“စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်း ကျင်းပပြုလုပ်
“စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” နိုင်ငံရေးစကားဝိုင်းကို ၂၀၁၉၊ ဇွန်လ၊ ၂ ရက် နေ့လည် ၁းဝ၀ နာရီမှ ၄းဝ၀ နာရီအထိ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၉၊ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အဆက်အဖြစ် ကျင်းပခြင်းလည်းဖြစ်သည်။ဤစကားဝိုင်းကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ UNA၊ မှိုင်းငြိမ်းကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးရဲဘော်များ၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဗကသများအဖွဲ့ချုပ်၊ UNDO၊ လူ့ဘောင်သစ်လူငယ်၊ SYCB၊ ကရင်အမျိုးသမီးအစည်းအရုံး၊ DPW၊ SDUF အစရှိသည့် အဖွဲ့အစည်းများက ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။ (၁) ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွါးနေသော စစ်ပွဲများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်စဲသွားစေရန်၊(၂) စားပွဲဝိုင်းတွင် နိုင်ငံရေးအရ တန်းတူရည်တူ လွတ်လွတ်လပ်လပ် […]
Continue Reading