ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
By DPNS INFORMATION, on April 27th, 2018
တိုးတက်သောဒီမိုကရက်တစ်အင်အားစု(PDF)နှင့် မိတ်ဆွေအင်အားစုများ၏အစည်းအဝေးကို ၂၇-၄-၂၀၁၈ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂနှင့် ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးတို့မှကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ယနေ့ကာလ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
By DPNS INFORMATION, on April 22nd, 2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကို၂၁-၄-၂၀၁၈ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးအကျဉ်းသားဟောင်းများ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ရန်ကုန်မြို့တော်ဝန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဆရာဦးဝင်းတင်ကို ချစ်ခင်လေးစားသူများ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပြီး ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် ရေဝေးသုသာန်ရှိ ဆရာဦးဝင်းတင်၏အုတ်ဂူသို့ သွားရောက်အလေးပြုခဲ့ကြပါသည်။ ဟံသာဝတီဦးဝင်းတင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး စစ်အာဏာရှင်စနစ်အကြွင်းမဲ့ဖျက်သိမ်းရေး ဒီမိုကရေစီရေးတို့အတွက် နောက်ဆုံးအချိန်ထိ ပြည်သူ့ဘက်မှ ရပ်ခံတိုက်ပွဲဝင်ခဲ့သူဖြစ်ပါသည်။
By DPNS INFORMATION, on March 28th, 2018
လု့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်းနှင့် အဖွဲ့ဝင်များသည် ၂၀၁၈ မတ်လ ၂၈ ရက်နေ့တွင် ရွှေသောင်ယံမြို့နယ်ခွဲရှိ ပါတီစည်းကော်မတီဝင်များ လူ့ဘောင်သစ်လူငယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဒေသဆိုင်ရာလူထုပြဿနာများ လူငယ်များ၏အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများ လူကုန်ကူးခံရမှုပြဿနာများ ပါတီ၏လူထုလုပ်ငန်းစဉ်နှင့် ပါတီစည်းရုံးတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on March 27th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်း ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈ မတ်လ ၂၇ ရက်နေ့၌ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ ပါတီဝင်ရဲဘော်များ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် လက်ရှိနိင်ငံရေးအခြေအနေများ ပါတီမူဝါဒ ပါတီတည်ဆောက်ရေး အရပ်ဖက်ဖွဲ့အစည်းများ၏အခန်းကဏ္ဍ လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ရွေးကောက်ပွဲနိင်ငံရေး ပါတီမြို့နယ်စည်းရုံးရေးကော်မတီကိုပြန်လည်ပြင်ဆင်တိုးချဲ့ရေး လယ်သမားသမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်ရေး စွမ်းရည်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on March 26th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်း ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈ မတ်လ ၂၆ ရက်နေ့၌ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ လယ်သမားသမဂ္ဂအဖွဲ့ဝင်များ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် လက်ရှိနိင်ငံရေးအခြေအနေများ ပါတီမူဝါဒ ပါတီတည်ဆောက်ရေး အရပ်ဖက်ဖွဲ့အစည်းများ၏အခန်းကဏ္ဍ လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ ရွေးကောက်ပွဲနိင်ငံရေး ပါတီမြို့နယ်စည်းရုံးရေးကော်မတီကိုပြန်လည်ပြင်ဆင်တိုးချဲ့ရေး လယ်သမားသမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်ရေး စွမ်းရည်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on March 23rd, 2018
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဆရာကြီးမွေးဖွားရာဇာတိဖြစ်သည့် ပဲခူးတိုင်း ရွှေတောင်မြို့နယ်ရှိ ရွှေမျက်မှန်ကျောင်းတိုက်၌ ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပြည်ထောင်စုတိုင်းရင်းသားများလယ်သမားသမဂ္ဂနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on March 23rd, 2018
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် ကဗျာရွတ်ဆိုပွဲ ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် အခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဦးစန္ဒာသီရိ(ရွှေဝါရောင်သံဃာတော်) ဦးအောင်စောဦး(မှိုင်းရာပြည့်) ဦးထွယ်နော်(ကချင်အမျိုးသားကွန်ဂရက်) ဦးအောင်မိုးဇော်(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) မသက်ထားဆွေ(တောင်ဒဂုံဆိပ်ကမ်းမြို့နယ်အလုပ်သမားသမဂ္ဂ) ဦးသန်းအေး(မှော်ဘီမြို့နယ် လယ်သမားသမဂ္ဂ) ကိုအောင်ထက်အောင်(ဗကသများအဖွဲ့ချုပ်) ကိုကျော်ကိုကို(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)တို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ သဘောထားထုတ်ပြန်ချက်ကို ဒေါ်ခင်ညိုလွင်က ဖတ်ကြားခဲ့ပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အလုပ်သမား လယ်သမားနှင့် ကျောင်းသမဂ္ဂများ မှိုင်းငြိမ်းကွန်ရက်များ စာပေအနေုပညာနယ်ပယ်မှပုဂ္ဂိုလ်များ ဆရာကြီအားချစ်ခင်လေးစားသူများ ၂၀၀ ခန့် အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on March 22nd, 2018
ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်များ၏ အစည်းအဝေးကို ၂၀၁၈ မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန် မှော်ဘီ မန္တလေး မြင်းခြံ မုံရွာ ပခုက္ကူ ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ အစည်းအဝေး တက်ရောက်ခဲ့ကြပါသည်။ ဗကသများအဖွဲ့ချုပ်ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မိမိတို့ကွန်ရက်အသီးသီး၏ လှုပ်ရှားဆောင်ရွက်နေပုံများကို တင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
By Shwe Yee, on March 20th, 2018
ပထမအကြိမ်
နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဒီမိုကရေစီနှင့်
ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့မှ နော်အုန်းလှ ပြောကြားသည့် အမှတ်တရစကား။
၁၉၊ ၁၂၊ ၂၀၁၈။ အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့။
By Shwe Yee, on March 19th, 2018
ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ နိုင်ငံတကာဆက်ဆံရေးကော်မတီ တွဲဖက်အတွင်းရေးမှူး Evin Incir ပြောကြားသည့် အမှတ်တရစကား အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့။ ၁၉- ၁၂- ၂၀၁၈။