နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို ၂၀၁၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်ခဲ့ပါသည်။ [ngg_images source=”galleries” container_ids=”351″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″] 

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် “ခေတ်ရနံ့” မဂ္ဂဇင်းတို့ ဆွေးနွေးချက်

ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLDအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။

ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မူနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခု အများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မူ ဒါမှမဟုတ် တန့်နေမူ၊ နောက်ဆုတ်သွားမူ အဲဒီ ရှုထောင့်ကနေ ရှူမြင်သုံးသပ်ချင် ပါတယ်။

ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့စီမံအုပ်ချုပ်မူကိုပဲ လေ့လာလေ့လာ အရပ် ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မူနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်)ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိ နေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မူ၊ ဆုတ်ယုတ်မူ ဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ် ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မူအရေးအတွက်ဖြစ်ဖြစ် အလွန် အခရာကျပါတယ်။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် First Weekly ဂျာနယ်တို့ အင်တာဗျူး

မေး – ၂၀၁၇ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ အခြားပြုပြင်ပြောင်းလဲမူဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားအမြင် သုံးသပ်ချက်
များကို ဖြေကြားပေးစေလိုပါတယ်။

ဖြေ – တစ်ခုလုံးနိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက ရှေ့ရောက်မလာဘူး။ တိုးတက် မလာဘူး။ တန့်နေတယ်။ တစ်ခါတစ်ခါ နောက်ပြန်လှည့်နေသလား လို့ ကျနော်တော့ခံစားရတယ်။ ဒီမိုကရေစီ ဘောင်က ကျယ်မလာတဲ့အပြင် ကျဉ်း ကျဉ်းလာသလိုပဲ။ 
မနေ့တစ်နေ့က မန္တလေးရတနာပုံတက္ကသိုလ်က ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တဲ့ ကိစ္စဆိုရင် မီဒီယာသမားတွေ ထိန်းသိမ်းခံထားရတဲ့ ကိစ္စဆိုရင်၊ ၆၆(ဃ) ကိစ္စဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ (ကျ ၄၆ – AAPP စာရင်းအရ) ရှိနေသေးတဲ့ကိစ္စဆိုရင် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီး ထိန်းသိမ်း တရားစွဲဆိုခြင်းခံနေရတဲ့ ကိစ္စတွေ(အမှုရင်ဆိုင်ဆဲ ၁၉၀ – AAPP စာရင်းအရ)ဆိုရင်၊ အစိုးရက ဖိနှိပ်ရေး ဥပဒေတွေ၊ ဖိနှိပ်ရေးယန္တယားတွေကို ဆက်ပြီး သုံးစွဲနေတယ်ဆိုတာ ထင်ရှားတယ်။

Continue Reading