ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) အမြင်သဘောထား ထုတ်ပြန်ချက် (၂၈-၅-၂၀၁၈)

ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ချက်များ

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)၏ တတိယနေ့အား (မေလ ၂၈ရက်)တွင် နှီးနှောဖလှယ်ပွဲ၏ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲသို့ တင်သွင်းလာသည့် စာတမ်း(၂၅)စောင်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြံပြုချက် နှင့် လက်တွေ့ လုပ်ငန်းစဉ်များကို စုစည်းချက်အား ပြန်လည်တင်ပြပြီး တက်ရောက်သူကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ လူထုသဘောထားကို အခြေခံသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အခြေခံလိုအပ်ချက်များ၊ အကြံပြုချက်များ၊ လက်တွေ့လုပ်ငန်းစဉ်များကို စုစည်းထားပြီး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် အင်အားစုအသီးသီးနှင့် လူထု ကိုယ်စားလှယ်များ၏ သဘောထား၊ အမြင်များကို စုစည်းပြီး ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်) အမြင်သဘောထား ထုတ်ပြန်ချက်ကို စုပေါင်းထုတ်ပြန်ကြေညာခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”420″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]