DPNS အမျိုးသမီးလုပ်ငန်းကော်မတီ သတင်းစာရှင်းလင်းပွဲ ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ-WWC ၏ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈၊ မတ်လ ၅ ရက်၊ နေ့လည် ၃း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ်(CEDAW)၏ အပိုဒ် ၂၉ အား ခြွင်းချက်အဖြစ် ချန်လှပ်မထားဘဲ အစိုးရမှ လက်မှတ်ရေးထိုးရန် WWC က တိုက်တွန်းတောင်းဆိုခဲ့ပါသည်။ မြန်မာနိုင်ငံအမျိုးသမီးထု၏ လက်ရှိအခြေအနေကို ဒေါ်နှင်းနှင်းမွှေး(WWC အကြံပေး)ကလည်းကောင်း၊ CEDAW ပါ အချက်အလက်များကို ဒေါ်နိုးနိုးထက်စံ(WWC အဖွဲ့ဝင်)ကလည်းကောင်း၊ မည်သည့်အတွက်ကြောင့် အစိုးရအား တိုက်တွန်းတောင်းဆိုရသည်နှင့် လက်ကမ်းစာစောင်ဝေငှသည့် လှုပ်ရှားမှုအခြေအနေကို မသက်ဇွန်လင်းထင်(WWC ဆက်သွယ်ရေးတာဝန်ခံ)ကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အစီအစဉ်အကျိုးဆောင်အဖြစ် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံက ဆောင်ရွက်ပေးခဲ့ပါသည်။
14 Photos
Image may contain: 4 people, people standing and people sitting
Image may contain: 2 people, people standing
Image may contain: 5 people
Image may contain: 4 people, people sitting and child

Continue Reading

နိုင်ငံတကာအမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက် (၃/၂၀၁၈)

နိုင်ငံတကာအမျိုးသမီးများနေ့ သဘောထားထုတ်ပြန်ချက်(၃/၂၀၁၈) ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထုတ်ပြန်လိုက်ပါသည်။

Continue Reading

အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း

မြန်မာနိုင်ငံ အစိုးရ အနေဖြင့် အမျိုးသမီးများ နည်း မျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန် ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ် ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။

မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အ၀ကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မ တီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

Continue Reading

(CEDAW) စာချုပ်ပါ အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရေး မြန်မာနိုင်ငံအစိုးရအား တိုက်တွန်းတောင်းဆိုသည့် လှုပ်ရှားမှု

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ်(CEDAW) အပိုဒ် ၂၉ ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရေး မြန်မာနိုင်ငံအစိုးရအား တိုက်တွန်းတောင်းဆိုသည့်လှုပ်ရှားမှုကို ၂၀၁၈၊ မတ်လ ၅ ရက်နေ့တွင် လု့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်၊ ရေကြည်၊ ဆားလင်းကြီး၊ မြင်းခြံ၊ ပြည်၊ အသုတ်၊ တံတားဦးမြို့နယ်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ DPNS ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များက နံနက် ၁၀း၀၀ နာရီအချိန်တွင် အဆိုပါမြို့နယ်အသီးသီးရှိ လူစည်ကားရာနေရာများ၌ လက်ကမ်းစာစောင်များ ဝေငှခဲ့ကြပါသည်။

Continue Reading