ရွှေတောင်မြို့နယ်ရုံးဖွင့်ခြင်း (၂)နှစ်ပြည့်နှင့် ၇ ဇူလိုင်အခမ်းအနားကို ရွှေတောင်မြို့တွင် ကျင်းပ

၇၊ ၇၊ ၂၀၁၇ ရက်​​နေ့တွင်​ ကျ​ရောက်​သည့်​ ၅၅ နှစ်​​မြောက်​ ၇-ဇူလိုင်​ အခမ်းအနားကို လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ​ရွှေ​တောင်​မြို့နယ်​ ရုံး၌ ကျင်းပခဲ့ပါသည်​။ မြို့နယ်​ရုံးဖွင့်​လှစ်​ခြင်း ၂ နှစ်​ပြည့်​အခမ်းအနားကိုပါ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်​​​သည်​။ ပြည်​ခရိုင်​မှိုင်းငြိမ်းကွန်​ရက်​၊ ဗကသများအဖွဲ့ချုပ်​၊ ​နိုင်​ငံ​​ရေးအကျဉ်းသား​​ဟောင်းများအဖွဲ့ အစရှိသည့် ​​နိုင်​ငံ​ရေးအင်​အားစုအသီးသီး တက်​​ရောက်​ဂုဏ်​ပြုခဲ့ကြပါသည်​။
အခမ်းအနားသို့ တက်​​ရောက်​လာကြသည့်​ အင်​အားစုအသီးသီးက အမှတ်​တရစကား ​ပြောကြားခဲ့ကြပြီး ပါတီဗဟိုစည်းရုံး​ရေး​ကော်​မတီဝင်​ ဦး​အောင်​မြင့်​စိန်​ကလည်း​ ဂုဏ်​ပြုအမှတ်​တရစကား ​ပြောကြား​ခဲ့ပါသည်​။ လူ့ ​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီဌာနချုပ်​၊ ​လူ့ ​ဘောင်​သစ်​လူငယ်​နှင့် အခြားအဖွဲ့အစည်းများမှ​​ ပေးပို့လာသည့်​ သဝဏ်​လွှာများကို ဖတ်ကြားပြီး​နောက်​ မြို့နယ်​စည်းရုံး​ရေး​ကော်​မတီဥက္ကဋ္ဌ ဦးမိုးမင်းဦးက ​ကျေးဇူးတင်​စကား​ ပြောကြား၍ အခမ်းအနားကို ရုပ်​သိမ်းခဲ့ပါသည်​။

Continue Reading

သမဂ္ဂရင်ပြင်တွင် ကျင်းပသည့် (၅၅)နှစ်မြောက် ၇-ဇူလိုင် အခမ်းအနားသို့ တက်ရောက်

၇၊ ၇၊ ၂၀၁၇ ရက်​​နေ့တွင်​ ကျ​ရောက်​သည့်​ ၅၅ နှစ်​​မြောက်​ ၇-ဇူလိုင်​ အခမ်းအနားကို ရန်​ကုန်​တက္ကသိုလ်​ တကသမြက်​ခင်းပြင်​ရှိ ဗိုလ်​​အောင်​​ကျော်​အထိမ်းအမှတ်​​ကျောက်​တိုင်​၌ ကျင်းပခဲ့ပါသည်​။ ဗကသများအဖွဲ့ချုပ်​၊ ​ပညာ​ရေးတက္ကသိုလ်​​ ​ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ်​ ၂ ​​ကျောင်းသားများသမဂ္ဂ၊ ​​ရန်ကုန်​တောင်​ပိုင်းခရိုင်​​ ကျောင်းသားများသမဂ္ဂ၊ လူ့ ​ဘောင်သစ်ဒီမိုကရက်တစ်​ပါတီ၊ လူ့ ​ဘောင်​သစ်​လူငယ်​၊ ၇၄-၇၅-၇၆ နိုင်​ငံ​ရေးအင်​အားစုများ အစရှိသည့် ​​​ကျောင်းသား​မျိုးဆက်အသီးသီး၊ နိုင်​ငံ​ရေးအင်​အားစုအသီးသီး တက်​​ရောက်​ဂုဏ်​ပြုခဲ့ကြပါသည်​။
အခမ်းအနား၌ ၇-ဇူလိုင်​တွင်​ ကျဆုံးခဲ့သည့်​ ကျောင်းသားရဲဘော်များအား ဦးညွှတ်​အလေးပြုပြီး​နောက်​ ဗကသများအဖွဲ့ ချုပ်၏ သဘောထားကြေငြာချက်ကို ဖတ်ကြားခဲ့ပါသည်​။ သမဂ္ဂအဆောက်အဦနှင့် ပတ်သတ်သည့် ဗကသများအဖွဲ့ ချုပ်၏ သဘောထားကိုလည်း ဗကသဗဟိုလုပ်​ငန်း​ကော်​မတီဝင်​ ကို​အောင်​ထက်​​အောင်​က ​ပြောကြားခဲ့ပါသည်။ လူ့ ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီနှင့်​ လူ့ ​ဘောင်​သစ်​လူငယ်​တို့ကလည်း သဝဏ်​လွှာများ ​ပေးပို့ဂုဏ်​ပြုခဲ့ကြပါသည်​။

Continue Reading

“(၅၅)နှစ်မြောက် ၇-ဇူလိုင် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် DPNS ဗဟိုစည်းရုံးရေး​ကော်မတီ၏ သဝဏ်လွှာ”

” (၅၅)နှစ်မြောက် ၇-ဇူလိုင် အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေး​ကော်မတီ၏ သဝဏ်လွှာ (၇၊ ၇၊၂၀၁၇) “

Continue Reading

ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ဂူဗိမာန်​​စောင့်​ရှောက်​​ရေးအဖွဲ့နှင့် ​မှိုင်း ငြိမ်းကွန်​ရက်​တို့၏ အစည်းအ​ဝေးကျင်းပ

ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ဂူဗိမာန်​​စောင့်​​ရှောက်​​ရေးအဖွဲ့နှင့်​ ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ငြိမ်းချမ်း​ရေးကွန်​ရက်​တို့၏ အစည်းအ​ဝေးကို ရန်​ကုန်​မြို့၊ ​ရွှေတိဂုံဘုရားလမ်းရှိ သခင်​ကိုယ်​​တော်​မှိုင်းဂူဗိမာန်​၌ ၂၊ ၇၊ ၂၀၁၇ ​နေ့လည်​ပိုင်းတွင်​ ပြုလုပ်​ခဲ့ပါသည်​။ အစည်းအ​ဝေး၌ ဇူလိုင်​လ ၂၃ ရက်​​နေ့တွင်​ ကျ​ရောက်​မည့်​ သခင်​ကိုယ်​​တော်​မှိုင်းကွယ်​လွန်​ခြင်း ၅၃ နှစ်​​မြောက်​ အထိမ်းအမှတ်​အခမ်းအနား ကျင်းပ​ရေးအတွက်​ ​ဆွေး​နွေးညှိနှိုင်း​ခဲ့ကြပါသည်​။

Continue Reading