ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (၃၉)ကြိမ်မြောက်ကွန်ဂရက်သို့ တက်ရောက်

ဆွီဒင်နိုင်ငံ၊ ဂေါ့သင်ဘတ်ဂ်မြို့၊ ဂေါ့သီယာတာဝါ၌ ယနေ့ (၈၊ ၄၊ ၂၀၁၇) နေ့လည် ၂:၀၀ နာရီတွင် ဆွီဒင် ဆိုရှယ်ဒီမိုကကရက်ပါတီ၏ ၃၉ ကြိမ်မြောက်ကွန်ကရက် စတင်ကျင်းပခဲ့ရာ ပါတီအထွေထွေအတွင်းရေးမှူးချုပ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုကွန်ကရက်သို့ ကိုယ်စားလှယ် ၃၅၀၊ နိုင်ငံတကာမိတ်ဆွေပါတီများမှ ကိုယ်စားလှယ် ၇၀ နှင့် သံတမန်များ၊ ပါတီဝင်များ စုစုပေါင်း ၄၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ဆွီဒင်ဆိုရှယ်ဒီမိုကရက်ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း ၎င်းကွန်ကရက်တွင် တက်ရောက်လျက်ရှိပါသည်။

Continue Reading

ဗဟိုစည်းရုံးရေး ကော်မတီဝင်များနှင့် ပြည်ခရိုင်ခရိုင်ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးညှိနှိုင်း

“လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၁) ဦးသီဟနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ၇- ၄- ၂၀၁၇ နေ့က ပဲခူးတိုင်း(အနောက်ခြမ်း) ပြည်ခရိုင် ရွှေတောင်မြို့နယ်ရုံး၌ခရိုင်ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံလျက် ၂၀၁၇ အတွင်း ပါတီက ဆောင်ရွက်ရန် လျာထားသောလုပ်ငန်းစဉ်များ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် အကြိုဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။”

Continue Reading

NNER ပညာရေးမူဝါဒဆွေးနွေးပွဲနှင့် တနင်္လာရီတိုင်းကွန်ရက်ဖွဲ့စည်းခြင်း

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ ပညာရေးမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ၂၊၄၊၁၇ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။ NNER လုပ်ငန်းအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗကသများအဖွဲ့ချုပ်၊ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ၊ မြိတ်ခရိုင်တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ၊ LGBT၊ အလွတ်ပညာသင်ကျောင်းဆရာများ၊ မြန်မာနိုင်ငံ ဆရာ ဆရာမများအဖွဲ့ချုပ်၊ ၈၈ – ငြိမ်း/ပွင့်၊ တောင်သူများသမဂ္ဂ၊ ဘကကျောင်းဆရာများ၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို စိတ်ပါဝင်စားသော ဒေသခံများနှင့် ပညာရေးဝန်ထမ်းဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ နံနက်ပိုင်းတွင် NNER ၏ ပညာရေးမူဝါဒများကို ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးက အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြ၍ တနင်္သာရီတိုင်းဒေသကြီး NNER ကွန်ရက်အား ဖွဲ့စည်းခဲ့ကြပါသည်။

Continue Reading

တနင်္လာရီတိုင်းဒေသကြီး ပညာရေးမူဝါဒ အလုပ်ရုံဆွေးနွေးပွဲ(ပထမနေ့)

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ ပညာရေးမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို မြိတ်မြို့တွင် ၁၊၄၊၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် NNER လုပ်ငန်းအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ်၊ ထားဝယ်ကျောင်းသားသမဂ္ဂ၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို စိတ်ပါဝင်စားသော ဒေသခံများနှင့် ပညာရေးဝန်ထမ်းဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၅)

ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၅)ကို ပါတီတွင်းကန့်သတ်အဖြစ် အခမဲ့ဖြန့်ဝေလိုက်ပါသည်။ စာစဉ္ရယူရန္ ပါတီစည်းရုံးရေးစာစဉ် အတွဲ(၁)၊ အမှတ်(၅)

Continue Reading

NNER အစည်းအဝေးသို့ တက်ရောက် (ဒုတိယနေ့)

NNER(ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆွေးနွေးပွဲ ဒုတိယနေ့ကို ၂၉၊၃၊၁၇ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လု့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အပါအဝင် NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ နာယကများ၊ ဗကသများအဖွဲ့ချုပ်၊ တိုင်းရင်းသားကျောင်းသားသမဂ္ဂများ၊ ပညာရေးအပြောင်းအလဲကို စိတ်ပါဝင်စားသည့် ဒေသခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ နံနက်ပိုင်း၌ ဒေါက်တာအာကာမိုးသူက အဖွင့်အမှာစကား ပြောကြားပေးပြီးနောက် “လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် အနာဂတ်ပညာရေး အလားအလာ” ခေါင်းစဉ်ဖြင့် ဒေါက်တာသန့်လွင်မောင်(ကိုတာ)၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါက်တာကျော်သူ၊ ဦးမြင့်ဇော်တို့က တင်ပြဆွေးနွေးပေးခဲ့ကြသည်။ ညနေပိုင်း၌ မေလပထမပတ်၊ မော်လမြိုင်မြို့တွင် ကျင်းပမည့် NNER တတိယအကြိမ်မြောက် ညီလာခံအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

NNER ကိုယ်စားပြုကော်မတီအစည်းအဝေးသို့ တက်ရောက်

NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) ကိုယ်စားပြုကော်မတီအစည်းအဝေးနှင့် ပညာရေးမူဝါဒဆွေးနွေးပွဲ ပထမနေ့ကို ၂၈၊၃၊၁၇ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးမှ NNER ကိုယ်စားလှယ်များ၊ လုပ်ငန်းကော်မတီဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ နာယကများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်လာသည့် ပြည်နယ်နှင့်တိုင်းကိုယ်စားလှယ်များ၊ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက မိမိတို့ဒေသအသီးသီးတွင် ဆောင်ရွက်ထားရှိချက်များ၊ ဒေသအခြေအနေများ၊ အတွင်းရေးမှူးအဖွဲ့ အစီရင်ခံစာတို့ကို တင်ပြအစီရင်ခံခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အင်အားစုပေါင်း (၃၀)က ပူးတွဲသဘောထားကြေညာချက်

” (၂၄၊ ၃၊ ၂၀၁၇) လက်ပံတောင်းဒေသ –
မိုးကြိုးပြင်ကျေးရွာ၌ ဒေသခံလူထုကို
သေနတ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ခြင်းအပေါ်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါ
အဝင် အင်အားစုပေါင်း (၃၀)က ပူးတွဲ
သဘောထား ကြေညာချက်တရပ် ယနေ့
ထုတ်ပြန်လိုက်ပါသည်။ ” (၂၇၊ ၃၊ ၂၀၁၇ –
ဖက်ဆစ်တော်လှန်ရေးနေ့)

Continue Reading

ကျောင်းသားသမဂ္ဂအဆောက်အဦးနှင့် ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် “ကျောင်းသားသမဂ္ဂအဆောက်အဦနှင့် ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်သော ဆွေးနွေးပွဲ”တရပ်ကို ၂၆၊ ၂၊ ၁၇ ရက်နေ့ နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ဗိုလ်တထောင်မြို့နယ်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ၁၉၅၃ ခုနှစ်မှစ၍ ယနေ့ကာလအထိ ကျောင်းသားမျိုးဆက်အသီးသီး၏ သဘောထားများကို ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက်များကို စုစည်းရရှိခဲ့ကြပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကဗျာသဘင်

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် “စာနယ်တခွင်က မှိုင်းရဲ့ ကဗျာသဘင်” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပွဲကို လမ်းမတော်သံဈေး ၅ လွှာရှိ Myanmar Book Plaza တွင် ၂၆၊၃၊၁၇ ရက်နေ့လည် ၁:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။ ဤအခမ်းအနားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် Myanmar Book Plaza တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ ဆရာကြည်နိုင်၊ ဆရာချစ်ဦးညို ၊ ဆရာအောင်စောဦး၊ ဆရာမောင်နွေထက်၊ ဆရာထွန်းဝင်းငြိမ်းတို့က ဆရာကြီး၏ ငြိမ်းချမ်းရေးသဘောထား၊ မျိုးချစ်စိတ်ဓာတ်၊ လွတ်လပ်ရေးလှုပ်ရှားမှု၊ မှိုင်းရာပြည့်လှုပ်ရှားမှုတို့ကို ဟောပြောခဲ့ကြပြီး ဆရာကြီးရေးဖွဲ့ခဲ့သော လေးချိုးကြီးများကို ရွတ်ဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော ကဗျာဆရာများကလည်း ကဗျာများရွတ်ဆို ဂုဏ်ပြုခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ မှိုင်းငြိမ်းကွန်ရက်၊ ၇၄-၇၅ နိုင်ငံရေးအင်အားစုများ၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊ စာပေမွေ့သူများနှင့် ဆရာကြီးကို ချစ်ခင်ကြည်ညိုသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading