ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on March 10th, 2017
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ခံရခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ၁၀၊၃၊၁၇ ရက်နေ့ နံနက် ၁၀:၁၀ နာရီအချိန်တွင် လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းတိုက်၌ ဗကသများအဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသူရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အောင်မြေဗိမာန် ကျောင်းထိုင်ဆရာတော်က ဩဝါဒကထာ မြွက်ကြားပေးခဲ့ပါသည်။ ထို့နောက် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများ ဖတ်ကြားခဲ့ပြီး သပိတ်တွင် ပါဝင်ခဲ့သူများကလည်း အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ အခမ်းအနားသို့ ဗကသများအဖွဲ့ချုပ်၊ အကသ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျောင်းသားမိဘများ၊ သပိတ်တွင် ပါဝင်ခဲ့သူများ၊ ဒေသခံများ တက်ရောက်ခဲ့ကြပါသည်။
By DPNS INFORMATION, on March 10th, 2017 ” ကျွန်းပြန်ရဲဘော်ကြီး ဦးချို (သထုံဆောင် – သဟာယ နှင့် စာဖတ်အသင်း ဥက္ကဋ္ဌ ၁၉၆၂) ၏ ဈာပနအခမ်း အနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၏ သဝဏ်လွှာ [၁၀၊ ၃၊ ၂၀၁၇] ”
By DPNS INFORMATION, on March 9th, 2017 ” လက်ပံတန်း အကြမ်းဖက်မှု ၁၀း၁၀ (၂)နှစ်ပြည့် ”
By DPNS INFORMATION, on March 8th, 2017 အဖွဲ့ချုပ်ကို ပြည်သူကထောက်ခံထားတာ၊ တပ်မတော်က ပြည်သူလူထုရဲ့ဆန္ဒကို အလေးအနက်ထားရမယ်၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမိန့်တွေကို နာခံရမှာ လက်ရှိလူထုအစိုးရပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လောက်အထိ သစ္စာခံလဲ၊ မခံလဲဆိုတဲ့ အပေါ်မှာ အစိုးရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းက မူတည်နေတယ်ဟု ဦးအောင်မိုးဇော်ဆို
By DPNS INFORMATION, on February 28th, 2017
တကသအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရန် အစည်းအဝေးကို၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၈)ရက်နေ့တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီခန့်အထိ ကျင်းပခဲ့ရာ မျိုးဆက်အသီးသီးမှ သမဂ္ဂကျောင်းသားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ တက်ရောက်ဆွေးနွေးခဲ့ကြသော ၁၉၅၃-၂၀၁၇ ကျောင်းသားမျိုးဆက်များက တနိုင်ငံလုံးရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ အားလုံးတွင် သမဂ္ဂ၏ တရားဝင်တည်ရှိမှုအား တစုံတရာ အာမခံချက် ရရှိပြီးမှသာ ကော်မတီဖွဲ့စည်းရေးအတွက် ကျယ်ပြန့်သည့် အစည်းအဝေးများ ပြုလုပ်ခြင်း က လက်တွေ့ကျပြီး ပိုမိုအကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဟု ၎င်းတို့အားလုံး၏ သဘောထားကို ဖေါ်ပြ ဆွေးနွေးခဲ့ကြသည်။
By DPNS INFORMATION, on February 27th, 2017
ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ဆွေးနွေးတိုင်ပင်သည့်အစည်းအဝေးကို ၂၇၊၂၊၁၇ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လွိုင်ကော်ခရီးစဉ် ဆွေးနွေးရရှိချက်များနှင့် လုပ်ငန်းစဉ်များ၊ ပန်ဆန်းညီလာခံအပေါ် သုံးသပ်ချက်၊ မြန်မာ့ငြိမ်းချမ်းရေး ရှေ့အလားအလာများ၊ တကသအဆောက်အဦ ပြန်လည်ဆောက်လုပ်မည့်ကိစ္စအပေါ် သဘောထားတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on February 23rd, 2017 တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးကိစ္စအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား ယနေ့ (၂၃၊ ၂၊ ၂၀၁၇ တွင်) ထုတ်ပြန် ကြေညာလိုက်ပါသည်။
By DPNS INFORMATION, on February 18th, 2017
ဦးငွေလင်းနှင့် ဒေါ်နှင်းနှင်းမွှေး(DPNS)၊ ကိုကောင်းထက်ကျော် (ABFSU)၊ ဦးထွန်းဝင်းငြိမ်း(မှိုင်း-ငြိမ်းကွန်ရက်)၊ ကိုသီဟဝင်းတင်(SDUF) တို့သည် ငြိမ်းချမ်းရေးလှုပ်ရှားမှုခရီးစဉ်အဖြစ် ၁၆၊၂၊၁၇ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။ ထိုနေ့ နံနက်ပိုင်းတွင် ကလလတခေါင်းဆောင်များနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌနှင့်လည်းကောင်း၊ ၁၇၊၂၊၁၇ ရက်နေ့နံနက်ပိုင်းတွင် ကရင်နီပြည် လူငယ်များသမဂ္ဂ တာဝန်ရှိသူများနှင့်လည်းကောင်း၊ နေ့လည်ပိုင်းတွင် ကယန်းမျိုးဆက်သစ်လူငယ် ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး လက်ရှိအခြေအနေများကို ဆွေးနွေးသုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းတွင် ကယန်းအမျိုးသားခေါင်းဆောင်ကြီး ဦးရွှေအေး၏ဇနီးကိုလည်း သွားရောက်ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါသည်။
By DPNS INFORMATION, on February 16th, 2017
” ၁၆၊ ၂၊ ၂၀၁၇ တွင် ကျရောက်သည့် ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း (၂၄) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ – တောင်ဥက္ကလာပရှိ စိတ်တိုင်းကျ လ္ဘက်ရည်ဆိုင်တွင် ကျင်းပခဲ့ရာ ကျွန်းပြန်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့တိုးတက်ရေးပါတီရဲဘော်ကြီးများ၊ ဆရာကြီးသခင်ကိုယ်တော်မှို်င်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄ – ၇၅ – ၇၆ နိုင်ငံရေးအင်အားစုများ၊ ဗကသရဲဘော်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စသည့် နိုင်ငံရေးအင်အားစုများမှ တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။ ”
By DPNS INFORMATION, on February 14th, 2017
KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း ၉ နှစ်မြောက် နှစ်လည် အောက်မေ့ဖွယ်အခမ်းအနားနှင့် ကြေးရုပ်တုဖွင့်ပွဲကို ဖဒိုမန်းရှာ၏ဇာတိ ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ကြေးရုပ်တုကို ဒေသခံဆရာတော်များ၊ ကရင်အမျိုးသားနိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံကရင်အမျိုးသားများက ဖွင့်လှစ်ပေးခဲ့ပြီး ဖဒိုမန်းရှာ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့သည်။ အခမ်းအနားကို ဖန်းဖောင်ဒေးရှင်း၏ ဆုပေးပွဲနှင့် တွဲဖက်ပြုလုပ်ခဲ့ပြီး ဆရာတော် သံဃာတော်များ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ တက်ကြွလှုပ်ရှားသူများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်အမျိုးသားများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ပဒိုမန်းရှာ၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။ ဖဒိုမန်းရှာ၏ အကိုဖြစ်သူ မန်းတင်ရွှေက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
|