ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

May 2014
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  

(၁၉၉၀) ရွေးကောက်ပွဲ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ

၁။ ယနေ့သည် စစ်အာဏာစိုးမိုးမှု ဆန့်ကျင်သော လူမျိုးစုံမြန်မာ့ပြည်သူလူထုကြီးက ရွေးကောက်ပွဲကို တိုက်ပွဲမျက်နှာစာတခုကဲ့သို့ လက်ခံ၊ ရင်ဆိုင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တခဲနက် ထောက်ခံ၊ မဲပေး ရွေးချယ်ခဲ့သော (၂၄) နှစ်ပြည့် အခါ သမယ ဖြစ်သည်။ ၂။ လွန်ခဲ့သော (၂၄)နှစ်၊ ၁၉၉၀ ပြည့်က ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်များသည် ထိုကာလက ပြည်သူအများ လွှဲအပ်၊ တာဝန်ပေးခဲ့သော စစ်အာဏာစိုးမိုးမှု ဆန့်ကျင်ရေး၊ ငြိမ်းချမ်း၊ ညီညွတ်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်နိုင်ရေးတို့အတွက် ပြည်သူ့ သဘောထားဆန္ဒမပါဘဲ အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်ရန် တာဝန်သိသိ ဆက်လက် အားထုတ်၊ ကြိုးပမ်းနေကြသည်ကို အထင်အရှားတွေ့နိုင်ပေသည်။ ၃။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ လွတ်လပ် တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်နိုင်ရေး တို့အတွက် ၁၉၉၀ ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများနှင့်အတူ မဟာမိတ်ကောင်းအဖြစ် လက်တွဲ၊ ကြိုးပမ်း ဆောင်ရွက်သွားကြရန် ကတိ၊ ဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြု သဝဏ်လွှာအား ပေးပို့အပ်ပါသည်။ ၂၀၁၄ ခုနှစ်၊ မေလ၊ ၂၇ ရက်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)