DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ် (၃)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇၊ ဒီဇင်္ဘာ၊ ၉ ရက်နေ့ညပိုင်းတွင် ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတွင် ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူများ၏ သဘောထားပါဝင်ရန် လိုအပ်ပုံ၊ ယနေ့လူငယ်များ၏ အခန်းကဏ္ဍနှင့် အလုပ်အကိုင်အခွင့်အလမ်း၊ လူ့ဘောင်သစ်လူငယ်မိတ်ဆက်၊ နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။

Continue Reading

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တည်ထောင်ခြင်း (၁၈) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တည်ထောင်ခြင်း (၁၈) နှစ်ပြည့်အခမ်းအနားကို ၂၀၁၇၊ ဒီဇင်ဘာ၊ ၉ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ WLB ဖွဲ့စည်းပေါ်ပေါက်လာပုံနှင့် လှုပ်ရှားဆောင်ရွက်မှုသမိုင်းကို အဖွဲ့တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် ဧည့်သည်တော်များကလည်း အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ [ngg_images source=”galleries” container_ids=”302″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]

Continue Reading

DPNS ဥက္ကဋ္ဌနှင့် YNS တို့ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထားများကို ဆွေးနွေးဖလှယ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် ၂၀၁၇၊ ဒီဇင်္ဘာ ၉ ရက်နေ့နံနက်ပိုင်းတွင် လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(YES) ကျောင်းသူကျောင်းသားများနှင့် လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

Continue Reading

DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ်(၂)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇ ဒီဇင်ဘာလ ၈ ရက်နေ့ည ၇း၀၀ နာရီမှ ၉း၀၀ နာရီအထိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဝါးစိမ်းတောင်စီမံကိန်းနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားရပ်တည်ချက်ကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးခွန်းများကို အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ သပြေအေးကျေးရွာရှိ လူငယ်များ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့သည်။

Continue Reading

DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ်(၁)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်း တို့ပါဝင်သည့်အဖွဲ့သည် ၂၀၁၇ ဒီဇင်ဘာလ ၇ ရက်နေ့ည ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းကြောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်း၊ ယနေ့လူငယ်များ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာလူငယ်များနှင့် ဆက်စပ်ဆောင်ရွက်နေသည့် အခြေအနေများ အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍ၊ လယ်ယာမြေဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တာဝကျေးရွာရှိ လူငယ်များ၊ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့ကြပါသည်။

Continue Reading

ကွယ်လွန်သူ စိုင်းမွန်း (SNLD လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၏ ဈာပနသို့ ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ကွယ်လွန်သူ စိုင်းမွန်း (SNLD လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် – အသက် ၅၆)၏ ဈာပနသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီက ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ

Continue Reading

ရန်ကင်းအထည်ချုပ်စက်ရုံ၊ အလုပ်သမားသပိတ်ကိုဝန်းရံ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံ(၁)၊ အမှတ်-၁၃၇ ရှိ ရန်ကင်းအထည်ချုပ်စက်ရုံတွင် အလုပ်သမား ၄၀၀ ကျော်က ၂၈-၁၁-၂၀၁၇ ရက်နေ့မှစတင်၍ သပိတ်တိုက်ပွဲဆင်နွှဲလျက်ရှိရာ စတုတ္ထမြောက်နေ့ဖြစ်သည့် ၁-၁၂-၂၀၁၇ နေ့အထိ ပြေလည်မှု မရရှိသေးပါ။ အလုပ်သမားများ၏ တောင်းဆိုချက်(၉) ချက်ရှိသည့်အနက် လုပ်သက်နှစ်ကြေး တစ်နှစ်လျှင် (၂၀၀၀၀)ကျပ်ပေးရန် ဆိုသည့်အချက်ကို အလုပ်သမားများက ၈၀၀၀ ကျပ်အထိ လျှော့ချပေးခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ပြေလည်အောင်ညှိနှိုင်းပေးခြင်း မရှိသေးပါ။ အလုပ်သမားများက တောင်းဆိုချက်များရရှိသည်ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အလုပ်သမားအခွင့်အရေးသပိတ်တိုက်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဗကသများအဖွဲ့ချုပ်၊ ဗမာနိင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ ရဲဘော်များ သွားရောက်အားပေး ဟောပြော ဝိုင်းရံခဲ့ကြပါသည်။ အလှူငွေလည်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

Continue Reading