DPNS ဥက္ကဋ္ဌနှင့် YNS တို့ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထားများကို ဆွေးနွေးဖလှယ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် ၂၀၁၇၊ ဒီဇင်္ဘာ ၉ ရက်နေ့နံနက်ပိုင်းတွင် လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(YES) ကျောင်းသူကျောင်းသားများနှင့် လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

Continue Reading

DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ်(၂)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇ ဒီဇင်ဘာလ ၈ ရက်နေ့ည ၇း၀၀ နာရီမှ ၉း၀၀ နာရီအထိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဝါးစိမ်းတောင်စီမံကိန်းနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားရပ်တည်ချက်ကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးခွန်းများကို အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ သပြေအေးကျေးရွာရှိ လူငယ်များ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့သည်။

Continue Reading

DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ်(၁)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်း တို့ပါဝင်သည့်အဖွဲ့သည် ၂၀၁၇ ဒီဇင်ဘာလ ၇ ရက်နေ့ည ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းကြောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်း၊ ယနေ့လူငယ်များ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာလူငယ်များနှင့် ဆက်စပ်ဆောင်ရွက်နေသည့် အခြေအနေများ အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍ၊ လယ်ယာမြေဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တာဝကျေးရွာရှိ လူငယ်များ၊ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ရန်ကင်းအထည်ချုပ်စက်ရုံ၊ အလုပ်သမားသပိတ်ကိုဝန်းရံ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံ(၁)၊ အမှတ်-၁၃၇ ရှိ ရန်ကင်းအထည်ချုပ်စက်ရုံတွင် အလုပ်သမား ၄၀၀ ကျော်က ၂၈-၁၁-၂၀၁၇ ရက်နေ့မှစတင်၍ သပိတ်တိုက်ပွဲဆင်နွှဲလျက်ရှိရာ စတုတ္ထမြောက်နေ့ဖြစ်သည့် ၁-၁၂-၂၀၁၇ နေ့အထိ ပြေလည်မှု မရရှိသေးပါ။ အလုပ်သမားများ၏ တောင်းဆိုချက်(၉) ချက်ရှိသည့်အနက် လုပ်သက်နှစ်ကြေး တစ်နှစ်လျှင် (၂၀၀၀၀)ကျပ်ပေးရန် ဆိုသည့်အချက်ကို အလုပ်သမားများက ၈၀၀၀ ကျပ်အထိ လျှော့ချပေးခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ပြေလည်အောင်ညှိနှိုင်းပေးခြင်း မရှိသေးပါ။ အလုပ်သမားများက တောင်းဆိုချက်များရရှိသည်ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အလုပ်သမားအခွင့်အရေးသပိတ်တိုက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဗကသများအဖွဲ့ချုပ်၊ ဗမာနိင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ရဲဘော်များ သွားရောက်အားပေး ဟောပြော ဝိုင်းရံခဲ့ကြပါသည်။ အလှူငွေလည်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

Continue Reading

ရန်ကင်းအထည်ချုပ်စက်ရုံ၊ အလုပ်သမားသပိတ်ကိုဝန်းရံ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံ(၁)၊ အမှတ်-၁၃၇ ရှိ ရန်ကင်းအထည်ချုပ်စက်ရုံတွင် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်အဆင်မပြေမှုများ ဖြစ်ပေါ်နေပြီး ၂၈-၁၁-၂၀၁၇ ရက်နေ့မှစတင်၍ အလုပ်သမားများက တောင်းဆိုတိုက်ပွဲဝင်လျက် ရှိပါသည်။ အလုပ်ရှင်ဘက်မှ အလုပ်သမားများတောင်းဆိုချက်(၉) ချက်ရှိသည့်အနက်
– လုပ်သက်နှစ်ကြေး တစ်နှစ်လျှင် (၂၀၀၀၀)ကျပ်ပေးရန်
– လက်ရှိပေးပြီးသား အဆောင်နေဝန်ထမ်းများအား အတွင်း(သို့)အပြင် ပြန်လည်နေရာ အတည်တကျပေးရန်
ဆိုသည့်အချက်များကို မလိုက်လျောဘဲ စက်ရုံပိတ်ပစ်မည် လျော်ကြေးပေးပြီး အကုန်အလုပ်ဖြုတ်ပစ်မည်ဟု ဥပဒေမဲ့ပြောဆိုသဖြင့် တောင်းဆိုချက်များရရှိသည်ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါအလုပ်သမားတိုက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဗကသများအဖွဲ့ချုပ်၊ ဗမာနိင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ရဲဘော်များ သွားရောက်အားပေး ဟောပြော ဝိုင်းရံခဲ့ကြပါသည်။

Continue Reading

DPNS ပါတီတည်ဆောက်ရေးမဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(တတိယနေ့)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေး မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(တတိယနေ့)ကို ၂၀၁၇၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့်ရဲဘော်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ဆွေးနွေးပွဲဒုတိယနေ့ ရရှိချက်များအား ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအချိန်ဇယားကို ညှိနှိုင်းရေးဆွဲခဲ့ကြပါသည်။

Continue Reading

DPNS ပါတီတည်ဆောက်ရေးမဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယနေ့)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေး မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယနေ့)ကို ၂၀၁၇ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ဆွေးနွေးပွဲပထမနေ့ ရရှိချက်များအား ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပါတီတည်ဆောက်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အုပ်စုခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

DPNS ပါတီတည်ဆောက်ရေးမဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ (ပထမနေ့)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေး မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)ကို ၂၀၁၇ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားရာတွင် ပါတီတည်ဆောက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ပါသည်။ အတွင်းရေးမှူး(၁)ဦးသီဟက ၂၀၁၇ ခုနှစ်အတွင်း ပါတီတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားသာချက်များ၊ အားနည်းချက်များကို တင်ပြပေးခဲ့ပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ ရရှိချက်များအား ပြန်လည်သုံးသပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသည့်ရဲဘော်များက ပါတီတည်ဆောက်ရေးအတွက် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ၊ အားသာချက်များ၊ အားနည်းချက်များကို အုပ်စုအလိုက် ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ ဒုတိယအကြိမ်ဆွေးနွေးပွဲသို့တက်ရောက်

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၂၀၁၇ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကျောင်းသားမျိုးဆက်အသီးသီးက ကျောင်းသားမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ သဘောထားများကို တင်ပြခဲ့ကြပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သတ်မှတ်ချက်များကိုလည်း လက်ရှိကျောင်းသားသမဂ္ဂများက အချက်အလက်များဖြင့် တင်ပြခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးပွဲဖိတ်ကြားရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ကို ၂၀၁၇ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကျောင်းသားမျိုးဆက်အသီးသီးက ကျောင်းသားမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ သဘောထားများကို တင်ပြခဲ့ကြပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သတ်မှတ်ချက်များကိုလည်း လက်ရှိကျောင်းသားသမဂ္ဂများက အချက်အလက်များဖြင့် တင်ပြခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးပွဲဖိတ်ကြားရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” […]

Continue Reading

DPNS နှင့်Swedish Social Democratic Youth League(SSU) အဖွဲ့ဝင်များ အမြင်ဖလှယ် ဆွေးနွေး

၂၀၁၇၊ နိုဝင်ဘာ ၂၁ ရက် နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံးသို့ အလည်အပတ်ရောက်ရှိလာသော Swedish Social Democratic Youth League(SSU) အဖွဲ့ဝင်များနှင့် DPNS ပါတီဥက္ကဋ္ဌအပါအဝင် ဗဟိုဦးဆောင်ကော်မတီဝင်များသည် လက်ရှိနိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″] 

Continue Reading