ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

March 2014
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930
31  

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

၂၀၁၄ ခုနှစ် ၊ မတ်လ ၊ ၂၉ ရက်။ ၁။ မြန်မာပြည်လယ်သမားထုသည် နိုင်ငံအဖြစ် စတင်ထူထောင်ခဲ့ကြရာ (၁၁)ရာစုကာလမှပင် ယနေ့အထိ အနိုင်ကျင့် ဗိုလ်ကျ ခံရမှု၊ သွေးစုတ်ချယ်လှယ်ခံရမှု၊ နိမ့်ကျသောထုတ်လုပ်မှုပုံစံကြောင့် စီးပွားရေးဘဝချို့တဲ့မှု၊ သဘာဝဘေးရန် မြေရှင်၊ငွေရှင် တို့၏ သီးစားခ၊ အတိုးကြီးချေးငွေ စသည်တို့၏ နှိပ်စက်ဒဏ်၊ အုပ်ချုပ်ရေး အာဏာစက် အဆက်ဆက်၏တာဝန်မဲ့မဲ့ လစ်လျူရှုခံရမှုဒဏ် စသည့်ဖိစီးမှုပေါင်းစုံအောက်ဝယ် လူချင်းမမျှသော လူမှုဘဝနိမ့်ကျခြင်းဒဏ်ချက်အမျိုးမျိုးကို စဉ်ဆက်မပြတ် ခံစားခဲ့ကြရသည်။ ၂။ ယနေ့ကာလ ဒီမိုကရေစီ အသွင်ကူးမှုဖော်ဆောင်နေကြောင်း ကြွေးကြော်နေသည့် အစိုးရလက်ထက်တွင်လည်း မကြာမီ ပြောင်းလဲ၊ရောက်ရှိလာဘွယ်ဖြစ်သည့် စီးပွားအခွင့်အလမ်းတို့အတွက် ဓနဥစ္စာ၊အခွင့်အာဏာတို့ကို အသုံးချပြီး အသင့်ပြင်နေကြကုန်သော စီးပွားရေးခရိုနီများ၊အာဏာပိုင်အဖွဲ့အစည်းများ၊အထွေထွေ အပြားပြားသော စီမံကိန်းများက မြေသိမ်း၊ယာသိမ်း အနိုင် ကျင့်မှုများကို အရက်စက်ဆုံး ကျူးလွန်ခံနေကြရပေသည်။ ၎င်း ဖိစီး၊နှိပ်စက်ဒဏ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းရေးအတွက် ဥပဒေဖြင့် လုံလောက်သော အကာအကွယ်ပေးမှုလည်း မခံစားရ၊ တကိုယ်ချင်း၊တစုချင်း ဖြစ်နိုင်သမျှ ဥပဒေဘောင်တွင်းကြိုးပမ်းမှု အားလုံးလိုလိုသည်လည်း တည်ဆဲဥပဒေများကို ချိုးဖောက်နေသည်ဟု စွပ်စွဲခံရလျက် ပြစ်ဒဏ်အမျိုးမျိုး စီရင်ခံနေကြရသည်။ ကျေးလက်လူ့အဖွဲ့အစည်း၏ မိသားစုအသက်မွေးဘဝ ပြိုကွဲလျက် အရွယ်ကောင်း၊လုပ်အားရှိ လယ်သမားမိသားစုဝင်များမှာ မြေယာများကိုစွန့်ခွာပြီး မြို့ပြ လက်လုပ်လက်စားများအဖြစ် အဆက်မပြတ် မပြောင်းချင်ဘဲ ပြောင်းလဲနေကြရသည်။ ၃။ ပြည်ခရိုင်တွင်း လယ်သမားများမှာလည်း စီမံကိန်းများ၊ သ/မ အမည်ခံ ငွေရှင်များ၊ ဒေသတွင်းတပ်ဖွဲ့များ၏ အဓမ္မမြေယာ သိမ်းဆည်းခံရမှုကြောင့် ဧကသောင်းချီသောမြေယာဆုံးရှုံးမှု၊ မိသားစုဝင်သောင်းချီ၍ စီးပွားရေးဘဝ လူမှုရေးဘဝ ပျက်စီးမှုများခံစား နေကြရပြီး ပြန်လည်ရရှိရေး ကြိုးပမ်း၊အားထုတ်ရာအဆင့်တိုင်း၌ ဖိနှိပ်မှု၊မတရားမှုပေါင်းစုံကို အကာအကွယ်မဲ့စွာ ရင်ဆိုင်ခဲ့ကြရလေသည်။ လယ်သမားများနှင့် လယ်သမားအရေးကူညီအကျိုးဆောင်သူ အမြောက်အမြား ဖမ်းဆီး၊ရိုက်နှက်၊တရားစွဲဆိုခံကြရခြင်း၊ ထောင်သွင်းအကျဉ်းချခံရခြင်း၊ အချို့ အသက်ဆုံးရှုံးသည်ထိ တာဝန်မဲ့မဲ့ အနိုင်ကျင့်၊နှိပ်စက်ခံနေကြရခြင်းများနှင့် ရင်ဆိုင်နေကြရ ပေသည်။ ၄။ ၎င်း ပြည်ခရိုင် လယ်သမားထုကြီးက မိမိတို့ အခွင့်အရေး ရှိသည်နှင့်အညီ၊ “ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိ ရေး၊ ဖမ်းဆီးခံ လယ်သမားများ ပြန်လွှတ်ပေးရေး၊ လယ်သမားအခွင့်အရေး ကာကွယ်သည့် ဥပဒေပေါ်ပေါက်ရေး၊ လယ်သမား အရေး ပြဿနာများ ဖြေရှင်းရာတွင် တရားမျှတ၍၊ ဒီမိုကရေစီနည်းကျစွာ ယဉ်ကျေးစွာ ဆွေးနွေး၊ဖြေရှင်းရေး ” ဆိုသည့် မိမိတို့ လိုလားချက်များကိုစုစည်းညီညွတ်စွာ တောင်းဆို၊ဆန္ဒပြကြခြင်းအား မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံ၊ကြိုဆိုပါသည်။ ဆက်လက်၍ မပြီးပြတ်နိုင်သေးသော လယ်ယာမြေနှင့် လယ်သမားလူထုအရေးများကို စံနစ်တကျ ကိုင်တွယ်၊ဖြေရှင်း နိုင်ရေး၊ လယ်သမား လူတန်းစားပြဿနာအဝဝကို ရင်ဆိုင်၊ဖြတ်ကျော်နိုင်ရေးတို့အတွက် ယခုစုစည်းညီညွတ်မှုကို ဆက်လက် ထိန်း သိမ်းလျက် မိမိတို့ လယ်သမားလူထုကြား သွေးစည်းမှု အခိုင်အမာရယူပြီး လွတ်လပ်သော ဒေသဆိုင်ရာ လယ်သမားသမဂ္ဂ ကြီးတရပ် စုဖွဲ့၊ပေါ်ပေါက်လာနိုင်သည်ထိ ကြိုးပမ်း၊အောင်မြင်ကြလိမ့်မည် ဟုလည်း ယုံကြည်၊မျှော်လင့်ပါသည်။ ၅။ ပြည်ထောင်စုအစိုးရ၊ ပဲခူးတိုင်းဒေသကြီးအစိုးရ၊ ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများအပါအ၀င် အာဏာပိုင်အဆင့်ဆင့်အနေဖြင့် မိမိနိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများကိုလေးစား၊အသိအမှတ်ပြုလျက်၊ တရားနည်းလမ်းကျစွာ၊ဒီမိုကရေစီနည်းကျစွာ၊ ယဉ် ကျေး ထောက်ထားစွာလက်ခံ ဖြေရှင်းပေးကြပါရန် မိမိတို့ပါတီက အလေးအနက် တိုက်တွန်း၊တောင်းဆိုလိုက်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)