(၄၄) နှစ်မြောက် ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှုနှစ်ပတ်လည်အခမ်းအနား
ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဗကသများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်သားဟောင်းများနှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းသားများ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးက သဝဏ်လွှာများပေးပို့ခဲ့ကြပြီး ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။
Continue Reading