DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန မြစ်ကြီးနား

၂၀၂၀၊ မေ၊ ၅-၆၊ မြစ်ကြီးနား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ မေလ၊ ၅ ရက်နေ့တွင် Kachin state Covid 19 Prevention Network သို့ PPE ၄ စုံ၊ မေလ၊ ၆ ရက်နေ့တွင် အထွထွေရောဂါကုဆေးရုံကြီး (မြစ်ကြီးနား) သို့ PPE ၆ စုံ ပေးပို့လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

Continue Reading

DPNS မြင်းခြံရဲဘော်များ၏ covid-19 ကာကွယ်ရေး လှုပ်ရှားမှုများ

၂၀၂၀၊ မေ၊ ၄-၆။ မြင်းခြံ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ရဲဘော်များသည် အစ်ဆာရာ(မြန်မာ)၊ အနာဂတ်အလင်းတန်းဆုံမှတ်တို့နှင့် ပူးပေါင်းလျက် ၂၀၂၀၊ မေလ ၄ ရက်နှင့် ၆ ရက်နေ့များတွင် COVID-19 ကျန်းမာရေးအသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးခြင်း ၊ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၂၀၊ မေလ ၄ ရက်နေ့တွင် ထနောင်းတိုင်ကျေးရွာ COVID-19 ထိမ်းချုပ်ကာကွယ်ရေးကော်မတီသို့လည်းကောင်း၊ မေလ၊ ၆ ရက်နေ့တွင် ကျားတိုင်း၊ ကျောက်ကုန်းကျေးရွာများသို့လည်းကောင်း ကျန်းမာရေးပညာပေးဗွီနိုင်းများ၊ လက်ကမ်းစာစောင်များကို ဆက်သွယ်ပေးပို့ခဲ့ပါသည်။၊ မြင်းခြံမြို့နယ်၊ အမှတ် ၂ ရပ်ကွက်တွင်လည်း ကိုဗစ်19 ရောဂါ ပညာပေးနှင့် ကောလာဟလသတင်းများ သတိပြုစေရန် ရှင်းလင်းပြောကြားခဲ့ကြပါသည်။

Continue Reading