ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on August 12th, 2017 ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ စိန့်ပီတာ စိန့်ပေါလ် ဘုရားကျောင်းဝင်းတွင် ၂၀၁၇၊ သြဂုတ်လ ၁၂ ရက်နေ့က ၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးကျော်ကျော်စိုးနှင့် ဗဟိုစည်းရုံးရေး ကော်မတီဝင် ဦးဇော်ဇော်ထွန်းတို့ တက်ရောက်ခဲ့ကြပြီး၊ ကရင်လူငယ်တစ်ဦးက ပါတီ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။
By DPNS INFORMATION, on August 11th, 2017
၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ
By DPNS INFORMATION, on August 8th, 2017
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ၈-၈-၂၀၁၇ နေ့လည်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရှောက်တော၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားကို ပွင့်ဖြူမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များက ဦးဆောင်ကျင်းပခဲ့ကြခြင်းဖြစ်သည်။
By DPNS INFORMATION, on August 8th, 2017
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ၈-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့ကြသည့် ကရင်ပြည်နယ်ကျောင်းသားဟောင်းများက ဦးဆောင်ကျင်းပကြခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)မှပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်က ဖတ်ကြားခဲ့ပါသည်။
By DPNS INFORMATION, on August 8th, 2017
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ပြည်မြို့အိုးဝေပညာဒါနကျောင်း၌ ၈-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်(ပြည်ခရိုင်) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ပူးပေါင်းကျင်းပကြခြင်းဖြစ်သည်။ အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစကား ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မြင့်စိန်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ပါတီဌာနချုပ်မှပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။
By DPNS INFORMATION, on August 8th, 2017
၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို လူ့ဘောင်သစ်လူငယ်(YNS)နှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(YES)တို့ ပူးပေါင်း၍ ၈-၈-၂၀၁၇ နေ့လည်ပိုင်းက YES ကျောင်း၌ ကျင်းပခဲ့ကြပါသည်။ အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို ဦးအောင်မိုးဇော်နှင့် ဒေါ်နိုးနိုးထက်စံတို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ လူ့ဘောင်သစ်လူငယ်များနှင့် YES ကျောင်းသားကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on August 7th, 2017 ” (၂၉) နှစ်မြောက် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဂုဏ်ပြုသဝဏ်လွှာ ”
By DPNS INFORMATION, on August 6th, 2017
အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့နှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့သည် ၆-၇-၂၀၁၇ ရက်နေ့တွင် NNER ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် NNER က ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
|