ELEVEN Media Group တည်ထောင်ခြင်း ၁၆ နှစ်ပြည့် အခမ်းအနားတက်ရောက်

ELEVEN Media Group တည်ထောင်ခြင်း ၁၆ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ၃၁၊ ၇၊ ၁၆ ရက်နေ့ ညနေ ၆း၃၀ နာရီက ရန်ကုန်မြို့ရှိ Novotel Hotel ၌ ပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးအခြေပြုနှင့် လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေး၊ စာပေနှင့် အနုပညာနယ်ပယ်မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်

Continue Reading

၄၅ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့ အခမ်းအနား

၄၅ နှစ်မြောက် ကိုကိုးကျွန်းပြည်သူ့သူရဲကောင်းနေ့အခမ်းအနားကို ၃၁၊ ၇၊ ၁၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ကျင်းပခဲ့ရာ ကျွန်းပြန်ရဲဘော်ကြီးများနှင့် မိသားစုဝင်များ၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင်များ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အခြားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များ၊ UNDO အဖွဲ့ဝင်များ၊ လက်ပံတောင်းတောင်ဒေသခံများ၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးလှချို(ကျွန်းပြန်)၊ ဦးဖေအောင်(ကျွန်းပြန်)၊ ဦးအံ့မောင်(နာယက – မှိုင်းငြိမ်းကွန်ရက်)၊ ဦးစိုင်းညွန့်လွင်(အတွင်းရေးမှူး – UNA)၊ ဗိုလ်မှူးကြီးစောလွင်(တွဲဖက်အတွင်းရေးမှူး – ကယန်းပြည်သစ်ပါတီ)၊ ကိုမိုးထက်နေ(ဒုဥက္ကဋ္ဌ – ဗကသ)၊ ဒေါက်တာညိုညိုသင်း၊ ဒေါ်ခင်မမမျိုးတို့က ကျွန်းစနစ်နှင့် ကိုယ်ထူကိုယ်ထစနစ်ဖျက်သိမ်းရေး ၅၃ ရက်ကြာတိုက်ပွဲတွင် ကျဆုံးခဲ့ရသော သူရဲကောင်းရဲဘော် ၈ ဦးအတွက် ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ကျွန်းပြန်ရဲဘော်များ၏ သဘောထားကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အခြားအဖွဲ့အစည်းများက ဂုဏ်ပြုသ၀ဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။

Continue Reading