ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဆိုင်ရာ အလွှာစုံဆွေးနွေးပွဲသို့ တက်ရောက်

DIPD DRI နှင့် စည်ပင်သာယာရေးဥပဒေဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းအဖွဲ့တို့က စီစဉ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဆိုင်ရာ အလွှာစုံဆွေးနွေးပွဲကို ၂၀၁၈ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဥပဒေများတွင် ပြင်ဆင်သင့်သည့်အချက်များ ပယ်ဖျက်သင့်သည့်ပုဒ်မများ အသစ်ထည့်သွင်းသင့်သည့်ပုဒ်မများကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ၂ ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Continue Reading

ပါတီဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့်​ ပေါက်​​ခေါင်း​မြို့နယ်စည်းရုံးရေးကော်​မီတီ တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၈ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ​ပေါက်​​ခေါင်း​မြို့နယ်စည်းရုံးရေးကော်​မီတီနှင့် တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့်လုပ်​ငန်းစဉ်များကို ဆွေး​နွေးတင်ပြခဲ့ပါသည်။ ပေါက်ခေါင်းမြို့နယ် စည်းကော်မတီဝင်များကလည်း မြို့နယ်အတွင်း စည်းရုံး​ရေးလုပ်​ငန်း ဆောင်ရွက်နေမှုအခြေအနေများ​ကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့်အဖွဲ့ ပေါင်းတည်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့်အဖွဲ့သည် ၂၀၁၈ ဖေဖော်ဝါရီ၁၇ ရက်နေ့တွင် ပေါင်းတည်စည်းရုံးရေးကော်မတီရုံးခန်း၌ ပေါင်းတည်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ထိုသို့ တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌက လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏ အမြင်သဘောထားနှင့် ၂၀၁၈ လုပ်ငန်းစဉ်ဇယားတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပေါင်းတည်စည်းကော်မတီဝင်များကလည်း မြို့နယ်အခြေအနေများ ဆောင်ရွက်လျက်ရှိသည်များကို ပြန်လည်တင်ပြခဲ့ကြပါသည်။

Continue Reading

ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် အဖွဲ့ ဇီးကုန်းမြို့နယ်​ ​စည်းရုံးရေးကော်​မတီဝင်များနှင့် တွေ့ဆုံစည်းဝေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် လူ့ဘောင်သစ်လူငယ် တွဲဘက်အတွင်းရေးမှူး ကိုဝေဇင်နှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်ချိုဦးတို့သည် ၂၀၁၈ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်း ဇီးကုန်းမြို့နယ်​ ​စည်းရုံးရေးကော်​မတီဝင်များနှင့်​ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ အစည်းအဝေးတွင် လက်​ရှိ မြန်မာ့နိုင်ငံရေးအ​ခြေအ​နေများအ​ပေါ် ပါတီ၏အမြင်​သဘောထား ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့် လုပ်​ငန်းစဉ်​များနှင့်​ ဇီးကုန်းမြို့နယ်​ စည်းကော်မတီ၏ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့်လုပ်​ငန်းစဉ်​များအား​ ဆွေး​နွေးခဲ့ကြပါသည်။

Continue Reading

ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသမီးလုပ်ငန်းကော်မတီ တွေ့ဆုံစည်းဝေး

ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသမီးလုပ်ငန်းကော်မတီ တွေ့ဆုံစည်းဝေး ပွဲကို ပါတီဌာနချုပ်ရုံးတွင်၁၄.၂.၂၀၁၈ ရက်နေ့တွင်ကျင်းပပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင်များနှင့်အမျိုးသမီးလုပ်ငန်းကော်မတီ တို့ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။

Continue Reading

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားသို့ တက်ရောက်

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ၂၀၁၈ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုနေ့သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း အခမ်းအနား တက်ရောက်ခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]

Continue Reading

နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို ၂၀၁၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်ခဲ့ပါသည်။ ” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″] 

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် “ခေတ်ရနံ့” မဂ္ဂဇင်းတို့ ဆွေးနွေးချက်

ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။

ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။

ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး

မေး – ၂၀၁၇ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ အခြားပြုပြင်ပြောင်းလဲမူဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားအမြင် သုံးသပ်ချက်
များကို ဖြေကြားပေးစေလိုပါတယ်။

ဖြေ – တစ်ခုလုံးနိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက ရှေ့ရောက်မလာဘူး။ တိုးတက် မလာဘူး။ တန့်နေတယ်။ တစ်ခါတစ်ခါ နောက်ပြန်လှည့်နေသလား လို့ ကျနော်တော့ခံစားရတယ်။ ဒီမိုကရေစီ ဘောင်က ကျယ်မလာတဲ့အပြင် ကျဉ်း ကျဉ်းလာသလိုပဲ။ 
မနေ့တစ်နေ့က မန္တလေးရတနာပုံတက္ကသိုလ်က ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တဲ့ ကိစ္စဆိုရင် မီဒီယာသမားတွေ ထိန်းသိမ်းခံထားရတဲ့ ကိစ္စဆိုရင်၊ ၆၆(ဃ) ကိစ္စဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ (ကျ ၄၆ – AAPP စာရင်းအရ) ရှိနေသေးတဲ့ကိစ္စဆိုရင် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီး ထိန်းသိမ်း တရားစွဲဆိုခြင်းခံနေရတဲ့ ကိစ္စတွေ(အမှုရင်ဆိုင်ဆဲ ၁၉၀ – AAPP စာရင်းအရ)ဆိုရင်၊ အစိုးရက ဖိနှိပ်ရေး ဥပဒေတွေ၊ ဖိနှိပ်ရေးယန္တယားတွေကို ဆက်ပြီး သုံးစွဲနေတယ်ဆိုတာ ထင်ရှားတယ်။

Continue Reading

မြင်းခြံစည်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်နေ့တွင် မြင်းခြံမြို့၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဌာနချုပ်က ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ လုပ်ငန်းစဉ်များ နိုင်ငံရေးရပ်ခံချက်သဘောထားများကို အတွင်းရေးမှူး(၂)က ရှင်းလင်းတင်ပြခဲ့ပါသည်။ မြင်းခြံစည်းကော်မတီဝင်များကလည်း မြို့နယ်စည်းရုံးရေးအခြေအနေများ ဆောင်ရွက်ထားရှိမှုများ ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါသည်။

Continue Reading