ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာအုပ်စု ဆိုင်းဘုတ်တင်ပွဲအခမ်းအနား

မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာအုပ်စုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၂၄ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။ ဆိုင်းဘုတ်တင်ပွဲတွင် ထနောင်းတိုင်ကျေးရွာအုပ်စု စည်းရုံးရေးတာဝန်ခံ ကိုပြည့်ဖြိုးဝင်းက ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပါတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကိုလည်းကောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်းကို မအိသဉ္ဇာမောင်ကလည်းကောင်း ပြောကြားခဲ့ကြပါသည်။ ထို့နောက် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်နှင့် မြို့နယ်စည်းရုံးရေးကော်မတီဝင် ဦးမျိုးဟန်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ဒေသခံလူငယ်များနှင့် ဆွေးနွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၄ နှစ်မြောက် အခမ်းအနား

ငြိမ်းချမ်းရေးပိသုကာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း ၅၄ နှစ်မြောက် အခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၂၃ ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂ(မှော်ဘီ)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်းသူကျောင်းသားများနှင့် ဆရာကြီးအားချစ်ခင်လေးစားသူများ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ ဂုဏ်ပြုအမှတ်တရစကားများလည်း ပြောကြားခဲ့ကြပါသည်။

၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများသို့ တက်ရောက်ဂါရ၀ပြု

မြင်းခြံမြို့ မဏိကဉ္စနာခန်းမရှေ့တွင် ကျင်းပပြုလုပ်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ မြင်းခြံမြို့နယ်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်အလေးပြုခဲ့ကြပါသည်။ ဘားအံမြို့ အာဇာနည်ကျောက်တိုင်ကွင်းတွင် ပြုလုပ်သည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဘားအံမြို့နယ်ခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌ကျင်းပသည့် (၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ကိုယ်စားလှယ်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

Political Strategy Development Workshop ပြုလုပ်

SocDemAsia နှင့် FES တို့ ပူးပေါင်းစီစဉ်သည့် Political Strategy Development Workshop ကို ၂၀၁၈ ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ Sedona ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ တီမောလက်စ်တေး၊ မလေးရှား၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်) ဖြစ်မြောက်ရေးကော်မီတီ အစည်းအဝေး

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်) ဖြစ်မြောက်ရေးကော်မီတီ အစည်းအဝေးကို ၂၀၁၈၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုးတက်သောဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင်များ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်၍ တာဝန်များခွဲဝေကာ အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲနှင့်ညစာစားပွဲ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲနှင့် ညစာစားပွဲကို နေပြည်တော် MICC ll တွင် ၂၀၁၈၊ ဇူလိုင်လ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဖွင့်ပွဲနှင့် ညစာစားပွဲသို့ ပါတီအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ခဲ့ပါသည်။

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး

ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲတရပ် ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈၊ ဇူလိုင်လ ၉ ရက်နေ့တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တိုးတက်သောဒီမိုကရက်တစ်အင်အားစုအဖွဲ့ဝင်များ၊ လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးတွင် မေလအတွင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလူထုနှီးနှောဖလှယ်ပွဲ(ကရင်နီပြည်)၏ အဆက်အဖြစ် ရန်ကုန်တွင်လည်း ငြိမ်းချမ်းရေးလူထုနှီးနှာဖလှယ်ပွဲတရပ် ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

“နိုင်ငံရေးပါတီတွေ အားကောင်းမောင်းသန်ဖြစ်ပြီလား” Debate

“နိုင်ငံရေးပါတီတွေ အားကောင်းမောင်းသန်ဖြစ်ပြီလား” ခေါင်းစဉ်ဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ပထမဦးဆုံး Debate ကို ၈-၇-၂၀၁၈ တွင် တာမွေမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစောသန်းမြင့်(ဥက္ကဋ္ဌ-ဖက်ဒရယ်ပြည်ထောင်စုပါတီ)၊ ဒေါက်တာစိုးဝင်းဦး(အရံဗဟိုကော်မတီဝင်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးသီဟသွေး (နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် သတင်းဆောင်းပါးရှင်)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနား

ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ အလုပ်သမားအရေးဆောင်ရွက်သူများ၊ အလုပ်သမားများ တက်ရောက်ခဲ့ကြပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂမှ ရဲဘော်ဖိုးကျော် ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်မှ ဦးဝင်းသူ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကိုကို၊ ဗကသများအဖွဲ့ချုပ်မှ ကိုကောင်းထက်ကျော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးသီဟ၊ အလုပ်သမားအရေး လယ်သမားအရေး လူထုလူတန်းစားအရေးဆောင်ရွက်ကြသော ဘိုကလေးဦးအောင်မြင့် ၊ ဆရာချစ်တို့က အသီးသီး ဂုဏ်ပြုစကားပြောကြားခဲ့ကြပါသည်။ တက်ရောက်လာသည့် အလုပ်သမားများက လတ်တလောကြုံတွေ့နေရသော အခက်အခဲများအား တင်ပြခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

[Show slideshow]

၅၆ နှစ်မြောက် ၇-ဇူလိုင် အခမ်းအနား

၇၊ ၇၊ ၂၀၁၈ တွင် ကျရောက်သည့် ၅၆ နှစ်မြောက် ၇-ဇူလိုင် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် တကသမြက်ခင်းပြင်ရှိ ဗိုလ်အောင်ကျော်အထိမ်းအမှတ်ကျောက်တိုင်၌ ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားသမဂ္ဂများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ အစရှိသည့် ကျောင်းသားမျိုးဆက်အသီးသီး၊ နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။