ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

August 2017
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)

ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ ဆွေးနွေးပွဲ(ပထမအကြိမ်)ကို ၂၀၁၇၊ သြဂုတ်လ၊ ၃၀ ရက်နေ့က တက္ကသိုလ်များဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် သတ်မှတ်ချက်ဆိုင်ရာ သဘောထားများစုစည်းခြင်း၊ တကသအဆောက်အဦ၏ သမိုင်းတန်ဖိုးဆိုင်ရာ သဘောထားများစုစည်းခြင်း၊ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော အခြေခံသဘောထားများ စုစည်းခြင်းဟူသည့် ဦးတည်ချက်သုံးခုဖြင့် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ၁၉၅၃ မှ ၂၀၁၇ အထိ ကျောင်းသားမျိုးဆက်များ တက်ရောက်ပြီး သဘောထားအမြင်များ တင်ပြခဲ့ကြပါသည်။ တက်ရောက်လာကြသော ကျောင်းသားမျိုးဆက်အများစုက ကျောင်းသားသမဂ္ဂ တရား ၀င်ရပ်တည်ခွင့်ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ထို့နောက်မှသာ သမိုင်းတန်ဖိုးများကို မပျောက်ပျက်စေဘဲ သမဂ္ဂအဆောက်အဦတည်ဆောက်ရေးကို လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် သတင်းထုတ်ပြန်ချက်တစောင်လည်း ထုတ်ပြန်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးကလည်း ၈၈ မျိုးဆက်ကျောင်းသူတစ်ယောက်အဖြစ် သဘောထားတင်ပြချက်တစ်စောင် ပေးပို့တင်ပြခဲ့ပါသည်။