မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒဿမအကြိမ်ညီလာခံသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဒဿမအကြိမ်ညီလာခံသို့ မိမိတို့လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီက လှိုက်လှဲဝမ်းမြောက်စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။

မိမိတို့နိုင်ငံသည် နိုင်ငံရေးဖြစ်ထွန်းမှုအသစ်များ တစုံတရာဖြစ်ပေါ်နေသည်ဆိုသည့်တိုင် လက်တွေ့ဘ၀တွင် လူမျိုစုံ မြန်မာပြည်သူများ ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့မြင်နေကြရပါသည်။

ထိုပြဿနာများကို အပြည့်အစုံဖြေရှင်းနိုင်ဖို့ဆိုလျင်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကှို ဒီမိုကရေစီနှင့် တိုင်းရင်းသားတိုင်းအတွက် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို အပြည့်အ၀အာမမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားအောင် ပြင်ဆင်ရေး၊
စစ်မှန်သောငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်ပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရေး၊
အင်အားစုအားလုံးပါဝင်သည့် တန်းတူရည်တူတွေ့ဆုံဆွေးနွေးပွဲကြီး သို့မဟုတ် ပြည်ထောင်စုညီလာခံကြီးကို ကျင်းပပြု လုပ်ပြီး နိုင်ငံလုံးဆိုင်ရာ သဘောတူညီချက် (National Accord) တရပ် ချမှတ်ရေး၊
စသည့် လုပ်ငန်းစဉ် (၃) ရပ်ကို အမျိုးသားရေးလုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင်ရွက်ကြရလိမ့်မည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် မိမိတို့ပါတီတို့သည် ညီနောင်အင်အားစုများဖြစ်ကြ သည့်အားလျော်စွာ အခြေအနေအရပ်ရပ်အပေါ် စဉ်းစားပုံ ကြည့်မြင်ပုံချင်း အခြေခံအားဖြင့် တူညီကြသည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

ဒဿမအကြိမ်ညီလာခံကြီးအောင်မြင်ချောမောစွာ ကျင်းပနိုင်ပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုအပ်ပါသည်။ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့အနေဖြင့် ညီညွတ်သွေးစည်းစွာ လက်တွဲပြီး ယနေ့ကာလအမျိုးသားရေးတာဝန်များကို ကြိုးပမ်းထမ်းရွက်သွားကြဖို့ တပ်ဦး၏ညီလာခံကြီးတွင် အလေးအနက် ကတိပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ မတ်လ (၇) ရက်

Continue Reading