ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားများသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်အပန်းဖြေရိပ်သာ၌ ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့လည်းကောင်း၊ ပဲခူးရိုးမအနောက်ခြမ်းနိုင်ငံရေးအင်အားစုများ ကျင်းပသည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားသို့လည်းကောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ကျင်းပသည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းလည်း တက်ရောက်၍ အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်စည်းရုံးရေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ပဲခူးတိုင်းအရှေ့ခြမ်းနိုင်ငံရေးအင်အားစုများ စုပေါင်းကျင်းပသည့် ဒီမိုကရေစီမော်ကွန်းကျောက်တိုင်ဖွင့်ပွဲနှင့် ၈၈၈၈ ပြည်သူ့အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားကို ၂၀၁၈ သြဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ ရန်ကင်းသာပန်းခြံ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ မှိုင်း/ ငြိမ်းကွန်ရက် (ရန်ကုန်)၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျခံ အလုပ်သမားဟောင်းကြီးများကွန်ရက်၊ AAPP (B)၊ ပဲခူးတိုင်းအရှေ့ခြမ်း နိုင်ငံရေးအင်အားစုများ၊ CSOs များ၊ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”451″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]