် ကျွန်ုပ်တို့ ဆက်လက် အားထုတ်၊ကြိုးပမ်းကြရမည့် လုပ်ငန်းစဉ်များကို ဓမ္မဓိဋ္ဌာန်ကျကျ မှန်ကန်စွာ ရွေးချယ်နိုင်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်မှုပင် ဖြစ်ပေသည်။

၎။ ကျွန်ုပ်တို့ ပါတီအနေဖြင့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ကြီး ထူ ထောင်နိုင်သည်အထိ ၇ ဇူလိုင် စိတ်ဓာတ်နှင့် အစဉ်အလာတို့ကို ဆက်ခံ၊ကိုင်စွဲလျက် လူမျိုးစုံ မြန်မာပြည်သူလူထုကြီးနှင့် အတူ ဆက် လက် အားထုတ်၊ကြိုးပမ်းသွားကြမည်ဟု လေးနက်စွာ အဓိဋ္ဌာန်လျက် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်။
၁၃၇၇ ခု၊ ပထမ ဝါဆို၊ လဆုတ် ၆ ရက်။

Continue Reading

ဆရာကြီး ဒဂုန်တာရာ (၉၆)နှစ် ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ငြိမ်းချမ်းရေးစာဆိုကြီး ဆရာဒဂုန်တာရာ၏ (၉၆)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက ဂုဏ်ယူ ဝမ်းမြောက်စွာ သဝဏ်လွှာပေးပို့ပါသည်။

၂။ ဆရာကြီး၏တသက်တာမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် အဖိနှိပ်ခံ ဆင်းရဲ သား ပြည်သူတို့ လွတ်မြောက်ရေးကို စာပေအနုပညာအားဖြင့် ရပ်ခံ၊ အားထုတ်ခဲ့သော တသက်တာ ဖြစ်ပေသည်။

၃။ ဆရာကြီးသည် ကွယ်လွန်ခဲ့သည့်တိုင် မမေ့မလျော့အပ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အမှတ်တရ အထိမ်းအမှတ် ပြုကြခြင်းမှာ ယနေ့ကာလ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေးတို့ကို အရေးတကြီး တည်ဆောက်ကြရမည့် နိုင်ငံတော်၏လက်ငင်းအခြေအနေနှင့်လည်းကောင်း၊ သမိုင်းရေးလိုအပ်ချက်နှင့်လည်းကောင်း အထူးဆီလျော် သင့်မြတ်၍ ဂုဏ်ယူကြိုဆိုထိုက်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

၎။ မိမိတို့ပါတီသည် နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သော ငြိမ်းချမ်း၊ ညီညွတ်၊ လွတ်လပ်၍ တန်းတူသည့် ဒီမိုကရက် တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်သည်အထိ ဆရာဒဂုန်တာရာ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် အဖိနှိပ်ခံ ဆင်းရဲသားပြည်သူများ လွတ်မြောက်ရေးတို့ကို လမ်းညွှန်မူများသဖွယ် အခိုင်အမာ ကိုင်စွဲလျက် အားထုတ်ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း လေးနက်စွာ အဓိဋ္ဌာန်ပြှုလျက် ဤဂုဏ်ပြု သဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ မေလ၊ ၁၀ ရက်။

Continue Reading

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၇၉) နှစ်မြောက်နှင့် လက်ပံတန်းအကြမ်းဖက်ခံရမှု နှစ်လပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို သမိုင်းလိုအပ်ချက်အရ ကျောင်းသူကျောင်းသားများကိုယ်တိုင် တည်ထောင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၁၅ ခုနှစ်မေလ (၈) ရက်နေ့တွင် (၇၉) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ (၇၉) နှစ်တာသမိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ် မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုသမိုင်း ဖြစ်သည်။ တနည်းအားဖြင့် လူမျိုးစုံမြန်မာပြည်သူများ ရင် ဆိုင်ကြုံတွေ့နေရသည့် ဒုက္ခခပ်သိမ်းအတွက် ကိုယ်ကျိုးလုံးဝမပါပဲ လူထုရှေ့မှ မားမားမတ်မတ်ရပ်ပြီး လူထုနှင့်အတူ လက်တွဲရုန်း ကန်ခဲ့သည့်၊ ရုန်းကန်နေဆဲဖြစ်သည့် တိုက်ပွဲသမိုင်းလည်း ဖြစ်ပါသည်။

ဒီမိုကရေစီပညာရေးကို အပြည့်အ၀အာမခံသည့် အမျိုးသားပညာရေးဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံ အနှံ့မှ ကျောင်းသူကျောင်းသားများ၏ တောင်းဆိုတိုက်ပွဲဝင်နေမှုများသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အစဉ်အလာကို ရဲရဲဝံ့ဝံ့ ဆက်ခံသယ်ဆောင် ထမ်းရွက်နေကြခြင်း ဖြစ်သည်ဟု မိမိတို့ပါတီက တန်ဖိုးထားပါသည်။

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ မူ (၅) ချက်ကို အပြည့်အ၀ ထောက်ခံပါသည်။
 ကျောင်းသူကျောင်းသားတို့၏ အမျိုးသားပညာရေးဆိုင်ရာတိုက်ပွဲကို အပြည့်အ၀ ထောက်ခံပါသည်။
 အာဏာပိုင်များ၏ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုကို ပြတ်ပြတ်သားသား ရှုတ်ချပါသည်။
 အဖမ်းဆီးခံကျောင်းသူကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် တရားစွဲဆို မှုများ၊ ဖမ်းဝရမ်းထုတ်မှုများကို ဖျက်သိမ်းပေးရန် အာဏာပိုင်များကို အလေးအနက် တောင်းဆိုပါသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအ၀င် တိုက်ပွဲဝင်ကျောင်းသူကျောင်းသားအားလုံးနှင့် အခိုင် အမာ လက်တွဲပြီး ယနေ့ကာလအမျိုးသားနိုင်ငံရေးတာဝန်များကို တက်ကြွစွာထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ဤ သ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ မေလ (၁၀) ရက်

Continue Reading