ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on September 21st, 2018
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)က အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ၂၀၁၈၊ စက်တင်ဘာ၊ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ၊ မဟာမိတ်အင်အားစုများ တက်ရောက်ခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် ဦးတိုးတိုးထွန်း(DPNS)မှ လူငယ်တပ်ပေါင်းစုဖြစ်ပေါ်လာပုံနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်ခြင်းကြောင့် ဆွေးနွေးဖလှယ်မှုမှတဆင့်၊ အတွေးအမြင်မှတဆင့် အလုပ်များထွက်ပေါ်လာမှာဖြစ်ကြောင်း၊ အနာဂါတ်တွင် ငြိမ်းချမ်းရေးအတွက် ပိုမိုအားကောင်းလာနိုင်ပြီး ကွန်ဂရက်၏ရည်ရွယ်ချက် ဦးတည်ချက်ကို သွားရာရောက်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် လူ့ဘောင်သစ်လူငယ်က စီစဉ်ကျင်းပသည့် “နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ”ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေးနွေးပွဲနှင့် ဂီတဖျော်ဖြေပွဲကို ၂၀၁၈၊ စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ Pansodan Scene တွင် ပြုလုပ်ခဲ့ပါသည်။ ပထမပိုင်း လူငယ့်အမြင်ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး ကိုမျိုးစော့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများက ”We shall Overcome” သီချင်းကို သီဆိုဖျော်ဖြေခဲ့ကြပါသည်။
By DPNS INFORMATION, on September 19th, 2018
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို ၂၀၁၈၊ စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ငြိမ်းချမ်းရေးအတွက် အတူတကွ၊ အားလုံးအတွက် တန်းတူညီမျှမှု “Together for peace, Equality for all”ဟူသည့် အကြောင်းအရာဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နှင်းနှင်းမွှေးနှင့် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။ စက်တင်ဘာ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။
By DPNS INFORMATION, on September 19th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ဆောင်ပုဒ်ဖြစ်သည့် ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆောင်ပုဒ်နှင့်အညီ လေူထုစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈၊ စက်တင်ဘာ ၁၉ ရက်နေ့တွင် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဒေသခံစည်းရုံးရေးမှူးများက မြင်းခြံမြို့နယ်၊ ဖုံရွာ၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရပ်ကျေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါသည်။
By DPNS INFORMATION, on September 19th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ၂၀၁၈ စက်တင်ဘာ ၁၉ ရက်နေ့တွင် ဖုံရွာ၊ ဖောင်းကား၊ သမုန်းကိုင်း၊ ပျော်ဘွယ်၊ ရွာသာ၊ စံပြကျေးရွာများသို့ ကျေးလက်လူထုစည်းရုံးရေးခရီးစဉ် သွားရောက်၍ လက်ကမ်းစာစောင်များ ဝေငှပြီး ဒေသခံများသိလိုသည်များကို ရှင်းပြခဲ့ကြပါသည်။
By DPNS INFORMATION, on September 17th, 2018
မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ပါတီထောက်ခံသူများသည် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဆီမီးခုံ၊ ကွေ့ကြီး၊ ကတော၊ ကုလ၊ လှိုင်းတက်ရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ညနေပိုင်းတွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ စည်းရုံးရေးမှူးများက မရိုးကုန်းကျေးရွာ၌ ရပ်ကျေးဆိုင်းဘုတ် စိုက်ထူခဲ့ကြပါသည်။
By DPNS INFORMATION, on September 16th, 2018
မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖက်ပင်အိုင်၊ ဆုံရွာ၊ တဲကြီးကုန်း၊ မြစ်သာ၊ ငနန်း၊ နံ့သာလှိုင်၊ ညောင်ပင်သာ အစရှိသည့် ကျေးရွာများသို့ သွားရောက်ခဲ့ကြပါသည်။ ၎င်းကျေးရွာများရှိ ကျေးလက်နေပြည်သူများအား လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။ ရွေးကောက်ပွဲအနိုင်ရရှိပါက ပါတီကဆောင်ရွက်ပေးမည့်ကိစ္စရပ်များနှင့် ပါတီ၏မူဝါဒများ၊ ရပ်တည်ချက်များကိုလည်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။
By DPNS INFORMATION, on September 15th, 2018
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် စက်တင်ဘာ ၁၅ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။ ကျားတိုင်း၊ သိမ်ရွာ၊ ရွာရှည်၊ ဆင်းဂွတ်၊ မရိုးကုန်းရွာများရှိ ကျေးလက်နေပြည်သူတို့ထံသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှပြီး ပါတီ၏ရပ်တည်ချက်နှင့် မူဝါဒသဘောထားများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။
By DPNS INFORMATION, on September 13th, 2018
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာလ ၁၃ ရက်နေ့တွင် မြင်းခြံမြို့နယ် ဂင့်ဂဲ၊ ဥဒယ၊ စားကြူး၊ ကန်တော်ရွာများရှိ ကျေးလက်နေပြည်သူများထံသို့ ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း ပြည်သူ့အသံ၊ DPNS အသံ ဖြစ်စေရန်အတွက် ပြည်သူများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ဘဝအခြေအနေများကိုလည်း လေ့လာခဲ့ကြပါသည်။
By DPNS INFORMATION, on September 12th, 2018
မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဦးဖြိုးဟန်နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုသည့် ပါတီဆောင်ပုဒ်နှင့်အညီ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆင်ချောင်း၊ ကိုင်း၊ ရန္တပို၊ ညောင်တိုကျေးရွာများရှိ ကျေးလက်နေပြည်သူများထံသို့ အရောက်သွားခဲ့ကြပါသည်။ ထိုသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း လူထုအသံ၊ DPNS အသံ ဖြစ်စေရန်အတွက် ပြည်သူများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ဘဝအခြေအနေများကိုလည်း လေ့လာခဲ့ကြပါသည်။
Page 2 of 56«12345...102030...»Last »
|