နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပြည်မြို့နယ်ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်းဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ
ပြည်သူ့တိုးတက်ရေးပါတီ ပြည်မြို့နယ် အတွင်းရေးမှူး၊ ပြည်ခရိုင် မှိုင်း/ငြိမ်း ကွန်ရက် အတွင်းရေးမှူး ဦးဇော်ဝင်း သည် (၁၁၊ ၂၊ ၂၀၁၆) နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် မိသားစုဝင်များနည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီကဝမ်းနည်းသဝဏ်လွှာပေးပို့အပ်ပါသည်။
မိမိတို့ ပါတီအပေါ်၌လည်းကောင်း၊ အဖိနှိပ်ခံ လူမျိုးစုံ ဗမာပြည်သူလူထုကြီးအပေါ်၌လည်းကောင်း တည်ငြိမ် ရဲရင့်စွာ စွဲမြဲ ခိုင်ကြည်ခဲ့သည့် မိတ်ကောင်းဆွေမွန် ပီသသော သစ္စာစောင့်သိမှုများနှင့် တာဝန်သိသိ ဆောင်ရွက်ခဲ့မှုများအတွက် မိမိတို့ ပါတီက အစဉ် ဂုဏ်ယူ၊ မှတ်တမ်း တင်ထားမည် ဖြစ်ပါကြောင်းလည်း ဂုဏ်ပြု၊ ဖော်ပြအပ်ပါသည်.။
Continue Reading