မှိုင်း-ငြိမ်းကွန်ရက်(လပွတ္တာ) ဖွဲ့စည်းရေး အကြို ညှိနှိုင်းအစည်းအဝေးကျင်းပ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(လပွတ္တာ) ဖွဲ့စည်းရေး အကြိုညှိနှိုင်းအစည်းအဝေးကို ၁၅၊၁၊၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ မြို့ခံနိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ လယ်သမားသမဂ္ဂများ၊ လပွတ္တာမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မှိုင်းငြိမ်းကွန်ရက်(ရန်ကုန်)အဖွဲ့ဝင်များ၊ DPNS ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဆရာကြီး၏ ငြိမ်းချမ်းရေးအယူအဆများ၊ မှိုင်းငြိမ်းကွန်ရက် လက်ရှိဆောင်ရွက်နေမှုများ၊ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်လူငယ်နှင့် NNER တွေ့ဆုံဆွေးနွေးပွဲ

လူ့ဘောင်သစ်လူငယ် ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် NNER လုပ်ငန်းအဖွဲ့ဝင်များသည် ၁၄၊၁၊၁၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ NNER ရုံးခန်း၌ တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက ဖွဲ့စည်းပုံ၊ မူဝါဒနှင့် ရေတို ရေရှည်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ၍ အကြံဉာဏ်ခဲ့များ တောင်းခံခဲ့ကြပါသည်။ NNERအဖွဲ့ဝင်များကလည်း NNER ၏ မူဝါဒ သဘောထား၊ ဖွဲ့စည်းပုံ နှင့် ရှေ့လုပ်ငန်းစဉ်များ၊ NNER ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ပြန်လည်ရှင်းလင်း ပြောကြားပေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်လူငယ် နှင့် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် တို့ တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်လူငယ်(YNS) ဗဟိုလုပ်ငန်းကော်မတီသစ် နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များသည် ၁၃၊၁၊၁၇ ရက် နေ့လည်ပိုင်းမှ ညနေပိုင်းအထိ တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက စုဖွဲ့မှုအသစ်နှင့် လုပ်ငန်းစဉ်များ၊ လတ်တလော ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ မှိုင်းငြိမ်းကွန်ရက် အဖွဲ့ဝင်များကလည်း ဆရာကြီး၏ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူဝါဒကို ဆက်ခံပြီး ဆောင်ရွက်လုပ်ကိုင်နေသည့် အခြေအနေများ၊ အဖွဲ့ပေါင်း ၆၂ ဖွဲ့ စုပေါင်းထုတ်ပြန်ထားသည့် လက်ရှိငြိမ်းချမ်းရေးအပေါ် အမျိုးသားအင်အားစုများ၏ သဘောထားတို့ကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလော နိုင်ငံရေး၊ ငြိမ်းချမ်းရေးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်လူငယ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်လူငယ် ဒုတိယအကြိမ် စုံညီအစည်းအဝေးက ရွေးချယ်တာဝန်ပေးအပ်လိုက်သည့် ဗဟိုစည်းရုံးရေးကော်မတီသစ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၁၁၊၁၊၁၇ ရက်နေ့နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ DPNS ဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ပါတီ၏ သဘောထားနှင့် ရပ်တည်ချက်များကို ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ လူ့ဘောင်သစ်လူငယ်၏ ခေါင်းဆောင်မှုအသစ်၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို YNS ဥက္ကဋ္ဌ ကိုရဲအောင်အေး၊ အတွင်းရေးမှူး မအိသဉ္ဇာမောင်၊ တွဲဘက်အတွင်းရေးမှူး ကိုပြည့်ဘုန်းပိုင်နှင့် ကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လတ်တလောဆောင်ရွက်ရန်ကိစ္စများကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေး (၈.၁.၂၀၁၇)

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၈၊ ၁၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ပြုလုပ်ခဲ့ပါသည်။ ၄၊၁၊၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထားကြေညာချက်နှင့် ပတ်သက်သောကိစ္စများ၊ နယ်များတွင် မှိုင်းငြိမ်းကွန်ရက်များ တိုးချဲ့ဖွဲ့စည်းရေး၊ ရွှေတောင်မြို့ ဝါးလည်ရွာတွင် ဆောက်လုပ်မည့် ငြိမ်းချမ်းရေးဗိမာန်တည်ဆောက်ရေး အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၏ ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲ (၈.၁.၂၀၁၇)

၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်မှ စီစဉ်ကျင်းပသော ကွယ်လွန် အလုပ်သမားရဲဘော်ကြီးများအတွက် ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲကို ၈၊၁၊၁၇ ရက်နေ့က အင်းစိန်မြို့နယ်ရှိ အောင်ဇေယျဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ သက်ရှိထင်ရှား သပိတ်မှောက်အလုပ်သမားဟောင်းကြီးများ၊ ကွယ်လွန်သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေနိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက ကွယ်လွန်သူရဲဘော်ကြီးများအတွက် ဂုဏ်ပြုအမှတ်တရစကားများလည်း ပြောကြားခဲ့ကြပါသည်။

Continue Reading

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း

လူ့ဘောင်သစ်လူငယ် (Youth for A New Society) ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် ဗဟိုစည်းရုံးရေးကော်မတီ ပြန်လည်ဖွဲ့စည်းပြီးစီးကြောင်း သတင်းစာရှင်းလင်းပွဲကို ၅ ၊၁၊ ၁၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ YNS ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲတွင် လူ့ဘောင်သစ်လူငယ် သမိုင်းကြောင်း၊ မူဝါဒ၊ ရပ်တည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ သတင်းစာရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များ၊ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။

Continue Reading

အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထား တင်ပြချက်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသား
များဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ် (ဗဟို
လုပ်ငန်းကော်မတီ)တို့ အပါအဝင်
အမျိုးသားအင်အားစုများ (အဖွဲ့အစည်းပေါင်း ၆၂ ဖွဲ့)၏
မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော
တင်ပြချက်ကို ယနေ့ (၆၉ နှစ်မြောက် လွတ်လပ်
ရေးနေ့)တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။ “

Continue Reading

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့ အစည်းအဝေး (၄.၁.၂၀၁၇)

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၄၊၁၊၁၇ ရက်နေ့ ညနေပိုင်းက NNER ရုံးခန်း၌ ကျင်းပခဲ့ပါသည်။ ဇန်နဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့သော NNER အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှတ်တမ်းအား ပြန်လည်တင်ပြခြင်း၊ CSO Forum နှင့် NNER ချိတ်ဆက်ဆောင်ရွက်သင့်သည်များ၊ NNER ပညာရေးမူဝါဒဆိုင်ရာ ဖိုရမ်ပြုလုပ်ရေး အစရှိသည့်ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

Continue Reading