ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်၏ ဈာပန


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂၊၆၊၂၀၁၆ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် ဆုံးပါးသွားခဲ့ပါသည်။ ရဲဘော်မင်းနိုင်၏လုပ်ဖေါ်ကိုင်ဖက်များက (၁၉) ဦးပါ ဈာပနကော်မတီကို ထိုနေ့ နေ့လည်မှာ ဖွဲ့စည်းလိုက်ကြသည်။ ထိုကော်မတီနှင့် မိသားစုမှ ဦးဆောင်ကာ ဈာပနအခမ်းအနားကို ၄-၆-၁၆ ရက်နေ့လည် ၁း၀၀ နာရီက ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ကြပါသည်။
ဈာပနအခမ်းအနားသို့ ရဲဘော်မင်းနိုင်၏ မိသားစုဝင်များ၊ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ်-အောက်ဗမာပြည် ( ၁၉၉၀-၁၉၉၁) အဖွဲ့ဝင်များ ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ် (နိုင်ငံခြားရေးကော်မတီ) မှ အဖွဲ့ဝင်များ၊ ဆရာကြီးသခင်ကိုယ် တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်း ဆောင်များ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့၊ AAPP-B အဖွဲ့ဝင်များ ၊ အလုပ်သမားအရေး-လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများ၊ ၈၈ အရေးတော်ပုံကာလမှ ယနေ့အချိန်အထိ လုပ်ဖော်ကိုင်ဘက် ရဲဘော် ရဲဘက်များနှင့် ဆွေမျိုးမိတ်သင်္ဂဟများ တက် ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရဲဘော်မင်းနိုင်၏ လုပ်ဖော်ကိုင်ဘက်များက အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီမှ အမိန့်ပြန်တမ်းကို ဖတ်ကြားခဲ့ပါသည်။ နေ့လည် ၂း၀၀ နာရီတွင် ကြွင်းကျန်ရစ်သောရုပ်ကလာပ် ကို မီးသဂြိုဟ်၍ အရိုးပြာအိုးကို အမှတ်တရ ဂူသွင်းခဲ့ကြပါသည်။

Continue Reading

အမိန့် ပြန်တမ်း

အမိန့် ပြန်တမ်း

၁။ ရဲဘော်မင်းနိုင် – ဗဟိုစည်းရုံးရေးကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြားသိစေရန် ဤ ပြန်တမ်းကို
ကျွန်ုပ်တို့ ထုတ်ပြန် ကြေညာလိုက်သည်။
၂။ ရဲဘော်မင်းနိုင် သင်သည်
(၂၊ ၆၊ ၂၀၁၆) နံနက် ၆း၃၀ နာရီတွင် ပြည်သူ့သားကောင်းပီသစွာ ကျဆုံး ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
၃။ ရဲဘော်မင်းနိုင် သင်သည်
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးတွင် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသားတစ်ဦး
အဖြစ်လည်းကောင်း စစ်အစိုးရဖိနှိပ်မှုအောက်မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဂုဏ်ယူဘွယ် ခေါင်းဆောင်တစ်ဦးအဖြစ်လည်းကောင်း ကွန်ုပ်တို့ပါတီ၏ စံပြုလောက်ဘွယ် ခေါင်းဆောင်ရဲဘော်တစ်ဦးအဖြစ်လည်း ကောင်း ကျွန်ုပ်တို့ မြန်မာပြည် လူမျိုးစုံပြည်သူလူထုကြီးအတွက် ဂုဏ်ယူအားထားစရာ ပြည်သူ့သားကောင်းတစ်ဦး အဖြစ်လည်းကောင်း ထူးချွန်စွာ တာဝန်ကျေခဲ့သော အရေးတော်ပုံ တပ်သားတစ်ဦးအဖြစ် ကျွန်ုပ်တို့ပါတီက ဂုဏ်ယူစွာ ကမ္ဗည်းမော်ကွန်းတင် အပ်ပါသည်။
၃။ ရဲဘော်မင်းနိုင်
သင့် တသက်တာပတ်လုံးကို အကုန်အစင် ပုံအောလျက် ယုံကြည် ကြိုးပမ်း တိုက်ပွဲဆင်ခဲ့သည့် ငြိမ်းချမ်းသော ညီညွတ်သော လွတ်လပ်သော တန်းတူသော လောကအသစ် နိုင်ငံတော်အသစ်ကြီးတရပ် ထူထောင်တည်ဆောက် နိုင်ရန် ကျွန်ုပ်တို့ပါတီရဲဘော်များသည် သင့်အား စံနမူနာကောင်းပြု၍ ကုန်စင်ပြီးမြောက်ပန်းတိုင်ရောက်သည်အထိ ဆက်လက်အားထုတ်ကြိုးပမ်း ချီတက်သွားကြမည် ဖြစ်ကြောင်း သင့်အား လေးမြတ်စွာ သိစေအပ်ပါသည်။
၎။ ရဲဘော်မင်းနိုင်
သင်ကား
ယနေ့ (၄၊ ၆၊ ၂၀၁၆)နေ့တွင် သင့်တစ်သက်တာအတွက် ပါတီ၏တာဝန်၊ နိုင်ငံသား ပြည်သူတစ်ဦး၏တာဝန်ကို
ကျေပွန် ကုန်စင်သည်အထိ ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ကောင်းစွာ အနားရနိုင် အနားယူခွင့်ရှိပြီဖြစ်ကြောင်း ဤပြန်တမ်းဖြင့် ကျွန်ုပ်တို့ သိစေအပ်ပါသည်။

ရဲဘော်မင်းနိုင် ကောင်းရာ သုဂတိသို့ လားရောက်ပါစေ။
ရဲဘော်မင်းနိုင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။

အောင်မိုးဇော်
ဥက္ကဋ္ဌ
၂၀၁၆ ခုနှစ်၊ ဇွန်လ (၄) ရက် (စနေနေ့)။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်ဈာပနသို့ ပေးပို့သော သဝဏ်လွှာ

ပေးပို့သော သဝဏ်လွှာ

၁။ မိမိတို့ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂၀၁၆ ခု၊ ဇွန်လ (၂)ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

၂။ ရဲဘော်မင်းနိုင်သည် ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ ယခု ကွယ်လွန်ချိန်အထိ မိမိတို့ပါတီအတွက်လည်း ကောင်း၊ မိမိတို့နိုင်ငံနှင့် လူမျိုးစုံမြန်မာပြည်သူတို့အတွက်လည်းကောင်း၊ အမိရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာအတွက် လည်းကောင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင်စံနစ် အမြစ်ပြတ် သုတ်သင် နိုင်ရေးတို့ကို တစ်ဘဝလုံးပုံ၍ အားကြိုးမာန်တက် တာဝန်ထမ်းဆောင်ရင်း ပြည်သူ့သားကောင်း ပီသစွာ ကျဆုံး ကွယ်လွန်ခဲ့ သော ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ရဲဘော်မင်းနိုင်၏ ဂုဏ်ပြောင်သော အားထုတ်ကြိုးပမ်းခဲ့မှု အလုံးစုံအား မိမိတို့ပါတီက လေးမြတ် ဂုဏ်ယူစွာ
မှတ်တမ်း ကမ္ဗည်းတင်အပ်ပါသည်။

၃။ မိမိတို့ပါတီသည် ရဲဘော်မင်းနိုင် တစ်သက်တာလုံး ယုံကြည် မျှော်မှန်းခဲ့သော ငြိမ်းချမ်း ညီညွတ် လွတ်လပ်သည့်
အနာဂတ်နိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက်နိုင်သည်အထိ မဆုတ်မနစ် အားသွန်ကြိုးပမ်းသွားကြမည် ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ပြု ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဇွန်လ (၄)ရက်။

Continue Reading