ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။ (၂၃၊ ၇၊ ၂၀၁၇)

Continue Reading

ကရင်ပြည်နယ် ဘားအံမြို့တွင်ကျင်းပသည့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်

ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်ကျောက်တိုင်၌ နှစ် ၇၀ မြောက် အာဇာနည်နေ့အခမ်းအနားကို ၁၉-၇-၂၀၁၇ နေ့တွင် ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် ရဲဘော်များ တက်ရောက်အလေးပြုခဲ့ကြပါသည်။

Continue Reading

မြင်းခြံမြို့နယ် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်

မြင်းခြံမြို့နယ် ဗိုလ်ချုပ်ရုပ်တု၌ ၁၉.၇.၂၀၁၇ ရက်နေ့တွင် ကျင်းပသည့် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရဲဘော်များ တက်ရောက် အလေးပြုခဲ့ကြပါသည်။

Continue Reading

နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်

နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားကို ယနေ့(၁၉-၇-၂၀၁၇)နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

Continue Reading

ကျောင်းသားသမဂ္ဂအဆောက်အဦးကိစ္စနှင့် ပတ်သက်၍ DPNS ၏ သဘောထား

ကျောင်းသားသမဂ္ဂအဆောက်အဦကိစ္စနှင့် ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား ဇူလိုင်လ ၁၇ ရက်နေ့ထုတ် 7DAY DAILY သတင်းစာတွင် ပါရှိသည့် သတင်းဖော်ပြချက်

Continue Reading

DPNS ပြည်ခရိုင်စည်းရုံးရေးကော်မတီ အစည်းအဝေး ကျင်းပ

လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ပြည်​ခရိုင်​စည်းရုံးရေးကော်မတီ၏ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို ၁၅-၇-၂၀၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများ ပါတီ​ရှေ့လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များအား ​​ဆွေး​နွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

တကသအဆောက်အဦးနှင့် ပတ်သတ်သည့် သဘောထားထုတ်ပြန်ချက်

တကသအဆောက်အဦးနေရာတွင် အဆောက်အဦသစ်တခု ပြန်ဆောက်လုပ်မည်ဆိုသည့် သတင်းနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ၏ သဘောထားကို (၁၅၊ ၇၊ ၂၀၁၇ ရက်စွဲဖြင့်) ထုတ်ပြန်ကြေညာပါသည်။

Continue Reading

မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်ကို DPNS မှ ငွေလှူဒါန်း

၂၉-၆-၂၀၁၇ ရက်နေ့မှ စတင်ဆင်နွှဲလျက်ရှိသည့် မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ငွေကျပ်တစ်သိန်းလည်း ပေးပို့လှူဒါန်းခဲ့ပါသည်။ ၎င်းအလှူငွေနှင့် ကြေညာချက်တို့အား ၁၃-၇-၂၀၁၇ ရက်နေ့ ညဦးပိုင်းတွင် အောင်မြေသာဇံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သွားရောက်ပေးပို့ လှူဒါန်းခဲ့ပါသည်။ တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်၏ အဓိကလိုလားချက်များမှာ သဏ္ဌာန်ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခံနေရသော တောင်သူလယ်သမားများကို အမှုများပိတ်သိမ်း လွှတ်ပေးရေးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တွေ့ဆုံဆွေးနွေး ညှိနှိုင်းခွင့်ရရေးတို့ ဖြစ်ပါသည်။

Continue Reading

မန္တလေးတောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်နှင့် ပတ်သက်သော ပါတီသဘောထားကြေညာချက် (၄/ ၂၀၁၇)

မန္တလေးတောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်နှင့် ပတ်သက်သော ပါတီသဘောထားကြေညာချက် (၄/ ၂၀၁၇) ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီက ထုတ်ပြန်ပါသည်။ [၁၃၊ ၇၊ ၂၀၁၇]

Continue Reading