လယ်သမားများ၊ လယ်သမားအရေးဆောင်ရွက်သူများ DPNS ဌာနချုပ်ရုံးသို့ လာရောက်လေ့လာ

မန္တလေးတိုင်းနှင့် ပဲခူးတိုင်းအတွင်းမှ လယ်သမားများနှင့် လယ်သမားအရေးဆောင်ရွက်သူများသည် ၂၊ ၈၊ ၁၆ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်လေ့လာခဲ့ကြ ရာ ပါတီအတွင်းရေးမှူး(၁) ဦးသီဟထွဋ်ခင်က ပါတီသမိုင်းကြောင်းကို၎င်း၊ မရွှေရည်လင်းထင်က လူ့ဘောင်သစ်လူငယ် (YNS)အကြောင်းကို၎င်း မိတ်ဆက်ရှင်းပြခဲ့ပါသည်။ ထို့နောက် လယ်သမားအရေးဆောင်ရွက်နေသူများက ၎င်းတို့ လက်ရှိ ဆောင်ရွက်နေသော အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ ပါတီတာဝန်ရှိသူများက ပြန်လည်အကြံပြု ဆွေးနွေးခဲ့ကြ ပါသည်။

Continue Reading