ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အစည်းအဝေးကို ၄- ၉- ၁၆ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဆရာကြီးမွေးဖွားရာဇာတိ ရွှေတောင်မြို့၊ ဝါးလည်ရွာတွင် ငြိမ်းချမ်းရေးဗိမာန်ဆောက်လုပ်ရန် စီစဉ်ထားရှိမှု အခြေအနေများ၊ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁ ပင်လုံ)အပေါ် အမြင်သဘောထားများကို သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။