နှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ ညစာစားပွဲ

နှစ်၇၀ ပြည့် ပြည်ထောင်စုနေ့ညစာစားပွဲကို ၁၂၊၂၊၁၇ ရက်နေ့ည ၆:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ပြည်ထောင်စုနေ့အထိမ်းအမှတ် သဘောထားကြေငြာချက်

နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အမျိုးသားအင်အားစု (၇၀) ဖွဲ့ ပူးပေါင်းလျက်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၁၃၊ ၂၊ ၂၀၁၇တွင်လည်း သျှရီရာမခရစ်ရှန ခန်းမ၌ နိုင်ငံရေးဆွေးနွေးပွဲတရပ်
ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

Continue Reading

ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များ ဖော်ဆောင်ရေးအစည်းအဝေး

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များအား ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ၇၊ ၂၊ ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု နှင့် UNDO တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များ အကောင်အထည်ဖော်ရေး အစည်းအဝေး

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထားတင်ပြချက်များအား ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ပဏာမ ညှိနှိုင်းအစည်းအဝေးကို ၄၊ ၂၊ ၁၇ ရက်နေ့တွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် သဘောထားထုတ်ပြန်ချက် (၂/၂၀၁၇)


Continue Reading

SoDem အဖွဲ့ဝင်များ DPNS ရုံးသို့ လာရောက်လေ့လာဆွေးနွေး

SoDem အဖွဲ့ဝင်များသည် ယနေ့(၂၃၊ ၁၊ ၁၇) နံနက်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြပါသည်။ ၎င်းတို့ကို ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ကြပါသည်။ ထို့နောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရှေ့အလားအလာများကို ဆွေးနွေးသုံးသပ်ခဲ့ကြပါသည်။

Continue Reading

အာလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ (တတိယနေ့)

Issue Analysis, Agenda Setting, Policy Formulation and Development ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တတိယမြောက်နေ့ကို ၂၀၊၁၊၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

အာလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ(ဒုတိယနေ့)

Issue Analysis, Agenda Setting, Policy Formulation and Development ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၁၉၊၁၊၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ DIPD။ SoDem တို့မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Mr Lars Aslan Rasmussrn(လွှတ်တော်အမတ်- ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်၊(အထွေထွေအတွင်းရေးမှူး- SNLD) ဦးအောင်သူငြိမ်း(PSSI) Basu Gautam(လုမ္ဇိနီ ကမ္ဘာ့ငြိမ်းချမ်းဖိုရမ် – နီပေါ)၊ Rechie Tugawin(မျိုးဆက်ငြိမ်းချမ်းရေး လူငယ်ကွန်ရက် – ဖိလစ်ပိုင်)၊ ဦးမင်းဇင်(ဒါရိုက်တာ-PSSI)၊ ဦးစိုင်းကျော်ညွန့်(အတွင်းရေးမှူး-UPDJC) တို့ က ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်သော အခြေအနေများ၊ အယူအဆ၊ အတွေးအမြင်များကို ရှင်းလင်းတင်ပြ ဆွေးနွေးပေးခဲ့ကြပါသည်။

Continue Reading

အာလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ(ပထမနေ့)

A Social Democratic in Asia: Strengthening Inclusive Policy Formulation ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်လျက် ရှိပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်ပါတီ၊ DPNS နှင့် SNLD တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ၂၀၁၇၊ ဇန်နဝါရီ ၁၈ မှ ၂၀ ရက်နေ့အထိ သုံးရက်ကြာပြုလုပ်မည်ဖြစ်သည်။ DIPD။ SoDem တို့မှ တာဝန်ရှိသူများ၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် Mr Lars Aslan Rasmussem၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ အနာဂတ်နိုင်ငံ တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ပြသ၁
နာများကို ဆွေးနွေးခဲ့ကြပါသည်။

Continue Reading

မှိုင်း-ငြိမ်းကွန်ရက်(မြောင်းမြ)ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(မြောင်းမြ) ဖွဲ့စည်းသည့် အစည်းအဝေးကို ၁၅၊၁၊၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ မြောင်းမြလူငယ်ကွန်ရက် အဖွဲ့ဝင်များ၊ နိုင်ငံရေးသမားဟောင်းကြီးများ၊ မြှို့ခံနိုင်ငံရေးအင်အားစုများ၊ မြောင်းမြမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ မှိုင်းငြိမ်းကွန်ရက်(ရန်ကုန်)အဖွဲ့ဝင်များ၊ DPNS ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်းနှင့် ဦးအောင်မိုးဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဆရာကြီး၏ ငြိမ်းချမ်းရေးအယူအဆများ၊ လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အဖွဲ့ဝင် ၂၁ ဦးပါဝင်သော မြောင်းမြမြို့နယ် မှိုင်းငြိမ်းကွန်ရက်ကို ဖွဲ့စည်းခဲ့ကြပါသည်။

Continue Reading