ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
အမရပူရမြို့ – တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာဇောတ (ကိုပညာ – အမရပူရ)သည် ၂၀၁၆ ခု၊
မေလ (၂၁)ရက်နေ့က ပျံလွန်တော်မူကြောင်း ကြားသိရပါသည်။
အထက်မြန်မာပြည်တွင် နိုင်ငံရေးအင်အားစုများအတွက်လည်းကောင်း၊ စာပေအနုပညာအသိုက်အဝန်းအတွက် လည်းကောင်း၊ မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအတွက်လည်းကောင်း စုစည်းရာ ဆုံဆည်းရာ တစ်ခုအဖြစ် မိမိ၏ ကျောင်းတိုက်ပုရဝဏ်၊၊ မိမိ၏ ဂုဏ်သိက္ခာနှင့်အားထုတ်မှုတို့ကို အရိပ်ကောင်းသဖွယ် ဖြစ်စေခဲ့သည့် ရဟန်းစာဆို၊ပညာရှင် ဦးပညာဇောတ၏ ကြီးစွာသော ဂုဏ်လက္ခဏာအရပ်ရပ်အား ဦးညွှတ် အရိုအသေပြုလျက် ဆရာတော်၏ အန္တိမဈာပနသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မေလ၊ (၂၄)ရက်။
Continue Reading
