မူးယစ်ဆေးဝါးမူဝါဒပြောင်းလဲခြင်းဆိုင်ရာ စာတမ်း မိတ်ဆက်ပွဲသို့ ဘားအံမြို့နယ်စည်းကော်မတီမှ တက်ရောက်

People in Need လောကအလင်းနှင့် European Partnership for Democracy တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်းဆိုင်ရာ အစီရင်ခံစာမိတ်ဆက်ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့  ခွယ်ကဘောင်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌနှင့် စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″] 

Continue Reading

Best Prictices on Security Sector Workshop ဒုတိယနေ့သို့ တက်ရောက်ဆွေးနွေး

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ဒုတိယနေ့ကို ၂၀၁၈ ဇန်နဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာနည်းနာများ အစရှိသည်တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]  

Continue Reading

Best Prictices on Security Sector Workshop ပထမနေ့ ဆွေးနွေးပွဲသို့ တက်ရောက်

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ကို ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Security Sector Reform နှင့် Defence Reform တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

Continue Reading

ကျားမတန်းတူရေးမြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်း မိတ်ဆက်မျှဝေခြင်း အခမ်းအနားသို့ တက်ရောက်

Salween Institute for Public Policy နှင့် အမျိုးသမီးများဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့ ပူးပေါင်းထုတ်ဝေသည့် “ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ” မူဝါဒရေးရာစာတမ်း မိတ်ဆက်မျှဝေခြင်း အခမ်းအနားကို ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၅ ရက် နေ့လည် ၁း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ စာတမ်းပြုစုသူများက စာတမ်းပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ထိုစာတမ်းမိတ်ဆက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ရေကြည်မြို့နယ် ကြာကန်ကျေးရွာအုပ်စု ရုံးခန်းဖွင့်ပွဲ

ဧရာဝတီတိုင်းဒသကြီး ရေကြည်မြို့နယ် ကြာကန်ကျေးရွာအုပ်စု ရုံးခန်းဖွင့်ပွဲကို ၂၀၁၈ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ရုံးခန်းဖွင့်ပွဲကို ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

Continue Reading

ဒေသတွင်းဖွံ့ဖြိုးရေးကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် CSOများ၏ ကဏ္ဍဆွေးနွေးပွဲသို့ တက်ရောက်

သံလွင်​ (Citizen Empowerment Program) နှင့် Triangle Women’s Support Group တို့ ပူးပေါင်းစီစဉ်သည့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို နေပြည်တော်၊ သာဝတ္ထိ၌ ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ “ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် နေပြည်​​တော်​ စည်​ပင်​သာယာ​ရေး​ကော်​မီတီဝင်​နှင့် ခရိုင်​ ဒီချုပ်​ဥက္ကဋ္ဌ ဦးမင်းသူက အဖွင့်အမှာစကား ​ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေရှု​ထောင့်မှလည်းကောင်း၊ ဦးခင်​​မောင်​​ဇော်​(ဆရာဇော်ဝင်းကို)က တရားဥပ​ဒေစိုးမိုး​ရေးရှု​ထောင့်​မှလည်းကောင်း၊ ဒေါက်တာတင့်ထူးနိုင်​က စီးပွား​ရေးရှု​ထောင့်မှ​လည်းကောင်း ​ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]

Continue Reading

DPNS နှင့် ABSDF တွေ့ဆုံဆွေးနွေး

ရဲဘော်လှဌေး ခေါင်းဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ တာဝန်ရှိသူများသည် ၂၀၁၈ ဇန်နဝါရီလ ၁၂ ရက်နေ့လည် ၁း၀၀ နာရီတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်သို့ လာရောက်၍ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့် ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ABSDF တာဝန်ရှိသူများက အမျိုးသားတန်းတူရေးနှင့် ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန် အခြေခံစာတမ်းကို အဆိုကြမ်းအဖြစ် တင်ပြခဲ့ကြသည်။ ပါတီတာဝန်ရှိသူများက လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် NCA အလားအလာတို့ကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။

Continue Reading

PDF အကျိုးဆောင်အဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

တိုးတက်သောဒီမိုကရက်တစ်အင်အားစု (PDF) အကျိုးဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၁၈ ဇန်နဝါရီလ ၁၁ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေဆိုင်ရာဆွေးနွေးပွဲ(ဒုတိယအကြိမ်) ရရှိချက်များအပေါ် ဝေဖန်သုံးသပ်ခဲ့ပါသည်။ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပညာရေးဥပဒေကြမ်းများ လေ့လာသုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်

အစိုးရက လတ်တလောထုတ်ပြန်ထားသည့် ပညာရေးဥပဒေကြမ်းများအား လေ့လာသုံးသပ်ခြင်းဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၈ ဇန်နဝါရီ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစိုးရက လတ်တလောထုတ်ပြန်ထားသည့် ပညာရေးဥပဒေမူကြမ်းလေးခုအနက် အခြေခံပညာရေးဥပဒေ(မူကြမ်း) အဆင့်မြင့်ပညာရေးဥပဒေ(မူကြမ်း)တို့ကို လေ့လာသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ NNER အတွင်းရေးမှူးအဖွဲ့ဝင်များ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြရာ လုပ်ငန်းအဖွဲ့ဝင်တဦးဖြစ်သည့် DPNS အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Continue Reading

SYCB တည်ထောင်ခြင်း ၂၂ နှစ်ပြည့် အခမ်းအနားသို့တက်ရောက်

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် SYCB ဖွဲ့စည်းတည်ထောင်ခြင်း ၂၂ နှစ်ပြည့်အခမ်းအနားကို ၂၀၁၈ ဇန်နဝါရီ ၈ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ Orchid ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် SYCB သဘာပတိအဖွဲ့နှင့် အကြံပေးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သည့် DPNS ဗဟိုဦးဆောင်ကော်မတီဝင် ဦးတိုးတိုးထွန်းလည်းတက်ရောက်ပြီး အမှတ်တရစကား ပြောကြားခဲ့ပါသည်။ အမှတ်တရစကားပြောကြားရာတွင် လက်ရှိနိင်ငံရေးအခင်းအကျင်း လူမျိုးပေါင်းစုံကျောင်းသားလူငယ်များသွေးစည်းချစ်ကြည်ပြီး အတူတကွပူးပေါင်းလက်တွဲဆောင်ရွက်ကြရေး စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး ငြိမ်းချမ်းရေး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ၂၁ ရာစုပင်လုံညီလာခံ၏ လက်ရှိအခြေအနေ အပစ်အခတ်ရပ်စဲရေးစာချုပ်NCA ပျက်သလိုဖြစ်နေပြီး စစ်ပွဲများဖြစ်ပွါးနေသည့်အခြေအနေများကို ထည့်သွင်းပြောကြားခဲ့ပါသည်။

Continue Reading