လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးကို ၆၊ ၁၁၊ ၁၆ ရက်နေ့လည်က ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ရာ ပါတီဗဟိုဦးဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပါတီတည်ဆောက်ရေး၊ မဟာမိတ်ဆက်ဆံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်လူငယ်အဖွဲ့ဝင်များ လာရောက်လေ့လာ

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်လူငယ်(SSU) အဖွဲ့ဝင်များသည် ၅၊ ၁၁၊ ၁၆ ရက်နေ့ ညနေပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြပါသည်။ SSU အဖွဲ့ဝင်များအား DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်(YNS) အတွင်းရေးမှူး ကိုဟန်သူတို့က လက်ခံတွေ့ဆုံ၍ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကို ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

Continue Reading

“ဇွဲကပင်သက်သေ ဒို့ယာမြေ” မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

ကရင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့နှင့် Ethnic Peace Resources Project(EPRP)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကရင်ပြည်နယ်အတွင်းရှိ မြေယာပြဿနာများအား လေ့လာတင်ပြချက်စာတမ်း “ဇွဲကပင်သက်သေ ဒို့ ယာမြေ” မိတ်ဆက်ပွဲအခမ်းအနားကို ၁၊၁၁၊၁၆ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွယ်ကဘောင်မိုတယ်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ စီစဉ်သူများက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ အဓိကတွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လယ်ယာမြေအသိမ်းခံရသော တောင်သူဦးကြီးများက ၎င်းတို့၏ မြေယာသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်နှင့် ကိုဇော်ရဲထက်တို့ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

DPNS ပါတီဥက္ကဋ္ဌနှင့် ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီဥက္ကဋ္ဌတို့၏ ပုသိမ်ခရီးစဉ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်းတို့သည် တိုင်းစည်းရုံးရေးကော်မတီရုံးခန်း၌ ၁၊ ၁၁၊ ၁၆ ရက်နေ့ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီအထိ ဧရာဝတီတိုင်းစည်းရုံးရေးကော်မီတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် မျက် မှောက်ကာလနိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်သဘောထားများ၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ပုသိမ်မြို့ရှိ လူထုအခြေပြုအရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အလွတ်သဘောတွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

Continue Reading

“မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး” ဆွေးနွေးပွဲတက်ရောက်

UN Women Myanmar က စီစဉ်ကျင်းပသော “မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ၃၁၊၁၀၊၁၆ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ Inya Lake ဟိုတယ်တွင် ပြုလုပ်ခဲ့ ပါသည်။ ၎င်းဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်တင်တင်ချိုတို့လည်း တက်ရောက်ခဲ့ကြပါသည်။ ဒေါ်နှင်းနှင်းမွှေးက ဆွေးနွေးရာတွင် ပြည်တွင်းစစ်ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများမှ အမျိုးသမီးများ၏ ဘဝ၊အသက်၊အိုးအိမ် ပျက်စီးဆုံးရှုံးနေရသည့် အခြေအနေများကို တင်ပြခဲ့ပြီး ၎င်းတို့အတွက် တရားမျှတမှုရရှိစေရန် အစိုးရနှင့်လွှတ်တော်တို့က မည်သို့မည်ပုံ ဆောင်ရွက် ထားရှိသည်ကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။

Continue Reading

ဆွီဒင်နိုင်ငံထုတ်သတင်းစာတွင် ဖော်ပြပါရှိသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် အင်တာဗျူးအား Google တွင် အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ဆိုထားမှုကို ပြန်လည်ကူးယူ ဖော်ပြပါသည်။


Continue Reading

အမျိုးသမီးများအခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ

အမျိုးသမီးအသင်းအဖွဲ့များကွန်ရက်(WON-မန္တလေး)၏ စီစဉ်မှုဖြင့် အမျိုးသမီးများ အချိုးကျပါဝင်ခွင့် ပိုမိုကျင့်သုံးနိုင်ရေး၊ အိမ်တွင်းအကြမ်းမဖက်ရေး စသည့် အမျိုးသမီးများအခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများကို မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ကန်ဆင့်ကျေးရွာနှင့် မန်ကျည်းပင်စုကျေးရွာများတွင် ၂၉၊၁၀၊၁၆ ရက်နေ့က ပြုလုပ်ပါခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်လည်း ပါဝင် ဟောပြော ဆွေးနွေးပေးခဲ့ပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ် ရုံးနေရာ ပြောင်းရွှေ့ဖွင့်လှစ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရုံးကို မူလဖွင့်လှစ်ထားသောနေရာမှ မြင်းခြံမြို့၊ ၁၃ရပ်ကွက်၊ အိမ်အမှတ် ၁၉(ခ)သို့ ၂၈၊၁၀၊ ၁၆ ရက်နေ့တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

Continue Reading

SNLD တည်ထောင်ခြင်း ၂၈ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား

ရှမ်းတိုင်းရင်းသားများအဖွဲ့ချုပ်(SNLD)တည်ထောင်ခြင်း ၂၈ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၆၊ ၁၀၊ ၁၆ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ Panda ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဗဟိုဦးဆောင်ကော်မီဝင် ဒေါ်နိုးနိုးထက်စံက ပါတီ၏သဝဏ်လွှာအား ဖတ်ကြားဂုဏ်ပြုခဲ့ပါသည်။

Continue Reading

Gathering of women survivors သို့ ပါဝင်တက်ရောက်

AJAR(Asia Justic and Rights) အဖွဲ့၏ စီစဉ်မှုဖြင့် ရှင်သန်လွတ်မြောက်လာသူအမျိုးသမီးများ တွေ့ဆုံပွဲ (Gathering of women survivors) ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ၂၃၊၁၀၊ ၁၆ မှ ၂၆၊ ၁၀၊ ၁၆ အထိ လေးရက်တာ ပြုလုပ်ခဲ့ပါသည်။ ၎င်းတွေ့ဆုံပွဲသို့ WON၊ KWEG၊ KWO၊ TWO၊ KWAT၊ ၀ိမုတ္တိအဖွဲ့တို့၏ စုစည်းမှုဖြင့် နိုင်ငံရေးအကျဉ်းသူဟောင်းများ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊ မြေသိမ်းယာသိမ်းခံတောင်သူများ၊ ကချင်၊ ကရင်၊ တအာင်းစစ်ဘေးဒုက္ခသည်များ၊ စစ်ကြောင့်ထိခိုက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးများ စုစုပေါင်း ၆၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မိမိတို့၏ အတွေ့အကြုံများကို အချင်းချင်းဝေမျှခဲ့ကြပြီး ဆက်လက်ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading