DIPD က စီစဉ်ကျင်းပသည့် “နိုင်ငံရေးပါတီအချင်းချင်းကြား စကားဝိုင်းများတည်ဆောက်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို မြှင့်တင်ခြင်း” ဆွေးနွေးပွဲ တက်ရောက်ဆွေးနွေး

DIPD က စီစဉ်ကျင်းပသည့် “နိုင်ငံရေးပါတီအချင်းချင်းကြား စကားဝိုင်းများတည်ဆောက်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို မြှင့်တင်ခြင်း” ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဒိန်းမတ်ဆိုရှယ်လစ်ပြည်သူ့ပါတီမှ Mr. Holger K Nlelsen နှင့် ဒိန်းမတ် ကွန်ဆာဗေးတစ်ပါတီမှ Mr. Rolf Aagaard-Svendsen တို့က ၎င်းတို့၏ နိုင်ငံရေးအတွေ့အကြုံများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး မြန်မာ့နိုင်ငံရေးပါတီများကြားတွင် စကားဝိုင်းများတည်ဆောက်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီပေါင်း ၂၀ ကျော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များသည် ဇန်နဝါရီလ၊ ၁၆ ရက်နေ့ညနေပိုင်းတွင် DPNS ဌာချုပ်ရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေသော ပဋိပက္ခများနှင့်ပတ်သက်၍ DPNS ဗဟိုကော်မတီဝင်များနှင့် အမြင်သဘောထားချင်း ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

Continue Reading

ပါတီဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၉ ပြုလုပ်

ပါတီဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၉ ကို ဇန်နဝါရီလ ၁၄ – ၁၅ ရက်နေ့တို့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၈၊ ဒီဇင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် ပထအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ရလဒ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာ တင်ပြချက်နှင့် လုပ်ငန်းအစီရင်ခံစာတို့ကို တင်ပြအစီရင်ခံခဲ့ပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဗဟိုကော်မတီဝင်များက ပါတီတည်ဆောက်ရေး၊ စည်းရုံးရေးလုပ်ငန်းများအပါအဝင် အခြေခံလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၁/၂၀၁၉ ပြုလုပ်

ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ၁/၂၀၁၉ကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဗဟိုကော်မတီအစည်းအဝေး၌ တင်ပြရန်ရှိသည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Continue Reading

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၂/၂၀၁၉ ပြုလုပ်

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ၂/၂၀၁၉ ကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ဇန်နဝါရီလ ၁၆ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၉ ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရေးဆွဲခဲ့ကြပါသည်။

Continue Reading

ဒေသဆိုင်ရာလွှတ်တော်များ အားပေးကူညီရေးအဖွဲ့မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ လာရောက်မေးမြန်းဆွေးနွေး

ဒေသဆိုင်ရာလွှတ်တော်များ အားပေးကူညီရေးအဖွဲ့သည် ၂၀၁၉၊ ဇန်နဝါရီ၊ ၁၆ ရက်နေ့ ညနေပိုင်းတွင် ပါတီဌာနချုပ်ရုံးသို့ လာရောက်၍ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ဆွေးနွေးမေးမြန်းခဲ့ရာ ပါတီဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ တက်ရောက်

၂၀၁၉၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပခဲ့ပါသည်။ ညစာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ရေးရာဥက္ကဋ္ဌများ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ခဲ့ပါသည်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ပြင်ဦးလွင်မြို့တွင် ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေးကို ၂၀၁၈၊ ဒီဇင်ဘာလ၊ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ပြင်ဦးလွင်မြို့၊ အာရှအလင်းရောင်ဖောင်ဒေးရှင်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အဖွင့်စကားပြောကြားခြင်း၊ ဗဟိုစည်းရုံးရေးကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာကို တင်သွင်းခြင်း၊ ဗဟိုစည်းရုံးရေးကော်မတီ၏ လုပ်ငန်းအစီရင်ခံစာတင်သွင်းခြင်း၊ ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းခြင်း၊ အမျိုးသမီးလုပ်ငန်းကော်မတီအစီရင်ခံစာ တင်သွင်းခြင်း၊ လူ့ဘောင်သစ်လူငယ်အစီရင်ခံစာတို့ကို တင်သွင်းခဲ့ကြပြီး ကိုယ်စားလှယ်များက အစီရင်ခံစာများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး (၂/၂၀၁၈)က သုံးသပ်တင်ပြသော ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့် မူဝါဒများကို တင်ပြဆွေးနွေး၍ အတည်ပြုခဲ့ကြပါသည်။ စုံညီအစည်းအဝေး လုပ်ထုံးလုပ်နည်းများကို ဝိုင်းဝန်းဆွေးနွေး အတည်ပြုပြီးနောက် အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ရွေးချယ်တင်မြှောက်ရေးကော်မရှင်ဖွဲ့စည်းကာ ဗဟိုကော်မတီအသစ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။ အစည်းအဝေး အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခံ ဗဟိုကော်မတီအစည်းအဝေး ၁/၂၀၁၈ […]

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်

၂၀၁၈၊ ဒီဇင်ဘာလ၊ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်တာ ကျင်းပခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။

Continue Reading

ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မသက်ထားဆွေ (ဥက္ကဋ္ဌ – ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ၊ အလုပ်အမှုဆောင် – ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်) ၏ အမှတ်တရစကား

ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မသက်ထားဆွေ (ဥက္ကဋ္ဌ – ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ၊ အလုပ်အမှုဆောင် – ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်) ပြောကြားသည့် အမှတ်တရစကား။၁၉၊ ၁၂၊ ၂၀၁၈။ အာရှအလင်းရောင် ဖောင်ဒေးရှင်းခန်းမ၊ ပြင်ဦးလွင်မြို့

Continue Reading