ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နှင့် ဂူဗိမာန် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆုံးပါး ကွယ်လွန်ခဲ့သည်မှာ ၅၂ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ဆရာကြီး မဆုံး ပါးခင် တမ်းတမ်းတတ မြင်တွေ့သွားလိုသော စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးမှာ ယခုထက်ထိမရရှိနိုင်ဖြစ်နေရပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုသည်မှာ တမျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စ ဖြစ်သည်။ ထို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လည်း တမျိုးသားလုံးက ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် လူမျိုးစုံပြည်သူလူထုပိုင်လုပ်ငန်းများဖြစ်ပြီး တမျိုးသားလုံးလက္ခဏာ၊ လူထု လက္ခဏာဆောင်ဖို့ လိုအပ်သည်ဟု ယူဆပါသည်။
ထို့အတွက် ဤလုပ်ငန်းစဉ်ကြီးအတွင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးကို မည်သည့်အကြောင်းနှင့်မျှ ချန် လှပ်ထားခြင်း၊ ကန့်သတ်ထားခြင်း လုံးဝ မရှိပဲ လွတ်လပ်စွာ၊ တန်းတူစွာ ပါဝင်ဆွေးနွေးအဖြေရှာခွင့် ပြုကြရန် လိုအပ်ပါ သည်။ ထိုသို့ အင်အားစုအားလုံးပါဝင်ကျင်းပပြုလုပ်ကြမည့် ငြိမ်းချမ်းရေးညီလာခံကြီးတွင်လည်း ဆရာကြီးသခင်ကိုယ် တော်မှိုင်း၏ သူမနာကိုယ်မနာတွေ့ဆုံဆွေးနွေးရေးမူကို အပြည့်အ၀ ကိုင်စွဲကာ ပြည်သူတရပ်လုံးနှင့် တိုင်းပြည်၏ အကျိုး စီးပွားအပေါ် တည့်မတ်ဖြောင့်မှန်စွာ မျက်နှာမူလျက် ဆွေးနွေးအဖြေရှာကြရမည် ဖြစ်သည်ဟု အလေးအနက် ယုံကြည်ပါ သည်။
ထိုသို့ ဆောင်ရွက်ကြမှသာ ဆရာကြီးမျှော်မှန်းခဲ့သည့် စစ်မှန်သည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပြီး အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံနိုင်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးက အချို့အယွင်းမရှိ ဆောင်ရွက်သွားကြပါရန် အကြံပြု တိုက်တွန်းလျက် ဤသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၆ခုနှစ် ဇူလိုင်လ (၂၃) ရက်။
Continue Reading