ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း (၉) နှစ်ပြည့်အခမ်းအနားကျင်းပ

KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း ၉ နှစ်မြောက် နှစ်လည် အောက်မေ့ဖွယ်အခမ်းအနားနှင့် ကြေးရုပ်တုဖွင့်ပွဲကို ဖဒိုမန်းရှာ၏ဇာတိ ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ကြေးရုပ်တုကို ဒေသခံဆရာတော်များ၊ ကရင်အမျိုးသားနိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံကရင်အမျိုးသားများက ဖွင့်လှစ်ပေးခဲ့ပြီး ဖဒိုမန်းရှာ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့သည်။ အခမ်းအနားကို ဖန်းဖောင်ဒေးရှင်း၏ ဆုပေးပွဲနှင့် တွဲဖက်ပြုလုပ်ခဲ့ပြီး ဆရာတော် သံဃာတော်များ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ တက်ကြွလှုပ်ရှားသူများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်အမျိုးသားများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ပဒိုမန်းရှာ၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။ ဖဒိုမန်းရှာ၏ အကိုဖြစ်သူ မန်းတင်ရွှေက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Continue Reading

ငြိမ်းချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး ဟောပြောဆွေးနွေးပွဲကျင်းပ

နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ” ငြိမ်း ချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေး”ခေါင်းစဉ်ဖြင့် နိုင်ငံရေးဟောပြောဆွေးနွေးပွဲကို ၁၃၊ ၂၊ ၁၇ ရက် နေ့လည်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်ရှိ သျှရီရာမခရစ်ရှနခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲအဖွင့်အမှာစကားကို ကရင်အမျိုးသားပါတီဥက္ကဋ္ဌ မန်းသိန်းရွှေက ပြောကြားပေးခဲ့ပါသည်။ ထို့နောက် “ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ဒေါက်တာအမ်ကွန်လ(KNC)၊ ဦးချစ်ဆောင်(မှိုင်း-ငြိမ်းကွန်ရက်)၊ ကိုကောင်းထက်ကျော်(ဗကသများအဖွဲ့ချုပ်)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆက်လက်၍ “လူသတ်ဝါဒဆန့်ကျင်ရေး” ခေါင်းစဉ်ဖြင့် ဦးကြီးမြင့်(ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့)၊ ကိုကျော်ကိုကို(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)တို့က ဟောပြောဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားအင်အားစု ၆၉ ဖွဲ့၏ သဘောထားကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

Continue Reading

နှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ ညစာစားပွဲ

နှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ညစာစားပွဲကို ၁၂၊၂၊၁၇ ရက်နေ့ည ၆:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပြည်ထောင်စုနေ့အထိမ်းအမှတ် သဘောထားကြေငြာချက်

နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အမျိုးသားအင်အားစု (၇၀) ဖွဲ့ ပူးပေါင်းလျက်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၁၃၊ ၂၊ ၂၀၁၇တွင်လည်း သျှရီရာမခရစ်ရှန ခန်းမ၌ နိုင်ငံရေးဆွေးနွေးပွဲတရပ်
ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

Continue Reading

ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များ ဖော်ဆောင်ရေးအစည်းအဝေး

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များအား ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ၇၊ ၂၊ ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု နှင့် UNDO တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များ အကောင်အထည်ဖော်ရေး အစည်းအဝေး

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များအား ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ပဏာမ ညှိနှိုင်းအစည်းအဝေးကို ၄၊ ၂၊ ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် သဘောထားထုတ်ပြန်ချက် (၂/၂၀၁၇)


Continue Reading

SoDem အဖွဲ့ဝင်များ DPNS ရုံးသို့ လာရောက်လေ့လာဆွေးနွေး

SoDem အဖွဲ့ဝင်များသည် ယနေ့(၂၃၊ ၁၊ ၁၇) နံနက်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြပါသည်။ ၎င်းတို့ကို ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ကြပါသည်။ ထို့နောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရှေ့အလားအလာများကို ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။

Continue Reading

အာလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ (တတိယနေ့)

Issue Analysis, Agenda Setting, Policy Formulation and Development ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တတိယမြောက်နေ့ကို ၂၀၊၁၊၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

အာလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ(ဒုတိယနေ့)

Issue Analysis, Agenda Setting, Policy Formulation and Development ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၁၉၊၁၊၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ DIPD။ SoDem တို့မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Mr Lars Aslan Rasmussrn(လွှတ်တော်အမတ်- ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်၊(အထွေထွေအတွင်းရေးမှူး- SNLD) ဦးအောင်သူငြိမ်း(PSSI) Basu Gautam(လုမ္ဇိနီ ကမ္ဘာ့ငြိမ်းချမ်းဖိုရမ် – နီပေါ)၊ Rechie Tugawin(မျိုးဆက်ငြိမ်းချမ်းရေး လူငယ်ကွန်ရက် – ဖိလစ်ပိုင်)၊ ဦးမင်းဇင်(ဒါရိုက်တာ-PSSI)၊ ဦးစိုင်းကျော်ညွန့်(အတွင်းရေးမှူး-UPDJC) တို့ က ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်သော အခြေအနေများ၊ အယူအဆ၊ အတွေးအမြင်များကို ရှင်းလင်းတင်ပြ ဆွေးနွေးပေးခဲ့ကြပါသည်။

Continue Reading