ပြည်သူသာအမိ ပြည်သူသာအဖ ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲဝင်မည် ( ထုတ်ပြန်ကြေညာချက် (၄/၂၀၁၅) )

ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။

ပါတီ၏ မဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်အား လွှတ်တော် တွင်း လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုများ ဟန်ချက်ညီညီ ဆက်စပ်ဆောင်ရွက်ခြင်း မှတဆင့် ကြိုးပမ်း အကောင်အထည်ဖေါ်သွားနိုင်ရန် ရွေးကောက်ပွဲဝင်ခြင်း ဖြစ်သည်။

လွှတ်တော်တွင်းမှနေ၍ ပြည်သူလူထု လတ်တလောရင်ဆိုင်နေရသည့် (အထူးသဖြင့် အလုပ် သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား ပြည်သူများ၏) လူမှုစီပွားအကျပ်အတည်းပြဿနာများ ဖေါ်ထုတ် တင်ပြသွားနိုင်ရန်နှင့် ပြည်သူလူထု၏ အသံ၊ ပြည်သူလူထု၏ လိုလားချက်များအား ထင်ဟပ်သည့် မူဝါဒ များအား ရေးဆွဲတင်ပြနိုင်ရန် ဖြစ်သည်။

လတ်တလောလိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအား နိုင်ငံရေး အင်အားစုအသီးသီးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများအပါအ၀င် လွှတ်တော်ပနိုင်ငံရေး ဖြစ်စဉ်အပေါ် အခြေခံ၍ လွှတ်တော်တွင်းနိုင်ငံရေးနှင့် ဆက်စပ်ဆောင်ရွက်ရေး ကြိုးပမ်းသွားနိုင်ရန် ဖြစ်သည်။

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင်း ရည်ရွယ်ချက်တူ အမြင်သဘောထားတူ အခြား ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက် သည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းထုတ်ပြန်ခြင်း ( သတင်းထုတ်ပြန်ချက် (၁/၂၀၁၅) )


ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်သွားမည်။

(က) အမျိုးသားလွှတ်တော်

၁။ ဒေါ်နှင်းနှင်းမွှေး မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)
၂။ ဦးမျိုးလွင် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂)
၃။ ဦးထွန်းရွှေ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)
၎။ ဦးထွန်းအောင်ကျော် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁)

(ခ) ပြည်သူ့လွှတ်တော်

၁။ ဒေါ်တင်တင်ချို မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၂။ ဦးကျော်စန်းခိုင် တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၃။ ဦးသန်းဝင်း ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၎။ ဦးစောအောင် ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၅။ ဦးမြင့်အောင် ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၆။ ဦးခင်မောင်ထွန်း ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
၇။ ဦးကျော်ခင် ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

(ဂ) ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

၁။ ဒေါ်သက်ဇွန်လင်းထင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ရေကြည်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)
၂။ ဦးအောင်အောင်သန်းထိုက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုသိမ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)
၃။ ဦးမောင်မောင်ကြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုသိမ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)
၎။ ဦးသန်းထွန်းဝင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် သာပေါင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)

(ဃ) မန္တလေးတိုင်းဒေသကြီးလွှတ်တော်

၁။ ဒေါ်မေဖြူဆွေ မန္တလေးတိုင်းဒေသကြီးလွှတ်တော် တံတားဦးမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)
၂။ ဦးစိန်လှမိုး မန္တလေးတိုင်းဒေသကြီးလွှတ်တော် တံတားဦးမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)
၃။ ဦးသန်းထိုက်အောင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် မြင်းခြံမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)
၎။ ဒေါ်ခင်ခင်ကြိုင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် မြင်းခြံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)

(င) မကွေးတိုင်းဒေသကြီးလွှတ်တော်

၁။ ဦးအောင်လှိုင်သန်း မကွေးတိုင်းဒေသကြီးလွှတ်တော် သရက်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)

(စ) ကရင်ပြည်နယ်လွှတ်တော်

၁။ ဦးဇော်မင်းဦး ကရင်ပြည်နယ်လွှတ်တော် ဗမာတိုင်းရင်သားလူမျိုး မဲဆန္ဒနယ်

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်းခြင်း ( သတင်းထုတ်ပြန်ချက် (၂/၂၀၁၅) )

ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။


၁။ ဦးငွေလင်း ဥက္ကဋ္ဌ
၂။ ဦးဇော်ဇော်ထွန်း အတွင်းရေးမှူး
၃။ ဦးတိုးတိုးထွန်း ကော်မတီဝင်
၎။ ဦးမင်းနိုင် ကော်မတီဝင်
၅။ ဒေါ်နှင်းနှင်းမွှေး ကော်မတီဝင်
၆။ ဒေါ်တင်တင်ချို ကော်မတီဝင်
၇။ ဦးညီညီအောင် ကော်မတီဝင်
၈။ ဦးဝဏ္ဏ ကော်မတီဝင်
၉။ ဦးသန့်စင် ကော်မတီဝင်
၁၀။ ဦးသူအောင် ကော်မတီဝင်
၁၁။ ဒေါ်သက်ဇွန်လင်းထင် ကော်မတီဝင်

ဆက်သွယ်ရန်
ဦးငွေလင်း (ဖုန်း ၀၉ ၃၁၁၀၆၂၄၂)
ဦးဇော်ဇော်ထွန်း (ဖုန်း ၀၉ ၇၉၅၈၃၉၃၅၃)
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

ရွေးကောက်ပွဲကြေညာစာတမ်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ဘာတွေကို ယုံကြည်တန်ဖိုးထားသလဲ။

(လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှု)

လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့သည် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များဖြစ်သည်။ တပြိုင်နက်တည်းတွင် ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်သည်သာလျှင် လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့ကို လက် တွေ့တွင် အာမခံနိုင်လိမ့်မည်။ လူသားတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လိင် (ကျား/မ) ဆိုင်ရာတန်းတူမှုနှင့် ငြိမ်း ချမ်းလုံခြုံသည့် ဘ၀တို့ကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

Continue Reading

(၅၃) နှစ်ပြည့် ၇ ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ၇ ဇူလိုင်အရေးတော်ပုံသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇)ရက် တွင်၊ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကောက်ကျစ်မှုကို သွေးမြေ ကျခံလျက် ဖော်ထုတ်၊ ဖွင့်ချနိုင်ခဲ့သည်။

၂။ လွန်ခဲ့သော (၅၃) နှစ်က ဤယနေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုသည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်ခဲ့သည့် အစဉ်အလာကောင်းကို ဆက်ခံ၊တိုးချဲ့၍ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတပ်ဦးတွင် ထပ်မံ မော်ကွန်း တင်နိုင်ခဲ့ပေသည်။

၃။ သမိုင်းစဉ်အတွင်း မှားယွင်း၊ တာဝန်မဲ့မှုများနှင့် မှန်ကန်၊ရဲရင့်သော တိုက်ပွဲအစဉ်အလာများကို မမေ့မလျော့ခြင်းသည် အာဃာတ နှင့် အမုန်းတရားများကို ဖော်ထုတ်ခြင်း မဟုတ်ဘဲ၊ လွတ်လပ်သော တန်းတူသော သွေးစည်းချစ်ကြည်သော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် ကျွန်ုပ်တို့ ဆက်လက် အားထုတ်၊ကြိုးပမ်းကြရမည့် လုပ်ငန်းစဉ်များကို ဓမ္မဓိဋ္ဌာန်ကျကျ မှန်ကန်စွာ ရွေးချယ်နိုင်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်မှုပင် ဖြစ်ပေသည်။

၎။ ကျွန်ုပ်တို့ ပါတီအနေဖြင့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ကြီး ထူ ထောင်နိုင်သည်အထိ ၇ ဇူလိုင် စိတ်ဓာတ်နှင့် အစဉ်အလာတို့ကို ဆက်ခံ၊ကိုင်စွဲလျက် လူမျိုးစုံ မြန်မာပြည်သူလူထုကြီးနှင့် အတူ ဆက် လက် အားထုတ်၊ကြိုးပမ်းသွားကြမည်ဟု လေးနက်စွာ အဓိဋ္ဌာန်လျက် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်။
၁၃၇၇ ခု၊ ပထမ ဝါဆို၊ လဆုတ် ၆ ရက်။

Continue Reading

ဆရာကြီး ဒဂုန်တာရာ (၉၆)နှစ် ပြည့် မွေးနေ့အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ငြိမ်းချမ်းရေးစာဆိုကြီး ဆရာဒဂုန်တာရာ၏ (၉၆)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက ဂုဏ်ယူ ဝမ်းမြောက်စွာ သဝဏ်လွှာပေးပို့ပါသည်။

၂။ ဆရာကြီး၏တသက်တာမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် အဖိနှိပ်ခံ ဆင်းရဲ သား ပြည်သူတို့ လွတ်မြောက်ရေးကို စာပေအနုပညာအားဖြင့် ရပ်ခံ၊ အားထုတ်ခဲ့သော တသက်တာ ဖြစ်ပေသည်။

၃။ ဆရာကြီးသည် ကွယ်လွန်ခဲ့သည့်တိုင် မမေ့မလျော့အပ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အမှတ်တရ အထိမ်းအမှတ် ပြုကြခြင်းမှာ ယနေ့ကာလ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေးတို့ကို အရေးတကြီး တည်ဆောက်ကြရမည့် နိုင်ငံတော်၏လက်ငင်းအခြေအနေနှင့်လည်းကောင်း၊ သမိုင်းရေးလိုအပ်ချက်နှင့်လည်းကောင်း အထူးဆီလျော် သင့်မြတ်၍ ဂုဏ်ယူကြိုဆိုထိုက်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

၎။ မိမိတို့ပါတီသည် နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သော ငြိမ်းချမ်း၊ ညီညွတ်၊ လွတ်လပ်၍ တန်းတူသည့် ဒီမိုကရက် တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်သည်အထိ ဆရာဒဂုန်တာရာ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် အဖိနှိပ်ခံ ဆင်းရဲသားပြည်သူများ လွတ်မြောက်ရေးတို့ကို လမ်းညွှန်မူများသဖွယ် အခိုင်အမာ ကိုင်စွဲလျက် အားထုတ်ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း လေးနက်စွာ အဓိဋ္ဌာန်ပြှုလျက် ဤဂုဏ်ပြု သဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ မေလ၊ ၁၀ ရက်။

Continue Reading

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၇၉) နှစ်မြောက်နှင့် လက်ပံတန်းအကြမ်းဖက်ခံရမှု နှစ်လပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို သမိုင်းလိုအပ်ချက်အရ ကျောင်းသူကျောင်းသားများကိုယ်တိုင် တည်ထောင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၁၅ ခုနှစ်မေလ (၈) ရက်နေ့တွင် (၇၉) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ (၇၉) နှစ်တာသမိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ် မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုသမိုင်း ဖြစ်သည်။ တနည်းအားဖြင့် လူမျိုးစုံမြန်မာပြည်သူများ ရင် ဆိုင်ကြုံတွေ့နေရသည့် ဒုက္ခခပ်သိမ်းအတွက် ကိုယ်ကျိုးလုံးဝမပါပဲ လူထုရှေ့မှ မားမားမတ်မတ်ရပ်ပြီး လူထုနှင့်အတူ လက်တွဲရုန်း ကန်ခဲ့သည့်၊ ရုန်းကန်နေဆဲဖြစ်သည့် တိုက်ပွဲသမိုင်းလည်း ဖြစ်ပါသည်။

ဒီမိုကရေစီပညာရေးကို အပြည့်အ၀အာမခံသည့် အမျိုးသားပညာရေးဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံ အနှံ့မှ ကျောင်းသူကျောင်းသားများ၏ တောင်းဆိုတိုက်ပွဲဝင်နေမှုများသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အစဉ်အလာကို ရဲရဲဝံ့ဝံ့ ဆက်ခံသယ်ဆောင် ထမ်းရွက်နေကြခြင်း ဖြစ်သည်ဟု မိမိတို့ပါတီက တန်ဖိုးထားပါသည်။

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ မူ (၅) ချက်ကို အပြည့်အ၀ ထောက်ခံပါသည်။
 ကျောင်းသူကျောင်းသားတို့၏ အမျိုးသားပညာရေးဆိုင်ရာတိုက်ပွဲကို အပြည့်အ၀ ထောက်ခံပါသည်။
 အာဏာပိုင်များ၏ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုကို ပြတ်ပြတ်သားသား ရှုတ်ချပါသည်။
 အဖမ်းဆီးခံကျောင်းသူကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် တရားစွဲဆို မှုများ၊ ဖမ်းဝရမ်းထုတ်မှုများကို ဖျက်သိမ်းပေးရန် အာဏာပိုင်များကို အလေးအနက် တောင်းဆိုပါသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအ၀င် တိုက်ပွဲဝင်ကျောင်းသူကျောင်းသားအားလုံးနှင့် အခိုင် အမာ လက်တွဲပြီး ယနေ့ကာလအမျိုးသားနိုင်ငံရေးတာဝန်များကို တက်ကြွစွာထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ဤ သ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ မေလ (၁၀) ရက်

Continue Reading

(၁၂၅) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ယနေ့ကျရောက်သော (၁၂၅)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)၌ မေဒေးအကြိုကာလတွင်လည်းကောင်း၊ မေဒေးနှင့် မေဒေး အလွန် ကာလတွင်လည်းကောင်း မိမိတို့နှင့်ထိုက်တန်သော ကိုယ်ပိုင်အခွင့်အရေးများ၊ ဂုဏ်သိက္ခာအဆင့်အတန်းများကို ရရှိရန် ရာစုများချီ လျက် ပြင်းထန်၊ခက်ခဲသော တိုက်ပွဲများအကြား အသက်၊သွေး၊ချွေး ပေးဆပ် စွန့်လွှတ်ခဲ့ကြသည့် အလုပ်သမား ထုကြီးအား မိမိတို့ပါတီက အလေးအနက် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။

၂။ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရေး၊ငြိမ်းချမ်းရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည် ထောင်စုထူထောင်ရေး စသည့် အရေးကြီးသောနိုင်ငံရေးပြဿနာရပ်များ ရင်ဆိုင် ဖြေရှင်းနေကြရသော ယခုကာလတွင် မြန်မာနိုင်ငံအလုပ် သမားလူထုမှာ အပတ်စဉ် နာရီ(၄၀)အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူသော မေဒေးရလဒ်ကို ပြည့်ဝစွာ မခံစားကြရသေးဘဲ ယနေ့ထက်တိုင် အဖမ်းဆီး၊ အရိုက်နှက်၊ အညှဉ်းပမ်းများခံလျက် တိုက်ပွဲ ဝင်နေကြရဆဲ ဖြစ်ပေသည်။

၃။ မိမိတို့နိုင်ငံ၏ အခရာကျသော အလုပ်သမားလူထုဘဝတွင် တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းများ ဆိတ်သုဉ်းနေသမျှ မိမိတို့ မျှော်မှန်းသော ငြိမ်းချမ်း၊ ညီညွတ်၊ လွတ်လပ်၊ တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုသစ်နှင့် အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းသစ်တရပ် ထူ ထောင်၊ရရှိနိုင်ရေးမှာ အလှမ်းဝေးနေလိမ့်ဦးမည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်သည်။

၎။ ထိုကြောင့် မိမိတို့ မျှော်မှန်းသည့် နိုင်ငံသစ်တရပ်၊ လူ့အဖွဲ့အစည်းသစ်တရပ် ထူထောင်နိုင်သည်အထိ အလုပ်သမားလူထုနှင့် အခိုင်အမာ သွေးစည်းလက်တွဲပြီး အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တည်ကြည်စွာ ကတိဓိဋ္ဌာန်ပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့လိုက် ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ မေလ၊ ၁ ရက်။

Continue Reading