ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on April 7th, 2017
By DPNS INFORMATION, on April 2nd, 2017 ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ ပညာရေးမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ၂၊၄၊၁၇ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗကသများအဖွဲ့ချုပ်၊ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ၊ မြိတ်ခရိုင်တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ၊ LGBT၊ အလွတ်ပညာသင်ကျောင်းဆရာများ၊ မြန်မာနိုင်ငံ ဆရာ ဆရာမများအဖွဲ့ချုပ်၊ ၈၈ – ငြိမ်း/ပွင့်၊ တောင်သူများသမဂ္ဂ၊ ဘကကျောင်းဆရာများ၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို စိတ်ပါဝင်စားသော ဒေသခံများနှင့် ပညာရေးဝန်ထမ်းဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ နံနက်ပိုင်းတွင် NNER ၏ ပညာရေးမူဝါဒများကို ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးက အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြ၍ တနင်္သာရီတိုင်းဒေသကြီး NNER ကွန်ရက်အား ဖွဲ့စည်းခဲ့ကြပါသည်။
By DPNS INFORMATION, on April 1st, 2017 ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ ပညာရေးမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို မြိတ်မြို့တွင် ၁၊၄၊၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် NNER လုပ်ငန်းအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ်၊ ထားဝယ်ကျောင်းသားသမဂ္ဂ၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို စိတ်ပါဝင်စားသော ဒေသခံများနှင့် ပညာရေးဝန်ထမ်းဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on April 1st, 2017 ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၅)ကို ပါတီတွင်းကန့်သတ်အဖြစ် အခမဲ့ဖြန့်ဝေလိုက်ပါသည်။
စာစဉ်ရယူရန် ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၅)

By DPNS INFORMATION, on March 29th, 2017 NNER(ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆွေးနွေးပွဲ ဒုတိယနေ့ကို ၂၉၊၃၊၁၇ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လု့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အပါအဝင် NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ နာယကများ၊ ဗကသများအဖွဲ့ချုပ်၊ တိုင်းရင်းသားကျောင်းသားသမဂ္ဂများ၊ ပညာရေးအပြောင်းအလဲကို စိတ်ပါဝင်စားသည့် ဒေသခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ နံနက်ပိုင်း၌ ဒေါက်တာအာကာမိုးသူက အဖွင့်အမှာစကား ပြောကြားပေးပြီးနောက် “လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် အနာဂတ်ပညာရေး အလားအလာ” ခေါင်းစဉ်ဖြင့် ဒေါက်တာသန့်လွင်မောင်(ကိုတာ)၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါက်တာကျော်သူ၊ ဦးမြင့်ဇော်တို့က တင်ပြဆွေးနွေးပေးခဲ့ကြသည်။ ညနေပိုင်း၌ မေလပထမပတ်၊ မော်လမြိုင်မြို့တွင် ကျင်းပမည့် NNER တတိယအကြိမ်မြောက် ညီလာခံအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
By DPNS INFORMATION, on March 28th, 2017 NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆွေးနွေးပွဲ ပထမနေ့ကို ၂၈၊၃၊၁၇ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ NNER ကိုယ်စားလှယ်များ၊ လုပ်ငန်းကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ နာယကများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသည့် ပြည်နယ်နှင့်တိုင်းကိုယ်စားလှယ်များ၊ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက မိမိတို့ဒေသအသီးသီးတွင် ဆောင်ရွက်ထားရှိချက်များ၊ ဒေသအခြေအနေများ၊ အတွင်းရေးမှူးအဖွဲ့ အစီရင်ခံစာတို့ကို တင်ပြအစီရင်ခံခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on March 26th, 2017
By DPNS INFORMATION, on March 26th, 2017
By DPNS INFORMATION, on March 25th, 2017
By DPNS INFORMATION, on March 24th, 2017
|