ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
By Shwe Yee, on August 10th, 2019
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံရဲ့ ညီညွတ်ရေးပျောက်ဆုံးနေကြောင်း သုံးသပ် (RFA ၏ သတင်းတင်ပြချက်)
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံရဲ့ ညီညွတ်ရေးပျောက်ဆုံးနေကြောင်း သုံးသပ်နေကြ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံရဲ့ ညီညွတ်ရေးပျောက်ဆုံးနေကြောင်း သုံးသပ်နေကြ~~~~~~~~~~~~~~~~~~~ ■ ဒီနေ့သြဂုတ်လ ၈ ရက်နေ့ဟာ တဦးတဖွဲ့က တသွေးတသံတမိန့်နဲ့ အုပ်ချုပ်တဲ့ အာဏာရှင် စနစ်ကိုမလိုချင်တော့ဘူး။ ပြည်သူ့ဆန္ဒတွေကို ဖော်ဆောင်မယ့် ဒီမိုကရေစီစနစ်ကို လိုချင်တယ်လို့ မြန်မာနိုင်ငံသားအားလုံး ထုတ်ဖော်ဆန္ဒပြခဲ့ကြတဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၃၁ နှစ်ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။ဒါကြောင့် လွန်ခဲ့တဲ့ ၃၁ နှစ်ကပေါ်ထွက်လာတဲ့ နိုင်ငံသားအများစုရဲ့ညီညွတ်ရေး အခုအချိန်မှာ ဘယ်လိုရှိနေလဲ။ အသက်ပေါင်းထောင်နဲ့ချီ ပေးဆပ်ခဲ့ရတဲ့ အရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ ပြည့်ပြီလားဆိုတာ ပြန်သုံးသပ်ရမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ “ ရှစ်လေးလုံး ၃၁ နှစ်ပြည့်၊ ခုချိန်မှာ ပြန်သုံးသပ်ကြည့်တော့ တကယ့်ပြည်သူတွေ ရည်မှန်းချက်ရောက်ပြီလားဆိုတော့ မရောက်သေးဘူး။ သို့သော် ကျနော်အထူးပြုပြီးပြောချင်တာက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံက အကျိုးမဲ့တော့ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့မျှော်လင့်သလောက်ကို ဒီအချိန်မှာ မရောက်သေးပေမယ့် တစုံတရာသောအတိုင်းအတာအထိ ရောက်နေပြီ။ သို့သော် ကျနော်တို့ ဆက်ပြီးလျှောက်ဖို့လိုသေးတယ်။ အဲဒီတော့ ဒီနောက်ပိုင်း တည်ဆောက်ရေးကာလ ရောက်သွားတဲ့အခါမှာ ရှစ်လေးလုံးကာလတုန်းက ညီညွတ်တဲ့ပုံစံမျိုး အပြည့်အဝမရနိုင်တာကိုတော့ ကျနော်က တစုံတရာထိလက်ခံတယ်။ သို့သော် တခုတော့ရှိတယ်။ ရှစ်လေးလုံးရဲ့ရည်မှန်းချက်တွေ၊ ယုံကြည်ချက်တွေကတော့ အခုထိအားလုံးမှာ တူနေတယ်လို့ ကျနော်ခံယူတယ်။ အဲ့တော့ ဒီနေရာမှာ ကျနော်တို့ရဲ့ရည်မှန်းချက် ဖြစ်တဲ့ အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး၊ တနည်းအားဖြင့်ဖယ်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စုကို တည်ထောင်ရေးကိစ္စမှာ ကျနော်တို့ဒီမိုကရက်တစ်အင်အားစုတွေက၊ စိတ်ဓာတ်ပိုင်းအရ ဘယ်တော့မှလည်း မကွဲဘူး။သို့သော် လုပ်နည်းလုပ်ဟန်ပိုင်းမှာ မတူတာတွေကို ခွဲလုပ်တဲ့သဘောလို့ မြင်စေချင်တယ်လို့ ကျနော်ပြောချင်တယ်” လို့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် တယောက်လည်း ဖြစ်ခဲ့တဲ့ ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ကိုမင်းဇေယျာက ပြောပါတယ်။အရေးတော်ပုံတုန်းက ညီညွတ်မှုမျိုး အခုအချိန်မှာရှိနေသေးရဲ့လား ဆိုတာကိုတော့ ရှစ်လေးလုံး ကာလက တက္ကသိုလ်ကျောင်းသူတယောက်အဖြစ် ရန်ကုန်မြို့မှာပါဝင်ခဲ့ပြီး၊ ထောင်အကြိမ်ကြိမ် ကျခဲ့သလို လက်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီတဦးဖြစ်တဲ့ မနှင်းနှင်းမွှေး က အခုလိုသုံးသပ်ပါတယ်။“ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးမှာဆိုရင် မဆလစစ်အာဏာရှင်ကို ပြည်သူတရပ်လုံးလှည်းနေ လှေအောင်းမြင်းဇောင်းမကျန် ညီညီညွတ်ညွတ်နဲ့ ဖြုတ်ချနိုင်ခဲ့တယ်။ ဒါပေမယ့် အရေးတော်ပုံရဲ့ ရလဒ်ဖြစ်တဲ့ ဒီနေ့အချိန်မှာ ကျမတို့အဲဒီတုန်းက အတူတကွဆောင်ရွက်ခဲ့တဲ့ အင်အားစုတွေကြား ထဲမှာ အဲဒီအချိန်က စုစည်းညီညွတ်မှုမျိုးရှိနေသေးရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့အခုလက်ရှိမှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက အာဏာရယူထားတာတော့ မှန်တယ်။ သို့သော်လည်း စစ်အာဏာရှင်တွေကနေပြီးတော့ နောက်ကွယ်ကနေ သူတို့လိုချင်တဲ့ အခြေအနေမျိုးကို ကြိုးကိုင် ခြယ်လှယ်နေတယ်ဆိုတဲ့ ခံစားချက်မျိုး ကျမတို့ဆီမှာလည်း ရှိနေကြတယ်။ နောက်တခုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေနဲ့လည်း မဟာမိတ်ပေါ်လစီ တစုံတရာအားနည်းနေတယ်ဆိုတာ ကျမတို့ တွေ့ရတယ်။ ကျမတို့က ရှစ်လေးလုံး နှစ်ဆယ့်ငါးနှစ်ပြည့်ငွေရတုကြေညာချက်မှာလည်း ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး သို့မဟုတ် အသစ်ရေးဆွဲရေးနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့ အင်အားစုအားလုံးပါဝင်တဲ့ ညီလာခံကျင်းပနိုင်ရေးဆိုပြီးတော့ အချက် (၃) ချက်ကိုရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချက်တွေလည်း အောင်မြင်တာမရှိတာကို ကျမတို့တွေ့ရပါတယ်။ ဒီအခြေအနေမှာ ကျမတို့ ဘာကိုသုံးသပ်နိုင်မလဲဆိုရင် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်ချင်တဲ့သူတွေနဲ့ မထူထောင်ချင်တဲ့သူတွေ အားပြိုင်မှုပြင်းထန်လာတယ်ဆိုတာ ကျမတို့ သုံးသပ်မိတယ်။ တဖက်မှာကြည့်ရင်လည်း လူထုရဲ့အခြေခံအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်တွေပေါ့နော်။ နောက်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ခွင့်တွေ၊ သတင်းမီဒီယာတွေရဲ့ လွတ်လွတ်လပ်လပ်သတင်းရယူခွင့်၊ ဖော်ပြခွင့်စတဲ့ ကဏ္ဍအသီးသီးမှာ ကျမတို့ရဲ့ဒီမိုကရေစီဘောင်ဟာ တဖြေးဖြေးနဲ့ ကျဉ်းကျုံ့လာပြီးတော့ စစ်ဘောင်တွေ ကျယ်ပြန့်လာတာကို သိသိသာသာ တွေ့မြင်လာရတဲ့ အခြေအနေမျိုးဖြစ်ပါတယ် ”ရှမ်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ SNLD ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကလည်း ရှစ်လေးလုံးကာလ အတွေးအခေါ်နဲ့ဆိုရင် ညီညွတ်ရေးပြန်တည်ဆောက်နိုင်မယ်လို့ သုံးသပ် ပါတယ်။“ ရှစ်လေးလုံး ၃၁ နှစ်ပြည့်ဖြစ်သွားပြီ။ ကျနော်တို့မျှော်လင့်ချက်က ၂ဝ၁၅ မှာ အောင်ပွဲကို ၇၅ ရာခိုင် နှုန်းလောက်ရပြီလို့ မျှော်မှန်းခဲ့တယ်။ ဒါပေမဲ့အခုလက်တွေ့မှာတော့ အဲဒါမျှော်မှန်းလို့မရဘူး။ ဆိုတော့ ကျနော်ပြောချင်တာက ရှစ်လေးလုံးတော်လှန်ရေးဟာ ဒီနေ့ထိမပြီးပြတ်သေးဘူး။ ဆက်လက်ဆောင် ရွက်ရမယ်လို့ ကျနော်ထင်မိပါတယ်။ အတွေးအခေါ်ပြောင်းလဲရေးတွေလည်း ပြန်လုပ်ရမယ်လို့ ထင်မိပါ တယ်။ ညီညွတ်ရေးက မရှိတော့ဘူးဗျ။ အာဏာမရခင်ကတော့ အားလုံးညီညွတ်ကြတယ်။ လက်တွဲခဲ့ကြတယ်။ အာဏာရလာတဲ့အခါကျတော့ ညီညွတ်ရေးက ပျက်ပြယ်သွားတယ်လို့ ကျနော်ထင်ပါတယ်။ဒါကအဓိကပြဿနာလို့ ကျနော်ထင်ပါတယ်။ နဂို mind-set အတိုင်း ပြန်ပြီးတော့ ရှိမယ်ဆိုရင်တော့ ညီညွတ်ရေးပြန်ရနိုင်တယ်။ အာဏာမရခင် အတူတူဝိုင်းလုပ်ခဲ့ကြတဲ့ အခြေအနေတုန်းက မိုင်းဆက် mind-set ပေါ့နော်။ ဆိုရင်တော့ပြန်ရနိုင်ပါတယ် ညီညွတ်ရေးက ”ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံဖြစ်လာဖို့ ကျောင်းသားနဲ့သံဃာတွေက ရှေ့တန်းကပါဝင်ခဲ့ကြ သလို နိုင်ငံရေးအင်အားစုတွေ၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင်၊ မြန်မာ၊ ကယား၊ ချင်း စတဲ့တိုင်းရင်း သားပေါင်းစုံအပြင်၊ တိုင်းရင်းသားမဟုတ်တဲ့ မြန်မာပြည်ဖွားနိုင်ငံသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် အဲဒီအရေးတော်ပုံဟာ မြန်မာ့သမိုင်းမှာ အညီညွတ်ဆုံးကာလအဖြစ် သတ်မှတ်ခံခဲ့ရပါ တယ်။ ဒါ့အပြင် နိုင်ငံရေး၊ စီးပွားရေးစနစ်တွေအပြောင်းအလဲလုပ်မှ ရတော့မယ်ဆိုတာ စစ်အာဏာရှင်တွေဘက်ကလည်း သိမြင်လာတဲ့အတွက် ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးကို တည်ဆောက်ပါ့မယ်လို့ ကတိတွေပေးခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ခုချိန်ထိ ရည်မှန်းချက် မရောက်နိုင်သေးတဲ့အတွက် နိုင်ငံရေးအင်အားစုတွေရော ပြည်သူတွေမှာပါ အားမလိုအားမရ ဖြစ်နေတာလည်း တွေ့ရပါတယ်။( RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)https://www.rfa.org/burmese/program_2/8888-31st-anniversary-08072019160316.html
Posted by RFA Burmese on Wednesday, 7 August 2019
By Shwe Yee, on August 8th, 2019
၈၊ သြဂုတ်၊ ၂၀၁၉။
ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးတွင် ဘားအံမြို့ပေါ်၌ ဦးဆောင်ပါဝင် လှုပ်ရှားခဲ့သူ R.I.Tကျောင်းသားဟောင်း (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ) ဘားအံမြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ခင် နှင့် ခဏတာတွေ့ဆုံ။ ——————————— ရဲဒင်း ဘားအံ
8.8.2019=August———————ဘားအံရှစ်လေးလုံးလူထု အရေးတော်ပုံကြီးတွင် ဘားအံမြို့ပေါ်၌ ဦးဆောင်ပါဝင် လှုပ်ရှားခဲ့သူ R.I.Tကျောင်းသားဟောင်း (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ) ဘားအံမြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ခင် နှင့် ခဏတာတွေ့ဆုံ။——————————— ရဲဒင်း ဘားအံ
Posted by Ye Dinn on Thursday, 8 August 2019
By Shwe Yee, on August 6th, 2019
သြဂုတ် – ၆ ၊၂၀၁၈
ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း ။
7 Day TV Live ၏ ဖော်ပြချက်။
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အကြို စကားဝိုင်း ရှစ်လေးလုံး အရေးတော်ပုံ ပုလဲရတု အကြို စကားဝိုင်း သြဂုတ် – ၆ ၊၂၀၁၈ လာမယ့် သြဂုတ်လ ၈ ရက်ဆို ဆိုရှယ်လစ် အမည်ခံ တစ်ပါတီ အာဏာရှင်စနစ်နဲ့ ၂၆ နှစ်ကြာ ပြည်သူတွေကို လှောင်အိမ်ထဲထည့် အုပ်ချုပ်ခဲ့တဲ့ စစ် အာဏာရှင်ကို လူထု တစ်ရပ်လုံး အုံကြွတော်လှန်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ရဲ့ နှစ်သုံးဆယ်ပြည့် ပုလဲရတုကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင် နိုင်ငံတွေကို လူထုအုံကြွမှုနဲ့ ဒီမိုကရေစီရရှိဖို့ တော် လှန်ခဲ့ကြတဲ့ ဒီမိုကရေစီ တော်လှန်ရေး တတိယလှိုင်းမှာ မြန်မာနိုင်ငံက အစောဆုံးပါဝင် ခဲ့တာလည်း ဖြစ်ပါတယ်။ဒါပေမယ့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးဟာ ပန်းတိုင်တော့ မရောက်ခဲ့ပါဘူး။ တစ်ပါတီ အာဏာရှင်စနစ် ကျဆုံးသွားခဲ့ပေမယ့် ပါတီမဲ့စစ်အာဏာရှင်ရဲ့ လက်အောက် မှာ နောက်ထပ် ၂၅ နှစ် နေထိုင်ခဲ့ကြရပါတယ်။အာဏာရှင်တွေရဲ့ လက်အောက်မှာ ဘယ်လိုပင် ခါးသီးစွာဖြတ်သန်းခဲ့ရပါစေ ရှစ်လေး လုံး အရေးတော်ပုံကြီးရဲ့ သမိုင်းဟာ ပျောက်ပျက်မသွားခဲ့သလို ရှစ်လေးလုံး အရေး တော်ပုံကြီးကို စတင်ဖောက်ခွဲခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတို့ရဲ့ သမိုင်းကလဲ ဆက် လက်တည်တံ့နေဆဲပါ။
Posted by 7Day TV on Sunday, 5 August 2018
By Shwe Yee, on July 24th, 2019
ဒီအခမ်းအနားမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး
အဲ့ဒီထဲမှာ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ အမျိုးသားကာကွယ်ရေး
တပ်မတော်ကြီးအဖြစ် မိမိတို့နေရာအမှန်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ဖို့
တိုက်တွန်းတောင်းဆိုထားသလို ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျင့်သုံးနေမယ်ဆိုရင်
တိုင်းပြည်ကို ဒုက္ခကံကြမ္မာဆိုး ပေးနေမှာဖြစ်ပြီး မပြင်နိုင်ရင်
အမျိုးသားသွေးကွဲမှုအန္တရာယ်ပါ ရင်ဆိုင်လာရနိုင်တယ်လို့ ပါဝင်ပါတယ်။
ကမာရွတ်သတင်းမီဒီယာ
By Shwe Yee, on June 28th, 2019
■ ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀၀ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။ ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်၊ AA နဲ့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဇင်မာဝင်း က စုစည်းတင်ပြထားပါတယ်။
Photo: Min Thein Aung/ RFA
(ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်)
တပ်မတော် နဲ့ AA တို့ တိုက်ပွဲတွေရပ်တန့်ဖို့ နိုင်ငံတော်သမ္မတဖြေရှင်းပေးဖို့ တောင်းဆို တပ်မတော် နဲ့ AA တို့ တိုက်ပွဲတွေရပ်တန့်ဖို့ နိုင်ငံတော်သမ္မတဖြေရှင်းပေးဖို့ တောင်းဆို~~~~~~~~~~~~~~■ ရခိုင်ပြည်နယ်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲအောင် သမ္မတ ကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အဖွဲ့အစည်း ၁၀၀ ကျော်က မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တောင်းဆိုလိုက်ပါတယ်။ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်၊ AA နဲ့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဇင်မာဝင်း က စုစည်းတင်ပြထားပါတယ်။Photo: Min Thein Aung/ RFA (ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်)
Posted by RFA Burmese on Friday, 28 June 2019
By Shwe Yee, on June 28th, 2019
ရန်ကုန် – ဇွန် ၂၇ “စစ်ပွဲဖြစ်လိုက်တိုင်း သူတို့ သုံးလိုက်တဲ့ အသုံးအနူန်း နောက်ဆက်တွဲ စစ်ဆေးတယ်၊
ဖမ်းဆီးတယ် ရိုက်နှိက်တယ် အကုန်လုံးဟာ ပြည်သူတွေခံရတာက ဒီဟာ ဘယ်သူတွေလဲ
သူတို့ကို နှိပ်စက်တာ ဘယ်သူတွေလဲ ဘယ်သူတွေက အကြမ်းဖက်လဲဆိုတာမျိုး
ပြည်သူတွေက ကျန်တော်တို့ကို မေးလာတယ်”
Local News 27/6/2019 သောင်းကျန်းသူက ဘယ်အဖွဲ့အစည်းလဲဟု ရခိုင်ပြည်သူများ ပြန်လည် မေးခွန်းထုတ်ရန်ကုန် – ဇွန် ၂၇"စစ်ပွဲဖြစ်လိုက်တိုင်း သူတို့ သုံးလိုက်တဲ့ အသုံးအနူန်း နောက်ဆက်တွဲ စစ်ဆေးတယ်၊ ဖမ်းဆီးတယ် ရိုက်နှိက်တယ် အကုန်လုံးဟာ ပြည်သူတွေခံရတာက ဒီဟာ ဘယ်သူတွေလဲ သူတို့ကို နှိပ်စက်တာ ဘယ်သူတွေလဲ ဘယ်သူတွေက အကြမ်းဖက်လဲဆိုတာမျိုး ပြည်သူတွေက ကျန်တော်တို့ကို မေးလာတယ်”ရုပ်သံဖိုင်ကြည့်ရှုရန်-
Posted by Channel FFE on Thursday, 27 June 2019
By Shwe Yee, on June 28th, 2019
——- အကုန်သိ သတင်းဌာန —— AA လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိတွေ့မှုဖြစ်ပွားနေတဲ့ နေရာတွေမှာ အင်တာနက်ဖြတ်တောက်လိုက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အခုလို ပြောခဲ့ပါတယ်။
တည်းဖြတ်- ကျော်ကြားဟိန်း
AA လက်နက်ကိုင်အဖွဲ့ရှိတဲ့နေရာမှာ အင်တာနက်ဖြတ်တောက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ဆို AA လက်နက်ကိုင်အဖွဲ့ရှိတဲ့နေရာမှာ အင်တာနက်ဖြတ်တောက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ဆို——- အကုန်သိ သတင်းဌာန ——AA လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိတွေ့မှုဖြစ်ပွားနေတဲ့ နေရာတွေမှာ အင်တာနက်ဖြတ်တောက်လိုက်တာက အာဏာရှင်စနစ်ဆန်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အခုလို ပြောခဲ့ပါတယ်။တည်းဖြတ်- ကျော်ကြားဟိန်းYoutube >>>https://youtu.be/7dfDnm0tJFU
Posted by AKonThi on Thursday, 27 June 2019
By Shwe Yee, on June 27th, 2019
By Shwe Yee, on June 27th, 2019
ရခိုင်အရေး သမ္မတကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ပေးဖို့ နိုင်ငံရေးအင်အားစုတွေတိုက်တွန်း
၂၇၊ ဇွန်၊ ၂၀၁၉။ Channel B
By Shwe Yee, on June 7th, 2019
ဧရာဝတီ၊ ဇွန် ၆၊ ၂၀၁၉
တပ်မတော်သည် တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး
နယ်ပယ်များ၌ ဆုပ်ကိုင် ပတ်သက်နေမှုများမှ အမြန်ဆုံး ဆုတ်ခွာပြီး
နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး၊ ကာကွယ်ရေး တာဝန်ကို နိုင်ငံတော်
အစိုးရလက်အောက်တွင် ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ရန် အတွက်
နိုင်ငံရေးပါတီများ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂၂ ဖွဲ့က ဇွန် ၂ ရက်နေ့တွင်
သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်၍
ယခုတပတ် Dateline Irrawaddy အစီအစဉ်တွင် ထိုသဘောထား ကြေညာချက်
ပူးပေါင်းထုတ်ပြန်ခဲ့သော အဖွဲ့များထဲမှ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ
(DPNS) မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေး၊ ပြည်ထောင်စု
ရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူများ အဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ
ဦးကြီးမြင့်တို့နှင့်အတူ ဧရာဝတီမြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ က
ဆွေးနွေးထားသည်။
ရိုက်ကူး – ကျော်သူရ ၊ ကျန်ကျောင်း တည်းဖြတ် – ကျော်သူရ
နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်က တပ်မတော် ဆုတ်ခွာမလား Dateline Irrawaddyနိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်က တပ်မတော် ဆုတ်ခွာမလား (ရုပ်/သံ)ဧရာဝတီ၊ ဇွန် ၆၊ ၂၀၁၉တပ်မတော်သည် တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး နယ်ပယ်များ၌ ဆုပ်ကိုင် ပတ်သက်နေမှုများမှ အမြန်ဆုံး ဆုတ်ခွာပြီး နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး၊ ကာကွယ်ရေး တာဝန်ကို နိုင်ငံတော် အစိုးရလက်အောက်တွင် ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ရန် အတွက် နိုင်ငံရေးပါတီများ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂၂ ဖွဲ့က ဇွန် ၂ ရက်နေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ယခုတပတ် Dateline Irrawaddy အစီအစဉ်တွင် ထိုသဘောထား ကြေညာချက် ပူးပေါင်းထုတ်ပြန်ခဲ့သော အဖွဲ့များထဲမှ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေး၊ ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူများ အဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်တို့နှင့်အတူ ဧရာဝတီမြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ က ဆွေးနွေးထားသည်။ရိုက်ကူး – ကျော်သူရ ၊ ကျန်ကျောင်းတည်းဖြတ် – ကျော်သူရ
Posted by The Irrawaddy – Burmese Edition on Thursday, 6 June 2019
Page 3 of 8 « 1 2 3 4 5 ... » Last »