ပါတီလႈပ္ရွားမႈမ်ား
DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူဒါန လပွတ္တာမြို့
၂၀၂၀၊ မေ၊ ၄။ လပွတ္တာမြို့။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များနှင့် မိတ်ဆွေများ၏ အလှူဒါနအဖြစ် မေလ ၄ ရက်နေ့တွင် လပွတ္တာမြို့နယ် နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သို့ PPE ဝတ်စုံ ၅ စုံ ပေးပို့လှူဒါန်းခဲ့ပါသည်။
DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းလှူဒါန- ရန်ကုန်။
၂၀၂၀၊ မေ၊ ၃။ ရန်ကုန်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ အလှူအဖြစ် “မဂ်လာတောင်ညွန့် ပြုပြင်စရာများအဖွဲ့”သို့ လက်အိတ် ၁၀၀၊ နှာခေါင်းစည်း ၃၀၀ နှင့် အလှူငွေတစ်သိန်းကျပ်ကို ၂၀၂၀၊ မေလ ၃ ရက်နေ့နံနက်တွင် လှူဒါန်းခဲ့ပါသည်။ ပါတီကိုယ်စား လူ့ဘောင်သစ်လူငယ်မှ ကိုမျိုးငြိမ်းက ပေးအပ်လှူဒါန်းရာ အဖွဲ့တာဝန်ရှိသူက လက်ခံရယူခဲ့ပါသည်။ မတ်လ ၃ ရက်နေ့နံနက် ၈:၀၀ နာရီတွင် “မိသားစုကိုချစ်ရင် Mask တပ်ပါ” Campaign ကို မဂ်လာတောင်ညွန့်ဈေး(အမဲဈေး)၌ အဖွဲ့တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန်ရှိသူများနှင့် ပူးပေါင်း ပြုလုပ်ခဲ့ကြပါသည်။
DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူ-ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)
၂၀၂၀၊ ဧၿပီ၊ ၂၉။ ရန်ကုန်။
DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် Covid-19 ကာကွယ်ကုသရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လုမှုရေးအသင်းအဖွဲ့များအား PPE ဝတ်စုံများ၊ လက်အိတ်များ၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ လှူဒါန်းလျက်ရှိပါသည်။ ၂၀၂၀၊ ဧပြီလ ၂၉ ရက်နေ့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) သို့ PPE ၁၅ စုံ လှူဒါန်းခဲ့ရာ ALD အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့က လက်ခံရယူခဲ့ပါသည်။
DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူ-ဧပြီ၊ ၂၈
၂၀၂၀၊ ဧၿပီ၊ ၂၈။
DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် Covid-19 ကာကွယ်ကုသရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လုမှုရေးအသင်းအဖွဲ့များအား PPE ဝတ်စုံများ၊ လက်အိတ်များ၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ လှူဒါန်းလျက်ရှိပါသည်။၂၀၂၀၊ ဧပြီလ ၂၈ ရက်နေ့တွင် မြောင်းမြလူငယ်ကွန်ရက်သို့ PPE ဆယ်စုံ၊ လက်အိတ် ၁ ဘူးနှင့် face shield များ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Kachin State COVID-19 Prevention Network သို့ PPE ဆယ်စုံ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မီးသတ်ရဲဘော်များသို့ သို့ PPE ဆယ်စုံ ...
အမြင်သဘောထား
အာဏာမသိမ်းဟု မှတ်ယူမရကြောင်း ပြောကြားမှုအပေါ် နိုင်ငံရေးသမားနှင့် နိုင်ငံရေးလေ့လာသူများ၏ တုံ့ပြန်ချက်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တကယ်ရှေးရှုမယ်။ တိုင်းပြည် တကယ်ပဲ ငြိမ်းချမ်းသာယာရေးအတွက်ကို တကယ်ပဲ စေတနာရှိမယ်ဆို ရင် အဲဒီမှတ်ချက် (တပ်ချုပ်ပြောစကားများ)တွေက အတော်ပြဿနာရှိ တယ်။ အကယ်၍များ တိုင်းပြည်အပေါ် တကယ်စိတ်စေတနာရှိရင် တိုင်းပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ သေသေချာချာ ညှိနှိုင်းဆွေးနွေးဖို့က အဓိကဖြစ်တယ်လို့ ပြောချင်တယ်။ ဒီလိုမှတ်ချက် (တပ်ချုပ်ပြောစကားများ)တွေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုကို မတည်မငြိမ်ဖြစ်အောင်၊ စိုးရိမ်စိတ်တွေဖြစ်အောင် မလုပ်ဆောင်သင့်ဘူး။ အကယ်၍ တိုင်းပြည်အပေါ် တကယ်စိတ်စေတနာရှိရင် စစ်တပ်က စစ်တန်းလျားကိုပြန်ဖို့ပဲရှိတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။
ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)
https://7day.news/302656?fbclid=IwAR0HEjX3WZHjXHFHJhdNFmDgLFUsi0hjb12zZhgv0dgw7hNmjoOcH_pUzYU
အမျိုးသားညီညွတ်ရေးအပေါ်သဘောထား
ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား
https://youtu.be/1u4IQARqaVM
ဦးငွေလင်းဗဟိုအလုပ်မှုဆောင်ကော်မတီ
ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်နည်းနည်းလေး တင်ပြချင်ပါတယ်။ ပြည်တွင်းစစ် ဒီလောက်ထိရှည်ကြာနေတာ ဘာကြောင့်လဲဆိုတဲ့ အချက်မှာ ဒီမိုကရေစီဆိတ်သုန်းတာနဲ့ အမျိုးသားတန်းတူခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ကင်းမဲ့တာကြောင့်ဖြစ်ပါတယ်။ အဲတာ တွေနဲ့ ပတ်သက်ပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အစိုးရအဆက်ဆက်က တိတိကျကျဘာမှမလုပ်ခဲ့ပဲနဲ့ အကုန် အတုအယောင်တွေကြီးပဲလုပ်ခဲ့တယ်။ ဒီဘက်ခေတ် ဒီမိုကရေစီအကူးအပြောင်းခေတ်မှာ ရှိတဲ့အစိုးရ တွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးနည်းနည်းရှေ့ရောက်လာတယ်လို့ ပြောလို့ရတယ်။ သို့ပေမဲ့ လိုအပ်ချက်တွေက အများကြီးပဲ ဒါကြောင့်မို့ စစ်ပွဲတွေက ဆက်ဖြစ်နေတယ်။ အထူးသဖြင့်ဆိုရင်တော့ ရခိုင်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေက တော်တော်ကြေကွဲစရာကောင်းတဲ့စစ်ပွဲတွေဖြစ်ပါတယ်။ ဒီစစ်ပွဲတွေရဲ့အကျိုးဆက်ကြောင့် အမုန်းတရားတွေ အာယာတတွေ အမျိုးသားသွေးစည်းညီညွှတ်မှု ပြိုကွဲမှုတွေ ယုံကြည်ကင်းမဲ့မှုတွေဖြစ်လာနိုင်တယ်။ မြန်နိုင်သမျှအမြန်ရပ်တန့်ဖြစ်ဖို့လိုတယ်။ ...
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါတီခေါင်းဆောင်များ၏ ပြည်သူ့ထံသို့ နိုင်ငံရေးသတင်းစကား
https://youtu.be/IWKf9cGMCPU
ဒေါ်နှင်းနှင်းမွှေးတွဲဖက် အထွေထွေအတွင်းရေးမှုး- ၁
ပညာရေးဆိုတာဟာ အခွင့်ထူးခံတွေအတွက်နဲ့ မဟုတ်ဘဲနဲ့ အားလုံးအကြုံးဝင်တဲ့ ပညာရေးစနစ်တစ်ရပ် ဖြစ်ဖို့လိုအပ်တယ်လို့ ကျွန်မတို့ကယူဆတယ် လွတ်လပ်တဲ့တန်းတူညီမျှတဲ့ ကိုယ်ပိုင်ပြဠာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးတစ်ရပ်ကို ကျွန်မတို့က မလဲမသွေတည်ဆောက်ရမှာဖြစ်ပါတယ်ကျောင်းစာသင်ခန်းပြင်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေ ကြတဲ့ကလေးသူငယ်တွေ ပညာရေးစနစ်သင်ကြားနိုင်ဖို့အတွက်ကို ကူညီပံ့ပိုးမှုများအပါအဝင် ဥပဒေများပြဠာန်းပေးဖို့လိုအပ်တယ် ပညာရေးပြုပြင်ပြောင်းလဲမှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍ ကနေပါဝင်နေကြတဲ့ဆရာ၊ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လုပ်ခလစာတွေတိုးမြင့်ပေးဖို့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ပညာရေးအသုံးစရိတ်ကို ၈ ရာခိုင်နှုန်းကျော် သုံးစွဲနေရာကပြီးတော့၂၀ ရာခိုင်နှုန်း တိုးမြင့်သုံးဆွဲနိုင်ဖို့ ကျွန်မတို့ ဆောင်ရွက်ပေးရမယ် အလုပ်အကိုင်အခွင့်အလမ်း လိုအပ်နေတဲ့လူငယ်များအတွက်ကို အသက်မွေးဝမ်းကြောင်း ပညာသင်ကြောင်းတွေကို ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့လိုအပ်တယ်။ စာသင်ကျောင်းတွေဟာ ကျောင်းသားဆရာမိဘများအတွက် ကိုယ်စိတ်နှစ်ပါးလုံခြုံ ဖို့အင်မတန်အရေးကြီးတဲ့အတွက်မို့လို့ covid-19 ...
အင္တာဗ်ဴ :
အမျိုးသားညီညွတ်ရေးအပေါ်သဘောထား
ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal)
မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။
The Voice Journal –
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့
နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို
ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့်
မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား
လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ
အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက
ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ
မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။
မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။
UAMZ – ကျွန်တော်တို့
ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့
ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း
စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက်
စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။
ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ
ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့
ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင်
မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက်
နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို
တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။
ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း
မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။
ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့
ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း
တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး
တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ်
ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့
မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။
ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။
အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက်
လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့
ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့
တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့
ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့
သွားငြိနေတယ်။ ပုဒ်မ ...
ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့
လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့
ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊
ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့
ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ
ပြောကြားခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း
နောက်ဆုံးရသတင်းများ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၁-၂၀၂၀ December 31, 2020
ဖဲကြိုးဖြူလှုပ်ရှားမှု နိုဝင်ဘာ၊ ၃၀၊ ၂၀၂၀။ November 30, 2020
ဖဲကြိုးဖြူလှုပ်ရှားမှုဒီဇင်ဘာ ၈၊ ၂၀၂၀။ December 8, 0202
အာဏာမသိမ်းဟု မှတ်ယူမရကြောင်း ပြောကြားမှုအပေါ် နိုင်ငံရေးသမားနှင့် နိုင်ငံရေးလေ့လာသူများ၏ တုံ့ပြန်ချက် January 28, 2021
အမျိုးသားညီညွတ်ရေးအပေါ်သဘောထား January 16, 2021
ရန်ကုန်တိုင်း ပါတီကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး January 12, 2021
ဖဲကြိုးဖြူလှုပ်ရှားမှု ဒုတိယနေ့နိုဝင်ဘာ၊ ၂၆၊ ၂၀၂၀။ January 11, 2021
Call for social welfare policies proves significant in Myanmar elections December 17, 2020
ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၆/၂၀၂၀) December 11, 2020
ပထမကျောင်းသားသပိတ်လှုပ်ရှားမှုနှစ် (၁၀၀) ပြည့် အထိမ်းအမှတ်စကားဝိုင်း” December 9, 2020
ဖဲကြိုးဖြူလှုပ်ရှားမှု အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု၄၊ ဒီဇင်ဘာ၊ ၂၀၂၀။ December 4, 2020
ဖဲကြိုးဖြူလှုပ်ရှားမှု ဒီဇင်ဘာ ၃၊ ၂၀၂၀။ December 3, 2020
ရုပ်သံမှတ်တမ်း
လူ့ဘောင်သစ်ဒီမိုကရက်သစ်ပါတီ၏ ရွေးကောက်ပွဲ ဟောပြောချက်
Dateline Irrawaddy (15.3.2016)
သတင်းဓါတ်ပုံ