လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း

အင်တာဗျူး

မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

သမ္မဦးထင်ကျော် ရုတ်တရက်နုတ်ထွက်သွားတယ်ပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာကြောင့်နုတ်ထွက်သွားသလဲပေါ့။ ကျွန်တော်တို့ နိုင်ငံရေးအသိုင်းဝိုင်းကလူတွေရဲ့ သဘောထားအမြင်လေးကို သိချင်ပါတယ်။

ဒီကိစ္စက ရုတ်တရက်နှုတ်ထွက်သွားတယ်လို့ ကျွန်တော်တို့သိရတယ်ပေါ့လေ။ သို့သော်လည်း သူနှုတ်ထွက်မယ် နှုတ်ထွက်မယ်ဆိုတဲ့ ကောလဟာလတွေ ဖြစ်နေတာ အတော်ကြာပြီ။ သူကျန်းမာရေးအခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်။ အခြားအကြောင်းတွေလည်း ရှိနိုင်တယ်လို့ ထင်ပါတယ်။ 
ပထမတော ့သမ္မတကျန်းမာရေးမကောင်းဘူးဆိုတာ သတင်းတွေထွက်ပေါ်နေတာကြာပြီလေ။ ဒါပေမဲ့ အချို့ဝေဖန်တာတွေလည်း ရှိတယ်ပေါ့လေ။ ဒီနေ့ဆို ထူးထူးခြားခြားပဲ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း နှုတ်ထွက်သွားတယ်။ သမ္မတနေရာအတွက် သူကလည်း ရေပန်းနည်းနည်းစားနေတယ်။

သမ္မတနေရာအတွက် ဦးဝင်းမြင့်အကြောင်းနဲ့ပတ်သက်ပြီး အကိုဘယ်လောက်သိထားလဲ။ သူကရော ဖြစ်လာနိုင်ခြေရှိလားပေါ့။

ခုအနေအထားကတော့ သူဖြစ်လာနိုင်ခြေများတာပေါ့နော်။ ဒါကတစ်ခု။ နောက်တစ်ခုက သမ္မတဦးထင်ကျော်ကိစ္စနဲ့ ပတ်သက်လို့ နည်းနည်းလေး ပြန်ပြောချင်တယ်။ သမ္မတဦးထင်ကျော်က နကိုကတည်းက သမ္မတရာထူးကို လိုလိုချင် လိုချင်လွန်းလို့လုပ်ခဲ့တာမဟုတ်ဘူး။ ပါတီကတာဝန်ပေးလို့ (သို့မဟုတ်) သူယုံကြည်တဲ့ ခေါင်းဆောင်ကတာဝန်ပေးလို့ မဖြစ်မနေ ဒီတာဝန်ကို ယူခဲ့တာ ဖြစ်ပါတယ်။ ဒီတာဝန်ကိုယူပြီးတော့ နှစ်နှစ်လောက်အတွင်းမှာလည်းပဲ လက်တွေ့ကျတော့ သမ္မတတာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခွင့် မရဘူးလို့ ကျွန်တော်အဲလိုပြောချင်ပါတယ်။ ဒီတစ်ချက်ကဘာပဲပြောပြော စိတ်တစ်စုံတစ်ရာ ဖိစီးမှုတွေ ဖြစ်နိုင်ပါတယ်။ နောက်တခြားတစ်ဘက်ကလည်း ကျန်းမာရေးအခြေအနေရှိနိုင်တယ်။ ဒါကြောင့်သူနှုတ်ထွက်မယ်ဆိုတဲ့သတင်းဟာ သူကျန်းမာရေးမကောင်းဘူးဆိုတဲ့ အခြေအနေတွေမဖြစ်ခင် တော်တော်ကြာကြာထဲက ကောလာဟလတွေဖြစ်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော်နည်းနည်းလေး ဖြည့်ပြောချင်ပါတယ်။

ဟုတ်ကဲ့ဒါကတော့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာတော့ အဓိက ခေါင်းဆောင်မှုပေါ့နော်။ ခုခေါင်းဆောင်မှုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုနဲ့သွားနေတာပေါ့နော်။ အခုနက အကိုပြောနေတဲ့အထဲမှာပေါ့ သမ္မတဦးထင်ကျော် ပြုလုပ်ခွင့်မရတဲ့အခြေအနေဆိုတာ ဘယ်လိုဟာမျိုးတွေဖြစ်မလဲ။

အများအမြင် ပြည်သူတွေအမြင်ပေါ့နော်။ နိုင်ငံရေးပုဂ္ဂိုလ်တွေရဲ့အမြင် သမ္မတဦးထင်ကျော်က အရုပ်သဘောလိုဖြစ်နေတယ်ဆိုတာ တော်တော်များများက ဝေဖန်ပြောဆိုနေကြတယ်။ ဘာပဲပြောပြောသူ့အနေနဲ့ စိတ်ဖိစီးမှုတွေ အများကြီးဖြစ်နိုင်တယ်။ သူအနေနဲ့က နဂိုကတည်းက ဒီလိုကိစ္စမျိုး လုပ်ချင်မှာမဟုတ်ဘူး ။
နဂိုကတည်းက သမ္မတလည်း လုပ်ချင်တဲ့သူမဟုတ်ဘူး။ အခြေအနေအကြောင်းကြောင့် သမ္မတဖြစ်လာတာ ရှိတယ်။ သမ္မတဖြစ်လာတဲ့အခါမှာလည်း သမ္မတတာဝန်ကို ဒင်ပြည့်ကျပ်ပြည့် သူမထမ်းဆောင်ခဲ့ရဘူး။ သူ့အရည်အချင်းမရှိလို့ ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့ ဒင်ပြည့်ကျပ်ပြည့် မထမ်းဆောင်ရတာတော့ သေချာတယ်။ ဒါဟာ သူ့အတွက် စိတ်ဖိစီးမှုအများကြီးရှိနိုင်တယ်လို့ ထင်ပါတယ်။

ဟုတ်ကဲ့။ ဘာပဲပြောပြော ခု နှုတ်ထွက်သွားတဲ့သမ္မတကြီးဆို ဦးထင်ကျော်ဆို ဘာပဲပြောပြော သူ့အဖေဆိုရင် မင်းသုဝဏ်ရဲ့သားပေါ့နော်။ ဦးဝင်းမြင့်ဆိုရင်ရော ပြည်သူတွေရဲ့ကြည်ညိုမှု သူလောက်ပေါ့ ဦးထင်ကျော်ကျ ဘာပဲပြောပြော ပြည်သူတွေရဲ့ကြည်ညိုမှုရတယ်ပေါ့။ ခုသတင်းပြေးနေတဲ့ ဦးဝင်းမြင့်ပေါ့။ နောက်တက်လာမယ့် သမ္မတဆိုရင်ရော ပြည်သူတွေက ဘယ်လိုမြင်မလဲခင်ဗျ။

လတ်တလောမှာသူထွက်သွားရတဲ့ကိစ္စကတော့ ပြည်သူတွေအတွက်ပဲဖြစ်ဖြစ် တိုင်းပြည်အတွက်ပဲဖြစ်ဖြစ် တစ်စုံတစ်ရာနစ်နာတယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။ ခုန ခင်ဗျားပြောသလိုပဲ ဂုဏ်သိက္ခအရပဲကြည့်ကြည့် အခြားပညာအရည်အချင်းအရပဲကြည့်ကြည့် နောက်ခံဘက်ဂရောင်းတွေအရပဲကြည့်ကြည့် ဦးထင်ကျော်ဟာ နိုင်ငံတော်သမ္မတရာထူးနဲ့ထိုက်တန်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။
သူလိုလူမျိုးတစ်ယောက်ကို ရုတ်တရက်ပြန်ရှာပြီးတော့အစားထိုးဖို့ဆိုတာလည်း နည်းနည်းခက်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်းပဲ အခြေအနေတွေက မြန်မြန်ဆန်ဆန် လုပ်ရမယ်ဆိုတဲ့အခါတော့ ဘယ်လိုုပုဂ္ဂိုလ်မျိုးတွေ ဖြစ်လာမလဲဆိုတာကတော့ ပြောဖို့ခက်ပါတယ်။

အခြေခံဥပဒေမှာပြဋ္ဌာန်းတာကတော့ သမ္မတနေရာကို လက်ရှိ ဒုတိယသမ္မတက အစားထိုးပြီးတော့ နေရာယူလိမ့်မယ်ပေါ့နော်။ ဒီခုနှစ်ရက်အတွင်းမှာ ပြန်ပြီးရွေးချယ်ရမယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ရွေးချယ်မှာလဲ။ ဖြစ်လာနိုင်ခြေ နည်းနည်းသုံးသပ်ပြီးပြောပေးပါဦး။

ဦးထင်ကျော်က နကိုတုန်းကသာ ပြည်သူ့လွှတ်တော်ကရွေးချယ်တင်မြှောက်တဲ့ ဒုသမ္မတဖြစ်တယ်ဆိုတော့ ပြည်သူ့လွှတ်တော်ကပဲ ဒုသမ္မတတစ်ဦးကို ထပ်ရွေးချယ်ရမှာဖြစ်တယ်။ ပြီးတော့မှ ဒုသမ္မတသုံးယောက်ထဲကမှတစ်ယောက်ကို ပြည်ထောင်စုလွှတ်တော်ကရွေးချယ်ကြမှာဖြစ်တယ်လို့ ယူဆပါတယ်။

ဆရာတို့နိုင်ငံရေးအသိုင်းအဝိုင်းက လာတာဆိုတော့ လက်ရှိသတင်းပြေးနေတဲ့ ဒီလွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။ ဘယ်လိုအချက်တွေသိထားလဲ။ အဲဒီအကြောင်းလေး နည်းနည်းပြောပြပေးပါလား။

သူကခု လွှတ်တော်ဥက္ကဋ္ဌရာထူးက နှုတ်ထွက်ပြီလို့ ကြားတယ်။ အဲတာသေချာရင်တော့ သူလည်းဒုသမ္မတတစ်ဦးဖြစ်လာမှာပေါ။့ ဒုသမ္မတသုံးဦးထဲကသူရှိမယ။် ဦးဟန်နရီ ရှိမယ်။ ဦးမြင့်ဆွေရှိမယ်။ သုံးယောက်ထဲကပဲ တစ်ယောက်ရွေးကြရမယ် ဆိုတဲ့ခါကျတော့ သူကဖြစ်နိုင်ဖို့ တော်တော်များပါတယ်။ ဦးဝင်းမြင့်နဲ့ပတ်သက်လို့တော့ ကျွန်တော်လည်းပဲ ပုဂ္ဂိုလ်ရေးအရ သေချာမသိပါဘူး။ 
သို့သော်လည်း နိုင်ငံရေးအဝန်းအဝိုင်းမှာ ပြောဆိုနေတာကတော့သူ့ဇာတိမြေမှာပဲ ဖြစ်ဖြစ် နိုင်ငံရေးအဝန်းအဝိုင်းတွေမှာ ပြောဆိုနေတာကတော့ သမ္မတဦးထင်ကျော်လို ဂုဏ်သိက္ခာမျိုးလောက်တော့မရှိနိုင်ဘူးလိုု့ ကျွန်တော်အဲလိုထင်ပါတယ်။

နောက်တစ်ခုက သတင်းတွေထွက်ပေါ်နေတာကတော့ NLDပါတီက ပြောရေးဆိုခွင့်ရှိသူ သတင်းဌာနတစ်ခုမှာ ပြောထားတာကတော့မုံရွာအောင်ရှင်က ပြောထားတာပေါ့နော်။ နောက်တက်မယ့်သမ္မတ လောင်းတွေက လူငယ်တွေကိုလညး် ရွေးချယ်နိုင်ခြေရှိတယ်လို့ ပြောတယ်။ လူငယ်ထဲမှာရော ဆရာကိုယ်တိုင်က ဘယ်လိုမျိုးပြေးမြင်တာမျိုးတွေ ရှိဦးမလဲဗျ။

ကျွန်တော်အထင်ကတော့ ဦးဝင်းမြင့်ဟာ လွှတ်တော်ဥက္ကဋ္ဌရာထူးက နှုတ်ထွက်ဆိုလို့ရှိရင်တော့ ဒါဒုသမ္မတနေရာကို သူဝင်ပြိုင်ဖို့ပဲဖြစ်လိမ့်မယ်။ အဲလိုမဟုတ်ဘူးဆို အသလွှတ်ကြီးသူ့ကိုထွက်ခိုင်းတာ ဖြစ်လိမ့်မယ်။ အဲဒါဆို အခြားလူငယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်ထင်တယ်။ 
အခြားလူငယ်တွေကိုရွေးမယ်ဆိုတဲ့သဘောထားရှိတယ်ဆိုလို့ရှိရင်ဦးဝင်းမြင့်က လွှတ်တော်ဥက္ကဋ္ဌရာထူးက ထွက်စရာအကြောင်းမရှိဘူး။ ခုနပြောတဲ့ လူငယ်တွေကို ဖြစ်နိုင်တယ်ဆိုတဲ့အချက်က လုံးဝမဖြစ်နိုင်ဘူး။

ရုတ်တရက်နှုတ်ထွက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအဝန်းအဝိုင်းမှာရော ဘယ်လိုရိုက်ခတ်မှုတွေ ဘာတွေနောက်ဆက်တွဲဖြစ်လာနိုင်မလဲလို့ မြင်မိသလဲ။

ကျိန်းသေတာကတော ့ကျွန်တော်တို့တိုင်းပြည်ကို လက်တွေ့အုပ်ချုပ်နေတာကြတော့ နိုင်ငံတော်သမ္မတဆိုတာထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတယ်။ နိုင်ငံတော်သမ္မတ နှုတ်ထွက်သွားတဲ့ကိစ္စဟာ သူကိုယ်တိုင်ကလည်းပဲ နှစ်နှစ်အတွင်းမှာ သူတာဝန်သူကြီးကြီးတွေကို သူထမ်းဆောင်ခဲ့ရပုံ မပေါ်ဘူး။ အဲအတွက် အများကြီးတော့ မထိခိုက်နိုင်ဘူး။ သို့သော်လည်း ခုန ကျွန်တော်ထောက်ပြသလိုပဲ သူလိုဂုဏ်သိက္ခာရှိတဲ့ပုဂ္ဂိုလ်မျိုး နိုင်ငံတော်အကြီးအကဲမျိုးက 
နိုင်ငံတော်သမ္မတရာထူးနဲ့ ထိုက်တန်တယ်။ သူလိုလူမျိုး နောက်တစ်ယောက်ထပ်ရှာဖို့ဆိုတာက ခက်တယ်။ အဲအတွက်တော့ ကျွန်တော်တို့ပုံရိပ် ကျွန်တော်တို့တိုင်းပြည် ပြည်သူတွေအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်ပဲဖြစ်ဖြစ် နစ်နာစရာရှိတယ်။

ဆရာလည်း လက်ရှိနိုင်ငံရေးလှုပ်ရှားနေတာဆိုတော့ အခင်းအကျင်းပေါ့နော်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီဆိုတော့ ဒီနှစ်နှစ်ခွဲသက်တမ်းမှာ သမ္မတရာထူး ရုတ်တရက်ဖြစ်လာတော့မယ်ပေါ့နော်။ အဲအတောအတွင်းမှာ ကျွန်တော်တို့မြန်မာ့နိုင်ငံရေးအခြအနေလေးကို လေ့လာသုံးသပ်ရင်းနဲ့ ဆရာ့ထင်မြင်ချက်လေးကို နိဂုံးချုပ်ပေးပါဦးခင်ဗျ။

တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ စီးပွားရေးအခြေအနေ အဲကိစ္စတွေကတော ့သိပ်ကောင်းလှတဲ့ အခြေအနေရယ်လို့ ပြောလို့မရဘူး။ မရဘူးဆိုတာ ခင်ဗျားတို့ကြည့်ပါ။ ကျွန်တော်တို့ ဒီလက်ရှိငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်မယ်လို့ ပြောတယ်။ အဲဒါလည်း ခုချိန်ထိ တို့လို့ တန်းလန်း။ ထိထိရောက်ရောက် သိသိသာသာ တိုးတက်လာတဲ့လက္ခဏာ မရှိသေးဘူး။
နောက်တစ်ခု ကျွန်တော်တို့ နိုင်ငံတကာကိစ္စတွေမှာလည်းပဲ ကျွန်တော်တို့တိုင်းပြည်ဟာ အတော်ပုံရိပ်ကျနေတယ်။ တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီးလည်းကြည့် နေရာတိုင်းမှာ ပြဿနာတွေအတော်တက်နေတယ် ဆိုတော့ အခြေအနေကြီးကအတော်ကောင်းလှတယ်မရှိဘူး ။ ဘာဖြစ်လည်းဆိုလိုရှိရင် တိုင်းပြည်ရဲ့ဒီမိုကရေစီဘောင်ကကျယ်မလာပဲ ကျဉ်းကျဉ်းသွားတယ်။ ခင်ဗျားတို့ ငြိမ်းစုစီ ပြင်မယ်ဆင်မယ်ဆိုတဲ့ကိစ္စကြီးပေါ့နော်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီ
ဘောင်က ပိုကျဉ်းသွားသလို ခံစားရတယ်။ ခုနေ အနေအထားမှာတော့ အဲ့အခြေအနေ ရှိနေတယ်။ နှုတ်ထွက်သွားတဲ့သမ္မတကြီးနဲ့ပတ်သက်ပြီး အဲကိစ္စ ကျွန်တော်စိတ်မကောင်းဘူး။ နကိုတုန်းက လုပ်ချင်လို့လုပ်ခဲ့တာမဟုတ်ဘူး။ တာဝန်ပေးလို့ လုပ်ခဲ့ရတာ။ ဂုဏ်သိက္ခလည်းရှိတယ်။ ရိုးသားမှုလည်းရှိတယ်။ သူမလုပ်ချင်လို့ နှုတ်ထွက်သွားတာကတော့ သူ့ကိုယ်သူ အေးချမ်းကောင်းအေးချမ်းသွားနိုင်တယ်။ တပြိုင်နက်တည်းမှာပဲ ခုနလိုပုံရိပ်တွေဟာ သူသမ္မတဖြစ်တာနဲ့အတူ သူနဲ့ပါကပ်သွားတယ်သူပါတာဝန်ခံရသလိုဖြစ်တယ်။
အဲအတွက်ကျွန်တော်စိတ်မကောင်းဘူးလို့ ကျွန်တော်ပြောချင်တယ်။

[ngg_images source=”galleries” container_ids=”375″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]