ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ကြိုဆို

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ဆန္ဒပြသဖြင့် မတရား ဖမ်းဆီးချုပ် နှောင်ခံထားရသည့် ကျောင်းသားများ၊ ဝန်းရံပြည်သူများသည် သာယာဝတီ၊ မြင်းခြံနှင့် အင်းစိန်အကျဉ်းထောင်တို့မှ ၈၊ ၄၊ ၂၀၁၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြပါသည်။
ပြန်လည်လွတ်မြောက်လာသူများက ရန်ကုန်မြေသို့ ပြန်ရောက်ရောက်ချင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။
ကျောင်းသားများနှင့် ၀န်ရံပြည်သူများကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေး အဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူများ၊လူထု အခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူများက ဆရာကြီးဂူဗိမာန်မှ တခဲနက် ၀မ်းသာလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်ကြပါသည်။
ထိုနှုတ်ဆက်ပွဲတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ကိုယ်စား ဦးအောင်ထိုက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်ကိုယ်စား ဦးထွန်းဝင်းငြိမ်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ ကြပါသည်။
လွတ်မြောက်လာသူများကိုယ်စား ဗကသများအဖွဲ့ချုပ်မှ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမိုးထက်နေနှင့် မအိသဉ္ဇာ မောင်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြပြီး ည ၁း၀၀ နာရီကျော်တွင် ကြိုဆိုဂုဏ်ပြုပွဲ ပြီးဆုံးခဲ့ပါသည်။

Continue Reading

တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးပြုလုပ်

၂၀၁၆၊ ဧပြီလ ၄ ရက်နေ့က ပါတီဌာန ချုပ်ရုံး၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာ ကော်မတီက တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဝင်ရဲဘော်များက မိမိတို့ဒေသအသီးသီးတွင် ကြုံတွေ့နေရသော လယ်ယာမြေပြဿနာများ၊ တောင်သူလယ်သမားတို့၏ အခက်အခဲနှင့် အခြေအနေများကို တင်ပြဆွေးနွေးကြပြီး ကော်မတီအနေဖြင့် ဆောင်ရွက်ကြရမည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိအောင် ဆောင်ရွက်ရေး၊ ပုံစံ (၇) ရရှိရန်အတွက် လယ်သမားများကို အကူအညီပေးရေး၊ လယ်သမားများ၏ အရည်အချင်းနှင့် ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးရေးနှင့် တောင်သူလယ်သမားများ၏ ဒေသအလိုက်သမဂ္ဂများ ဖွဲ့စည်းရာတွင် ဝန်းရံကူညီရေး စသည့် လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဋ္ဌာနချုပ်မှ အတွင်းရေးမှူးအဖွဲ့နှင့် တောင်သူလယ်သမားရေးရာ ကော်မတီတာဝန်ခံများက ဆွေးနွေးပွဲ ရရှိချက်များအပေါ် […]

Continue Reading

ရဲဘော်မင်းနိုင် ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကျွေးအလှူဒါန

ရဲဘော်မင်းနိုင် ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကျွေးအလှူဒါနကို ၂-၇-၂၀၁၆ ရက်နေ့က ကရင်ပြည်နယ်။ ဘားအံမြို့ ရဲဘော်မင်းနိုင်၏ မိသားစုနေအိမ်နှင့် ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်း ၃၅ ရပ်ကွက်ရှိ ရဲဘော်မင်းနိုင်၏ မိဘနေအိမ်တို့တွင် ပြုလုပ်ခဲ့ကြပါသည်။
ရန်ကုန်အိမ်သို့ ပါတီဋ္ဌာနချုပ်မှ အတွင်းရေးမှူး(၁) ဦးသီဟနှင့်အဖွဲ့ သွားရောက်ကူညီခဲ့ကြပြီး ဘားအံမြို့ မိသားစု နေအိမ်သို့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ၀င် ဦးတိုးတိုးထွန်းနှင့် ဈာပနကော်မတီဝင်များ သွားရောက် ၀ိုင်းဝန်းခဲ့ကြပါသည်။
နော်ဝေ၊ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာရောက် ရဲဘော်မင်းနိုင်၏ ရဲဘော်မိတ်ဆွေများထံမှ ပေးပို့လှူဒါန်း ထားသည့် အလှူငွေများကိုလည်း ဈာပနကော်မတီကိုယ်စား ဒေါ်နှင်းနှင်းမွှေးက မိသားစုလက်ဝယ်အရောက် စာရင်း နှင့်တကွ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
ဘားအံရောက် ဋ္ဌာနချုပ်ရဲဘော်များသည် မိသားစုကို နွေးထွေးစွာ အားပေးနှစ်သိမ့်ပေးခဲ့ကြပြီး ၃။၇၊၂၀၁၆ ရက် နေ့ ညနေတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

Continue Reading

ဘားအံမြို့နယ် စည်းရုံးရေးကော်မတီနှင့် ဋ္ဌာနချုပ်ရဲဘော်များ တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုစည်းရုံရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ဘားအံမြို့နယ်စည်းရုံးရေးကော်မတီနှင့် ၁၄- ၃- ၁၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ဘားအံတွေ့ဆုံမှုတွင် ဗဟိုစည်းရုံရေးကော်မတီဝင် ဦးမင်းနိုင်၊ ဘားအံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင် အပါအဝင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များက ဘာအံမြို့နယ်စည်းရုံးရေးအခြေအနေများ၊ ကရင်ပြည်နယ်အတွင်း အခြားမြို့နယ်များ၏ စည်းရုံးရေးအခြေအနေများကို တင်ပြကြသည်။ ဖမ်းဆီးထိမ်းသိမ်းခံထားရသော ရဲဘော်ဇော်ရဲထက်၏ အမှုဖြစ်စဉ်များနှင့် အခြေအနေတို့ကိုလည်း တင်ပြကြပါသည်။ ပါတီဥက္ကဋ္ဌနှင့် ဦးတိုးတိုးထွန်းတို့ကလည်း လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခြေအနေများ၊ ပါတီမှ ထိုအခြေအနေသစ်များအပေါ် ထားရှိသည့် သဘောထားများ၊ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ပြင်ဆင်ထားသင့်သည်များကို ဆွေးနွေးခဲ့ကြသည်။   သတင္းဓါတ္ပံု

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ စုဆုံပွဲတွင် ပါဝင်ဆွေးနွေး

၂၀၁၆၊ မတ်လ ၂၂ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ စုဆုံပွဲတရပ်ကို ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ စုဆုံပွဲသို့ ရန်ကုန်၊ မန္တလေး၊ ပဲခူးခရိုင်၊ မြင်းခြံခရိုင်၊ မုံရွာခရိုင်၊ ပခုက္ကူခရိုင်တို့မှ ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်ခရိုင်ကွန်ရက်မှာမူ ရွှေတောင်မြို့ ဝါးလည်ရွာတွင် ကျင်းပမည့် နှစ် (၁၄၀) ပြည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း မွေးနေ့ အခမ်းအနားကို ဦးဆောင် ကျင်းပရမည့်တာဝန်နှင့် အလုပ်များနေသည့်အတွက် ဤစုဆုံပွဲသို့ မတက်ရောက်နိုင်ခဲ့ပါ။ ပါတီသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တွင် အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်ပါသည်။ ကွန်ရက်တွင် ပါတီမှ ကိုယ် စားလှယ်၂ ဦး ပါဝင်ပြီး ယခုစုဆုံပွဲတွင် ပါတီကိုယ်စားလှယ် ဒေါ်နှင်းနှင်းမွှေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။ စုဆုံပွဲတွင် ကွန်ရက်အသီးသီးက မိမိတို့ဒေသများတွင် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများကို တင်ပြခဲ့ကြပြီး ဆရာကြီး၏ […]

Continue Reading

တောင်သူလယ်သမားရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တောင်သူလယ်သမားရေးရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ပါသည်။ တောင်သူလယ်သမားရေးနှင့် မြေယာကိစ္စရပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ကြခြင်းဖြစ်သည်။ ကော်မတီအစည်းအဝေးကို ပါတီဋ္ဌာနချုပ်အတွင်းရေးမှူး(၁) ဦးသီဟထွဋ်ခင်နှင့် တောင်သူလယ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးသန့်စင်၊ ဒုတိယတာဝန်ခံ ဦးကျော်မိုးလှိုင်တို့က ဦးဆောင်ဆွေးနွေးပေးပြီး အသေးစိပ် လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ တောင်သူလယ်သမားအရေးနှင့် မြေယာပြဿနာများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ ထပ်မံကြုံတွေ့လာနိုင်သော အခက်အခဲများကို အကျယ်အပြန့် ဆွေးနွေးကြသည်။ တောင်သူလယ်သမားရေးရာကော်မတီက ချမှတ်ထားသော ၂၀၁၆ခုနှစ် လုပ်ငန်းစဉ် (၁၁) ရပ်အပေါ် မူတည်၍ လက်တွေ့ဆောင်ရွက်ကြရမည့် အသေးစိပ်လုပ်ငန်းစဉ်များကို ဒေသများအလိုက် ရေးဆွဲကြရန်နှင့် လာမည့်ဧပြီလ ၄ ရက်၊ ၅ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးတွင် […]

Continue Reading

တောင်သူလယ်သမားရေးနှင့် မြေယာကိစ္စရပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတရပ် ပြုလုပ်ကျင်းပ

၂၀၁၆ခုနှစ် မတ်လ ၁၆ရက်၊ ၁၇ ရက်နေ့များတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ တောင်သူလယ်သမားရေးနှင့် မြေယာကိစ္စရပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေး ကော်မတီဝင်များ၊ ဒေသအသီးသီးတွင် တောင်သူလယ်သမားအရေး ဆောင်ရွက်နေသည့် ပါတီဝင်ရဲဘော်များနှင့် ဖိလစ်ပိုင်နိုင်ငံမှ Active Citizenship Foundation (ACF) ၏ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Mrs. Mary Claire နှင့် Mr. Arnold တို့က ဖိလစ်ပိုင်နိုင်ငံ၏ မြေယာသမိုင်းကြောင်း၊ တောင်သူလယ်သမားများနှင့် မြေယာပိုင်ဆိုင်မှု ပြဿနာများ၊ အစိုးရ၏ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လက်တွေ့ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက […]

Continue Reading

ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွဲခံရမှု တစ်နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

၁၀- ၃- ၂၀၁၆ ရက်နေ့ နံနက် ၁၀:၁၀ နာရီက လက်ပံတန်းမြို့ရှိ အောင်မြေဗိမာန်ကျောင်းတိုက်၌ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှု တစ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ အနယ်နယ် အရပ်ရပ်ရှိ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်များ၊နိုင်ငံရေးပါတီများ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ဝန်းရံပြည်သူများ တက်ရောက်ခဲ့ကြသည်။ ပါတီသည် အမျိုးသားပညာရေးဥပဒေတရပ် အခိုင်အမာ ထွက်ပေါ်လာရေး လှုပ်ရှားမှု တလျောက်လုံးတွင် တက်ကြွစွာ ပါဝင်ခဲ့သလို ကျောင်းသားများနှင့် ဝန်းရံပြည်သူများအပေါ် အကြမ်းဖက်ခြင်း၊ တရားမဲ့စွာ တရားစွဲဆိုနေခြင်းများအပေါ်  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။ တစ်နှစ်ပြည့်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ ပြည်ခရိုင်မှ ပါတီဝင်ရဲဘော်များ၊ ပြည်ခရိုင် လူ့ဘောင်သစ်လူငယ်များ စုံစုံညီညီဖြင့် အလေးထားစွာ တက်ရောက်ခဲ့ကြသည်။ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)အဖွဲ့ဝင်များ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) […]

Continue Reading

ဖယ်ဒရယ်စနစ်နှင့် ကိုက်ညီသော ပညာရေးစနစ်ဖြစ်ပေါ်လာရေး ဆွေးနွေး

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့၏ တွေ့ဆုံသည့်ပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရုံး၌ ၉-၃-၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပါတီမှ ဒေါ်နှင်းနှင်းမွှေးတက်ရောက်ခဲ့ပါသည်။ပါတီသည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ကို စတင်တည်ထောင်စဉ်မှပင် ယနေ့ထိတိုင် အဖွဲ့ဝင်အဖွဲ့အစည်းတရပ်အနေနှင့် အမျိုးသားပညာရေးမူဝါဒနှင့် အမျိုးသားပညာရေးဥပဒေတရပ် ပေါ်ပေါက်လာရေးအတွက် အားစိုက် ဆောင်ရွက်ခဲ့ပါသည်။ ယခုတွေ့ဆုံပွဲတွင် ဖယ်ဒရယ်စနစ်နှင့် ကိုက်ညီသော ပညာရေးစနစ်ဖြစ်ပေါ်လာရေး၊ ကျောင်းများ၏ စီမံခန့်ခွဲပိုင်ခွင့်နှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးစသည့်ကိစ္စရပ်များကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါသည်။ သတင္းဓါတ္ပံု

Continue Reading

မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အားကောင်းလာရေး ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေး

၂၀၁၆၊ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အားကောင်းလာရေး နှစ်ရက်တာ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို Danish Institute for Parties and Democracy(DIPD) နှင့် ဖန်တီးအိမ်(Women Political Action- 2015)တို့ကပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။ ထိုဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ ဒုတိယမြောက်နေ့တွင် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများအားကောင်းလာစေရေးအတွက် ပါတီတွင်း တန်းတူရေး ဖော်ဆောင်နိုင်သည့် အခြေအနေများနှင့် နိုင်ငံရေးပတ်ဝန်းကျင်ရှိ အမျိုးသမီးများပါဝင်မှု အခြေအနေများကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆွေးနွေးတင်ပြခဲ့ပါသည်။ ပါတီအနေဖြင့် ပါတီ၏နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်းကောင်း၊ ပါတီ၏ […]

Continue Reading