ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ရုံးခွဲ ရုံးခန်းဖွင့်ပွဲသို့တက်ရောက်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ရုံးခွဲ (မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း) ရုံးခန်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၁၈၊ သြဂုတ်လ၊ ၂၈ ရက် နံနက် ၉း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။ ရုံးခန်းဖွင့်လှစ်ပွဲသို့ နိုင်​ငံ​ရေးပါတီများ၊ အရပ်​ဖက်​လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင်လည်း တက်ရောက်ခဲ့ပါသည်။

Continue Reading

ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမားသပိတ်သို့ သွားရောက်ဝန်းရံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့မှ တာဝန်ရှိသူများ သွားရောက်ဝန်းရံ အားပေးခဲ့ကြပါသည်။ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ၃၀ ဦးအား အကြောင်းပြချက်ခိုင်လုံခြင်းမရှိဘဲ ဥပဒေနှင့်ဆန့်ကျင်၍ အလုပ်ထုတ်ပစ်ခဲ့သည့်အတွက် အလုပ်သမား ၂၀၀ ကျော်က သပိတ်မှောက်နေကြခြင်းဖြစ်သည်။ ယနေ့(၂၀၁၈၊ သြဂုတ်လ ၂၈ ရက်နေ့)တွင် သပိတ်မှောက်နေသည်မှာ ၈ ရက်မြောက်ရှိပြီဖြစ်သည်။ အလုပ်သမားများအနေဖြင့် အလုပ်ရပ်စဲသည့်ကြေညာစာကို ပြန်လည်ရုပ်သိမ်းရန် အပါအဝင် အချက် ၉ ချက် တောင်းဆိုထားပြီး အလုပ်ရှင်ဘက်မှ ပြေလည်အောင် ညှိနှိုင်းပေးခြင်းမရှိဘဲဖြစ်နေကြောင်း သိရပါသည်။

Continue Reading