“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂)
|
||
“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြီးမြင့်၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကြည်မြင့်၏ ဆွေးနွေးချက် အပိုင်း(၁) ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးကျော်မြင့်၏ ဆွေးနွေးချက် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၂) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးစိုင်းညွန့်လွင်၏ ဆွေးနွေးချက် အပိုင်း(၁) “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဦးငွေလင်း၏ ဆွေးနွေးချက် “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၂) ဖေဖ်ာဝါရီ ၇၊ ၂၀၁၉ တွင် ကျင်းပခဲ့သော “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းမှ ဒေါက်တာရန်မျိုးသိမ်း၏ ဆွေးနွေးချက် အပိုင်း(၁) ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရှရီရာမခရစ်ရှနခန်းမ၌ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ငြိမ်းချမ်းရေးစကားဝိုင်းကို ဖေဖော်ဝါရီ ၇ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ UNDO၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အစရှိသည့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းကျင်းပကြခြင်းဖြစ်သည်။ ပွဲကျင်းပရခြင်းအကြောင်းရင်းကို ဖြစ်မြောက်ရေးကော်မတီကိုယ်စား ဦးငွေလင်း(DPNS)၊ အဖွင့်အမှာစကားကို ဦးကျော်မြင့်(ALD)၊ မန်းကျော်ငြိမ်း(UNA) တို့က ပြောကြားခဲ့ပြီး အဖွဲ့အစည်းပေါင်း ၃၄ ဖွဲ့၏ ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ဦးထွန်းဝင်းငြိမ်း(မှိုင်း-ငြိမ်းကွန်ရက်)က ဖတ်ကြားခဲ့ပါသည်။ ဦးဦးလှမြင့်(ALD)၊ ဦးစိုင်းညွန့်လွင်(UNA)၊ ဦးကြီးမြင့်(ဥပဒေပညာရှင်)၊ ဒေါက်တာရန်မျိုးသိမ်း(နိုင်ငံရေးသုတေသီ) တို့က စကားဝိုင်းကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ စကားဝိုင်းကျင်းပရေးကော်မတီမှ တာဝန်ရှိသူများကလည်း လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပါသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပမည့် အစီအစဉ်များ အသေးစိတ်ညှိနှိုင်းသည့် အစည်းအဝေးကို ဖေဖော်ဝါရီ၊ ၅ ရက်နေ့က UNDO ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအင်အားစုတို့ အစည်းအဝေးတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ |
||
Copyright © 2021 DPNS - All Rights Reserved.
|