ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on April 11th, 2016 သဘောထားထုတ်ပြန်ကြေညာချက် (၂ / ၂၀၁၆) ၁။ လွတ်မြောက်လာသော ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများကို မိမိတို့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုနှုတ်ခွန်းဆက်ပါသည်။ ၂။ ထိုသို့ လွတ်မြောက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ရဲဘော်များ လွတ်မြောက် ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အစိုးရသစ်၏ အားထုတ်မှုများအပေါ် မိမိတို့ပါတီက လေးစားအသိအမှတ်ပြုပါသည်။ ၃။ ပြန်လည်လွတ်မြောက်လာပြီး (၉၊၄၊၂၀၁၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်ပါ ရပ်တည်ချက်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်း ဆောင်များ၏ တရားဝင် ထုတ်ဖေါ်ပြောကြားချက်များကို မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံပါသည်။ ၄။ ကျောင်းသားထုနှင့် လူမျိုးစုံမြန်မာပြည်သူတရပ်လုံး၏ ရေရှည်အကျိုးကို အပြည့်အ၀အာမခံသည့် အမျိုးသားပညာ ရေးဥပဒေတရပ် အခိုင်အမာ ပေါ်ထွက်လာရေးအတွက် ယခင်အစိုးရက ပစ်ပယ်ထားခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရသစ်၊ လွှတ်တော်သစ်တို့နှင့် ဆက်လက်ဆောင်ရွက်သွားကြရန် သက်ဆိုင်သူအားလုံးကို မိမိတို့ ပါတီက အလေးအနက် တိုက်တွန်းအပ်ပါသည်။ ၅။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီတို့ အပါ အ၀င် ကျောင်းသားသမဂ္ဂများနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီမို ကရေစီပညာရေးလှုပ်ရှားမှုနှင့် မပြီးဆုံးသေးသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဆက်လက် သယ် ဆောင်ကြရမည့် ဒီမိုကရေစီအရေးတော်ပုံတပ်သားများ ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ၆။ သို့ပါ၍ ဒီမိုကရေစီအရေးတော်ပုံတပ်သားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှု ပျက်ပြားအောင်၊ အထင်အ မြင် လွဲမှားအောင်၊ အပြန်အလှန်တန်ဖိုးထားမှု လျော့ပါးအောင် ရည်ရွယ်ချက်ရှိရှိ အကွက်ချ ပြောဆိုရေးသားနေမှုများ ကို မိမိတို့ပါတီက အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်။ ၇။ မိမိတို့ပါတီသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အပါအဝင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရသစ်၏ လွှတ်တော်တွင်းဆောင်ရွက်မှုများနှင့် ဆက်စပ်၊ အကောင်အထည်ဖော်သွားရေးအတွက် မိတ်ဆွေ နိုင်ငံ ရေးအင်အားစုများ၊ ဗကသများအဖွဲ့ချုပ် အပါအဝင် ကျောင်းသားအင်အားစုများ၊ တိုင်းရင်းသားပြည်သူများ၊ အရပ်ဖက် အင်အားစုများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့နှင့် ဆက်လက် ပူးပေါင်းဆောင် ရွက်၊ အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း လေးလေးနက်နက် ဖော်ပြအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၁၁ ရက်။
By DPNS INFORMATION, on April 10th, 2016
၂၀၁၆ ဧပြီလ ၁၀ရက်နေ့တွင် ကျရောက်သည့် (၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို နေပြည် တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အောင်နန်းချို ကျေးရွာတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူး(၂) နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါ သည်။ ပါတီမှ ဂုဏ်ပြုသ၀ဏ်လွှာလည်း ပေးပို့ခဲ့ပါသည်။ အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ တက်ရောက် မိန့်ခွန်းပြော ကြားခဲ့ကြသည်။ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ် ဆရာ၊ဆရာမများသမဂ္ဂနှင့် အခြား နိုင်ငံရေးအဖွဲ့အစည်းများကလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။ အခမ်းအနားတွင် ပညာရေး၊ အားကစား၊ အနုပညာစသည့် နယ်ပယ်အသီးသီးတွင် ထူးချွန်သည့် ကယန်းတိုင်းရင်း သားများကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပါတီရဲဘော်များသည် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌနေအိမ်သို့ သွားရောက်ပြီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးစောလွင်နှင့် လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးအလားအလာများကို ဆွေးနွေး ခဲ့ကြပါသည်။
By DPNS INFORMATION, on April 8th, 2016
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ဆန္ဒပြသဖြင့် မတရား ဖမ်းဆီးချုပ် နှောင်ခံထားရသည့် ကျောင်းသားများ၊ ဝန်းရံပြည်သူများသည် သာယာဝတီ၊ မြင်းခြံနှင့် အင်းစိန်အကျဉ်းထောင်တို့မှ ၈၊ ၄၊ ၂၀၁၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြပါသည်။ ပြန်လည်လွတ်မြောက်လာသူများက ရန်ကုန်မြေသို့ ပြန်ရောက်ရောက်ချင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။ ကျောင်းသားများနှင့် ၀န်ရံပြည်သူများကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေး အဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူများ၊လူထု အခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူများက ဆရာကြီးဂူဗိမာန်မှ တခဲနက် ၀မ်းသာလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်ကြပါသည်။ ထိုနှုတ်ဆက်ပွဲတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ကိုယ်စား ဦးအောင်ထိုက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်ကိုယ်စား ဦးထွန်းဝင်းငြိမ်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ ကြပါသည်။ လွတ်မြောက်လာသူများကိုယ်စား ဗကသများအဖွဲ့ချုပ်မှ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမိုးထက်နေနှင့် မအိသဉ္ဇာ မောင်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြပြီး ည ၁း၀၀ နာရီကျော်တွင် ကြိုဆိုဂုဏ်ပြုပွဲ ပြီးဆုံးခဲ့ပါသည်။
By DPNS INFORMATION, on April 5th, 2016 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရသစ်သို့ တိုက်တွန်းအကြံပြုချက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းလိုက်သည့် အစိုးရသစ် ကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နွေးထွေးစွာ ကြိုဆိုပါသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းနှင့် အစိုးရ သစ်ကို ယခုကဲ့သို့ ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ခြင်းတို့သည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်သလို လူထုလူတန်းစားအသီးသီးနှင့် လူမျိုးစုံပြည်သူတို့၏ ဒီမိုကရေစီရေးတိုက်ပွဲတလျှောက်လုံး ဘ၀ပေါင်းများစွာ၊အသက်ပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ကာ မဆုတ်မနစ် ရုန်းကန်တိုက်ပွဲ ၀င်ခဲ့မှုများကြောင့်လည်း ဖြစ်သည်ဟု မိမိတို့ပါတီက ခံယူပါသည်။ အစိုးရသစ်အနေဖြင့် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာ၏ ထောက်ခံဝန်းရံမှုများ၊ မျှော်လင့်မှုများကို ရရှိပိုင်ဆိုင်ထား နိုင်သည့်အတွက် မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူပါသည်။ ဤသို့သော ထောက်ခံဝန်းရံမှုမျိုးသည် အစိုးရတရပ် အဖို့ တန်ဖိုးဖြတ်၍မရသော အင်အားများ ဖြစ်ပါသည်။ တပြိုင်တည်းတွင် အစိုးရသစ်အဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိတ်ဆို့ကန့်သတ်ထားမှုများအောက်တွင် စိန်ခေါ် ချက်များ၊ အခက်အခဲများကိုလည်းကောင်း၊ ယခင်အစိုးရက မီးမွှေးချန်ထားပစ်ခဲ့သော ပြဿနာမျိုးစုံကိုလည်းကောင်း မရှောင်မလွှဲ သာ ရင်ဆိုင်ကြရလိမ့်မည်ဟု မိမိတို့ပါတီက သုံးသပ်ပါသည် လူမျိုးစုံပြည်သူတို့၏ မျှော်လင့်ချက်များကို ဖြည့်စွမ်းနိုင်ဖို့နှင့် အခက်အခဲအတားအဆီးတိုင်းကို ကျော်လွှားနိုင်ဖို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဟာမိတ်စည်းကို ကျယ်ကျယ်ဖွင့်ထားရန် လိုအပ်ပါသည်။ မဟာမိတ်များနှင့် လူထုတရပ် လုံး၏ အပြည့်အ၀ ၀န်းရံလက်တွဲဆောင်ရွက်မှုကို တန်ဖိုးထားစွာဖြင့် လမ်းဖွင့်ကြိုဆို ရယူနိုင်ရန် လိုအပ်သည်ဟု အလေးအနက် အကြံပြုအပ်ပါသည်။ ထို့အပြင် ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊အလုပ်သမား၊လယ်သမားများအပါအ၀င် မတရားဖမ်းဆီးခံထားကြရသည့် နိုင်ငံ ရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရေး၊ ယခင်အစိုးရများကြောင့် နိုင်ငံတကာသို့ ရောက်ရှိနေကြသော အင်အားစုများ ပြည်တွင်းသို့ ပြန်လာခွင့် ရရှိရေး၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုအသီးသီး ငြိမ်းချမ်းရေး တံခါးပွင့်သွားရေးတို့အတွက် အစိုးရသစ်အနေဖြင့် ပွဲဦးထွက်ခြေလှမ်းတလှမ်းအဖြစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို အမြန်ဆုံး ကြေညာပေးသင့် ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။ မိမိတို့ပါတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အဖိနှိပ်ခံများလွတ်မြောက်ရေးနှင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များအတွက် ကျရာအခန်းမှ အတက်ကြွဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မှန်ကန်သည့် လုပ်ရပ်များကို မိမိတို့ပါတီ ၏ (၂၈) နှစ်တာ သက်တမ်းတလျှောက် ၀န်းရံထောက်ခံခဲ့သည့်နည်းတူ ယခုကာလများမှာလည်း မိတ်ဆွေပီသစွာ ဆက်လက် ၀န်းရံသွားမည်ဖြစ်ကြောင်း မိမိတို့ပါတီ၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၅ ရက်။
By DPNS INFORMATION, on April 4th, 2016
၂၀၁၆၊ ဧပြီလ ၄ ရက်နေ့က ပါတီဌာန ချုပ်ရုံး၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာ ကော်မတီက တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးတွင် ကော်မတီဝင်ရဲဘော်များက မိမိတို့ဒေသအသီးသီးတွင် ကြုံတွေ့နေရသော လယ်ယာမြေပြဿနာ များ၊ တောင်သူလယ်သမားတို့၏ အခက်အခဲနှင့် အခြေအနေများကို တင်ပြဆွေးနွေးကြပြီး ကော်မတီအနေဖြင့် ဆောင် ရွက်ကြရမည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိအောင် ဆောင်ရွက်ရေး၊ ပုံစံ (၇) ရရှိရန်အတွက် လယ်သမားများကို အကူအညီပေးရေး၊ လယ်သမားများ၏ အရည်အချင်းနှင့် ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် သင်တန်းများ၊ အလုပ်ရုံဆွေး နွေးပွဲများ ပြုလုပ်ပေးရေးနှင့် တောင်သူလယ်သမားများ၏ ဒေသအလိုက်သမဂ္ဂများ ဖွဲ့စည်းရာတွင် ၀န်းရံကူညီရေး စသည့်လုပ်ငန်းရပ်များကို
By DPNS INFORMATION, on April 2nd, 2016
ရဲဘော်မင်းနိုင် ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကျွေးအလှူဒါနကို ၂-၇-၂၀၁၆ ရက်နေ့က ကရင်ပြည်နယ်။ ဘားအံမြို့ ရဲဘော်မင်းနိုင်၏ မိသားစုနေအိမ်နှင့် ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်း ၃၅ ရပ်ကွက်ရှိ ရဲဘော်မင်းနိုင်၏ မိဘနေအိမ်တို့တွင် ပြုလုပ်ခဲ့ကြပါသည်။ ရန်ကုန်အိမ်သို့ ပါတီဋ္ဌာနချုပ်မှ အတွင်းရေးမှူး(၁) ဦးသီဟနှင့်အဖွဲ့ သွားရောက်ကူညီခဲ့ကြပြီး ဘားအံမြို့ မိသားစု နေအိမ်သို့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ၀င် ဦးတိုးတိုးထွန်းနှင့် ဈာပနကော်မတီဝင်များ သွားရောက် ၀ိုင်းဝန်းခဲ့ကြပါသည်။ နော်ဝေ၊ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာရောက် ရဲဘော်မင်းနိုင်၏ ရဲဘော်မိတ်ဆွေများထံမှ ပေးပို့လှူဒါန်း ထားသည့် အလှူငွေများကိုလည်း ဈာပနကော်မတီကိုယ်စား ဒေါ်နှင်းနှင်းမွှေးက မိသားစုလက်ဝယ်အရောက် စာရင်း နှင့်တကွ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ဘားအံရောက် ဋ္ဌာနချုပ်ရဲဘော်များသည် မိသားစုကို နွေးထွေးစွာ အားပေးနှစ်သိမ့်ပေးခဲ့ကြပြီး ၃။၇၊၂၀၁၆ ရက် နေ့ ညနေတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။
By DPNS INFORMATION, on March 30th, 2016
ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂလိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။
By DPNS INFORMATION, on March 29th, 2016
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုစည်းရုံရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ဘားအံမြို့နယ်စည်းရုံးရေးကော်မတီနှင့် ၁၄၊ ၃၊ ၁၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။
ဘားအံတွေ့ဆုံမှုတွင် ဗဟိုစည်းရုံရေးကော်မတီဝင် ဦးမင်းနိုင်၊ ဘားအံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင် အပါ အ၀င် မြို့နယ်စည်းရုံးရေးကော်မတီဝင်များက ဘာအံမြို့နယ်စည်းရုံးရေးအခြေအနေများ၊ ကရင်ပြည်နယ်အတွင်း အခြား မြို့နယ်များ၏စည်းရုံးရေးအခြေအနေများကို တင်ပြကြသည်။ ဖမ်းဆီးထိမ်းသိမ်းခံထားရသော ရဲဘော်ဇော်ရဲထက်၏ အမှု ဖြစ်စဉ်များနှင့် အခြေအနေတို့ကိုလည်း တင်ပြကြပါသည်။
ပါတီဥက္ကဋ္ဌနှင့် ဦးတိုးတိုးထွန်းတို့ကလည်း လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခြေအနေများ၊ ပါတီမှ ထိုအခြေအနေသစ် များအပေါ် ထားရှိသည့်သဘောထားများ၊ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ပြင်ဆင်ထားသင့်သည်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းဓါတ်ပုံ
By DPNS INFORMATION, on March 23rd, 2016 (၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ (မူကြမ်း) ၁။ ကယန်းပြည်သူတို့၏ ကယန်းအမျိုးသားထုတရပ်လုံးကို နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။ အမျိုးသားပေါင်းစည်းမှု အောင်မြင်ခြင်းအမှတ်အသားဖြစ်သည့် ကယန်းအမျိုးသားနေ့ အခါ သမယတွင် မိမိတို့ပါတီက ဤဂုဏ်ပြုသဝဏ်လွှာဖြင့် ၂။ ကယန်းအမျိုးသားပြည်သူတို့ သမိုင်းတလျှောက် စွဲမြဲခိုင်မာစွာ ကိုင်စွဲခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စံနစ် အကုန်အစင် ဖျက်သိမ်းရေး စသည့် ရပ်တည် ချက်များကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ပြည့်ပြည့်ဝဝ ထောက်ခံပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။ ၃။ ရှေ့ အနာဂတ်ကာလများတွင်လည်း မပြီးပြတ်နိုင်သေးသည့် လူမျိုးစုံအမျိုးသားပြည်သူတို့ လွတ်မြောက်ရေး၊ ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဖက်ဒရယ် ပြည် ထောင်စုကြီး တည်ဆောက်ရေး စသည့် တာဝန်များ ပြီးပြတ်အောင်မြင်သည်ထိ မိမိတို့ပါတီသည် ကယန်းအမျိုးသားပြည်သူ တို့နှင့် အခိုင် အမာ သွေးစည်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ချစ်ကြည်စွာ ဖော်ပြလျက် ဤ သဝဏ်လွှာကို ပေးပို့ ဂုဏ်ပြု အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ (၁၀) ရက်။
By DPNS INFORMATION, on March 22nd, 2016
၂၀၁၆၊ မတ်လ ၂၂ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၏ စုဆုံပွဲတရပ်ကို ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။
စုဆုံပွဲသို့ ရန်ကုန်၊ မန္တလေး၊ ပဲခူးခရိုင်၊ မြင်းခြံခရိုင်၊ မုံရွာခရိုင်၊ ပခုက္ကူခရိုင်တို့မှ ကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည် ခရိုင်ကွန်ရက်မှာမူ ရွှေတောင်မြို့ ၀ါးလည်ရွာတွင် ကျင်းပမည့် နှစ် (၁၄၀) ပြည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း မွေးနေ့ အခမ်း အနားကို ဦးဆောင် ကျင်းပ ရမည့်တာဝန်နှင့် အလုပ်များနေသည့်အတွက် ဤစုဆုံပွဲသို့ မတက်ရောက်နိုင်ခဲ့ပါ။
ပါတီသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တွင် အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်ပါသည်။ ကွန်ရက်တွင် ပါတီမှ ကိုယ် စားလှယ်၂ ဦး ပါဝင်ပြီး ယခုစုဆုံပွဲတွင် ပါတီကိုယ်စားလှယ်
|