?

EPDP ၏ လူထုအတွက် အကြံပြုချက် စာတမ်းအား အသိပေးတင်ပြသည့် အခမ်းအနား

ပါတီလှုပ်ရှားမှုများ

EPDP ၏ လူထုအတွက် အကြံပြုချက် စာတမ်းအား အသိပေးတင်ပြသည့် အခမ်းအနား

တိုင်းရင်းလူထုတိုးတက်ရေး မိတ်ဖက်အဖွဲ့(EPDP) က လူထုအတွက် အကြံပြုချက် စာတမ်းအား လွှတ်တော်၊ အစိုးရနှင့် တိုင်းပြည်သို့ အသိပေးတင်ပြသည့် အခမ်းအနားကို ၁၀- ၉- ၁၆ ရက် နေ့လည် ၁းဝ၀ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းစာတမ်းတွင် အလုပ်သမားရေးရာ၊ တောင်သူလယ်သမားရေးရာ၊ အခြားအခြေခံလူထုအလွှာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဟူ၍ လေ့လာတွေ့ရှိချက်များကို ကဏ္ဍအလိုက် ခွဲခြားဖော်ပြထားပါသည်။ EPDP မှ တာဝန်ရှိသူများက အဖွဲ့၏ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပြီး တက်ရောက်လာသော ဧည့်သည်တော်များ၊ လ့တ်တော်ကိုယ်စားလှယ်များက ပြန်လည်အကြံပြု ဆွေးနွေးပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် လူ့ဘောင်သစ်လူငယ် မရွှေရည်လင်းထင်တို့လည်း တက်ရောက်ခဲ့ကြပါသည်။