လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Strategic Planning Workshop on Party Building) ကို ၂၀၁၆၊ စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ ဒေသအလိုက်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲပထမနေ့နှင့် ဒုတိယနေ့တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ Mr. Buenviwe Ferdinand က လူထုပါတီတရပ် တည်ဆောက်ရာတွင် အခြေခံသင့်သည့် အယူအဆ၊ အချက်အလက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက အစုအဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။၂၀၁၃ ခုနှစ်မှ ၂၀၁၆ အထိ ဆောင်ရွက်ရန် ချမှတ်ခဲ့ကြသော ပါတီတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအပေါ်  ပြန်လည်သုံးသပ်ကြသည်။ ဆွေးနွေးပွဲတတိယနေ့တွင် ယခင်နေ့များမှ ဆွေးနွေးရရှိချက်များကို ပြန်လည်အနှစ်ချုပ်စုစည်းခဲ့ကြသည်။ ၎င်းအပြင် ၂၀၂၀ တွင် ကျစ်လျစ်ခိုင်မာသော၊ လူထု၏ယုံကြည်အားထားမှုကို ရရှိသောပါတီတရပ်အဖြစ် အခိုင်အမာ ရပ်တည်လာနိုင်ရေးအတွက် ပါတီတည်ဆောက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။