ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
By Shwe Yee, on December 23rd, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေးကို
၂၀၁၈၊ ဒီဇင်ဘာလ၊ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ပြင်ဦးလွင်မြို့၊ အာရှအလင်းရောင်ဖောင်ဒေးရှင်းခန်းမ၌
ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားခြင်း၊
ဗဟိုစည်းရုံးရေးကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာကို တင်သွင်းခြင်း၊ ဗဟိုစည်းရုံးရေးကော်မတီ၏
လုပ်ငန်းအစီရင်ခံစာတင်သွင်းခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းခြင်း၊ အမျိုးသမီးလုပ်ငန်းကော်မတီအစီရင်ခံစာ တင်သွင်းခြင်း၊ လူ့ဘောင်သစ်လူငယ်အစီရင်ခံစာတို့ကို
တင်သွင်းခဲ့ကြပြီး ကိုယ်စားလှယ်များက အစီရင်ခံစာများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။
အစည်းအဝေး ဒုတိယနေ့တွင် ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး
(၂/၂၀၁၈)က သုံးသပ်တင်ပြသော ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့် မူဝါဒများကို တင်ပြဆွေးနွေး၍
အတည်ပြုခဲ့ကြပါသည်။ စုံညီအစည်းအဝေး လုပ်ထုံးလုပ်နည်းများကို ဝိုင်းဝန်းဆွေးနွေး အတည်ပြုပြီးနောက်
အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ရွေးချယ်တင်မြှောက်ရေးကော်မရှင်ဖွဲ့စည်းကာ ဗဟိုကော်မတီအသစ်ကို
ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။
အစည်းအဝေး အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခံ ဗဟိုကော်မတီအစည်းအဝေး
၁/၂၀၁၈ ၏ ရရှိချက်များ၊ ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြပါသည်။ ထို့နောက် ဗဟိုကော်မတီဝင်များက
ပါတီ၏ သစ္စာဓိဋ္ဌာန် ၅ ချက်ကို ရွတ်ဆို၍ အဓိဋ္ဌာန်ပြုခဲ့ကြပါသည်။ နိုင်ငံရေးဦးတည်ချက် ၅
ရပ်၊ လတ်တလောလုပ်ငန်းစဉ်ကြီး ၃ ရပ် အပါအဝင် ပါတီ၏ အခြေခံမူဝါဒများနှင့် စုံညီအစည်းအဝေး၏
ထုတ်ပြန်ကြေညာချက်တို့ကို သဘာပတိများ၏ ခွင့်ပြုချက်ဖြင့် အတည်ပြုပြီးနောက် အစည်းအဝေး
အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
By Shwe Yee, on December 22nd, 2018
၂၀၁၈၊ ဒီဇင်ဘာလ၊ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်တာ ကျင်းပခဲ့သည့်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး၏
ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။
By Shwe Yee, on December 22nd, 2018
၂၀၁၈၊ ဒီဇင်ဘာ ၁၉ မှ ၂၁ အထိ ပြင်ဦးလွင်မြို့၊
အာရှအလင်းရောင်ဖောင်ဒေးရှင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပထမအကြိမ်
နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေးနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၀၊၂၁၊ ၂၆
ရက်နေ့များတွင် Daily ELEVEN Newspaper ၏ သတင်းဖော်ပြချက်များ
By Shwe Yee, on December 11th, 2018
ဦးသန့်အရေးအခင်း ၄၄ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို
၂၀၁၈၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်
ရွှေတောင်ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ မိတ်ဆွေအင်အားစုများ
တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် ရွှေတိဂုံဘုရားလမ်းရှိ
ဦးသန့်ဂူဗိမာန်သို့ သွားရောက်ပြီး ဂုဏ်ပြုပန်းခြင်းချ၍
အလေးပြုခဲ့ကြပါသည်။
By Shwe Yee, on December 9th, 2018
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ၁၉ နှစ်ပြည့်အခမ်းအနားကို ၂၀၁၈၊
ဒီဇင်ဘာလ၊ ၉ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌
ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအပါအဝင်
မဟာမိတ်အဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။
ပါတီ၏သဝဏ်လွှာကိုလည်း ပေးပို့ဂုဏ်ပြုခဲ့ပါသည်။
By Shwe Yee, on December 9th, 2018
၂၀၁၈၊ ဒီဇင်ဘာလ၊ ၉ ရက်နေ့တွင်ကျရောက်သည့်
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ၁၉ နှစ်ပြည့်အခမ်းအနားသို့
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက
သဝဏ်လွှာပေးပို့ဂုဏ်ပြုခဲ့ပါသည်။
By Shwe Yee, on December 7th, 2018
မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်-SYCB ၏ ဆယ်ကြိမ်မြောက်ညီလာခံကို
၂၀၁၈၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ မြစ်ကြီးနားမြို့တွင်
ကျင်းပလျက်ရှိပါသည်။ ၎င်းညီလာခံသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
အတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ
မအိသဉ္ဇာမောင်တို့ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on August 12th, 2018
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသည့် ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းအားရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမှတ်တရ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ၊ ၁၂ ရက်နေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ပေးပို့လာသည့်သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလ သာကေတမြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။
By DPNS INFORMATION, on August 8th, 2018
ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ၌ ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့လည်းကောင်း၊ ပဲခူးရိုးမအနောက်ခြမ်းနိုင်ငံရေးအင်အားစုများ ကျင်းပသည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားသို့လည်းကောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ကျင်းပသည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းလည်း တက်ရောက်၍ အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပဲခူးတိုင်းအရှေ့ခြမ်းနိုင်ငံရေးအင်အားစုများ စုပေါင်းကျင်းပသည့် ဒီမိုကရေစီမော်ကွန်းကျောက်တိုင်ဖွင့်ပွဲနှင့် ၈၈၈၈ ပြည်သူ့အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားကို ၂၀၁၈ သြဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ ရန်ကင်းသာပန်းခြံ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ မှိုင်း/ ငြိမ်းကွန်ရက် (ရန်ကုန်)၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျခံ အလုပ်သမားဟောင်းကြီးများကွန်ရက်၊ AAPP (B)၊ ပဲခူးတိုင်းအရှေ့ခြမ်း နိုင်ငံရေးအင်အားစုများ၊ CSOs များ၊ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
By Shwe Yee, on January 5th, 2018
အမှတ်(၃)ရပ်ကွက်၊ ရေကြည်မြို့နယ်ရုံးခန်းဖွင့်ပွဲကို ၂၀၁၈ ဒီဇင်ဘာလ ၅ရက်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပ်သည်။ ရုံးခန်းဖွင့်ပွဲသို့ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
Page 23 of 23 « First « ... 10 ... 19 20 21 22 23