ပါတီလႈပ္ရွားမႈမ်ား
ရန်ကုန်တိုင်း ပါတီကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး
၁၁၊ ၁၊ ၂၀၂၁။ ရန်ကုန်။
ရန်ကုန်တိုင်းပါတီကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ဇန်န၀ါရီ ၁၁ ရက် နေ့လည် ၁း၀၀ နာရီတွင် ဗိုလ်တထောင်မြို့နယ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဒေါ်နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး ၁)၊ ဦးငွေလင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်)နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်း ညှိနှိုင်းအစည်းအဝေးတွင် ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက ဗဟိုကော်မတီအစည်းအဝေး၏ ရန်ကုန်တိုင်းနှင့် ပတ်သက်၍ စဉ်းစားချက်များ၊ ရည်မှန်းချက်များနှင့် တာဝန်ပေးအပ်မှုများကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ရန်ကုန်တိုင်းတာ၀န်ခံ ဦးငွေလင်းက ခိုင်မာအားကောင်းသည့် ရန်ကုန်တိုင်းပါတီကော်မတီ တည်ဆောက်သွားရေးအတွက် စဉ်းစားထားချက်(မူကြမ်း)ကို မိတ်ဆက်တင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ ရဲဘော်များက ...
ဖဲကြိုးဖြူလှုပ်ရှားမှု ဒုတိယနေ့နိုဝင်ဘာ၊ ၂၆၊ ၂၀၂၀။
အမျိုးသမီးများအား အကြမ်းဖက်မှုရပ်တန့်ရေး လှုပ်ရှားမှု (ဖဲကြိုးဖြူလှုပ်ရှားမှု)ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက ဦးဆောင်၍ (၁၆) ရက် လှုပ်ရှား ဆောင်ရွက်နေပါသည်။ဒုတိယနေ့အဖြစ် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်အချို့နှင့်အတူ လူငယ်စွမ်းရည်မြှင့်တင်ရေး နိုင်ငံရေးသင်တန်းကျောင်း(YES) ကျောင်းဆင်းလူငယ်များ၊ လူငယ်ခေါင်းဆောင်များ ပါဝင်၍ ဖဲကြိုးဖြူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါသည်။ဤလှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တံတားဦးမြို့နယ် ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်မေဖြူဆွေနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များ ဦးဆောင်ခဲ့ကြပါသည်။ခရက်ဒစ် – ဖဲကြိုးဖြူသီချင်းကို အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ကူးယူထည့်သွင်း အသုံးပြုထားပါသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၁-၂၀၂၀
DPNS ဗဟိုကော်မတီ အစည်းအဝေး၃၀ – ၃၁၊ဒီဇင်ဘာ၊၂၀၂၀။ ရန်ကုန်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၀၊ ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ပါတီဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်အမှာစကား ပြောကြားရာ၌ ပါတီတည်ဆောက်ရေးကို ပိုမိုအားစိုက် ဆောင်ရွက်ကြရန်နှင့် လက်ရှိနိုင်ငံရေးအခြေအနေတို့ကို သုံးသပ်ပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ၊ အတွင်းရေးမှူးအဖွဲ့၏ အလုပ်ပြီးစီးမှု အစီရင်ခံစာ၊ ၂၀၂၀ ရွေးကောက်ပွဲဖြတ်သန်းမှုဆိုင်ရာ ခြုံငုံသုံးသပ်ချက်၊ ရေးရာကော်မတီများနှင့် ဒေသဆိုင်ရာကော်မတီများ အစရှိသည့် ကော်မတီအသီးသီး၏ အစီရင်ခံစာများကို တင်သွင်းခဲ့ကြသည်။ ဗဟိုကော်မတီဝင်များက အစီရင်ခံစာများကို ဝေဖန်သုံးသပ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။အစည်းအဝေး ...
Call for social welfare policies proves significant in Myanmar elections
The latest Myanmar election resulted in a landslide victory to NLD and Aung San Suu Kyi. The two political parties partnering with the Danish Social Democrats also saw encouraging results. This is likely due to a more clearly defined ideology.
The Danish Social Democratic Party (SDP) ...
အျမင္သေဘာထား
ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော
အောက်တိုဘာ ၁၄၊ ၂၀၁၉။
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့
လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့
ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊
ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့
ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ
ပြောကြားခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်
ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့
လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့
ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊
ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့
ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ
ပြောကြားခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်
“ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့် DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေး
၂၀၁၉၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် ထုတ်လွှင့်သည့် DATELINE IRRAWADDY
အစီအစဉ်တွင် “ရွေးကောက်ပွဲယဉ်ကျေးမှုနဲ့ မြန်မာ့နိုင်ငံရေး” ခေါင်းစဉ်ဖြင့်
DPNS ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံ ပါဝင်ဆွေးနွေးခဲ့ပါသည်။
ဒီမိုကရေစီအခြေအနေများ ပိုမိုပြည့်စုံမှသာ တိုင်းပြည်တခုလုံး၏ လုံခြုံရေးကို အာမခံနိုင်လိမ့်မည်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၈ / ၂၀၁၉)
နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၊ ၁၆ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ ပြည်ထောင်စုဝန်ကြီးဌာနတွေကို ပေးပို့တဲ့ “ လုံခြုံရေးနှင့် ပတ်သက်ပြီး ဂရုပြုဆောင်ရွက်ရန်ကိစ္စ ”ဆိုတဲ့ လျှို့ဝှက်ညွှန်ကြားချက်တစ်စောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လုံခြုံရေးနဲ့ပတ်သက်လို့ သူ့နိုင်ငံသားတွေကို သတိပေးကြေငြာချက်တစ်စောင်တို့ဟာ အွန်လိုင်းလူမှုစာမျက်နှာပေါ် ပျံ့နှံ့လာတယ်။ နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီးရဲ့ လျှို့ဝှက်ညွှန်ကြားချက်ကို ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ လူအများ အထိတ်တလန့်ဖြစ်အောင် အွန်လိုင်း ...
အင်တာဗျူ :
အမျိုးသားညီညွတ်ရေးအပေါ်သဘောထား
ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal)
မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။
The Voice Journal –
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့
နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို
ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့်
မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား
လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ
အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက
ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ
မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။
မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။
UAMZ – ကျွန်တော်တို့
ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့
ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း
စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက်
စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။
ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ
ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့
ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင်
မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက်
နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို
တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။
ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း
မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။
ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့
ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း
တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး
တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ်
ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့
မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။
ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။
အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက်
လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့
ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့
တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့
ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့
သွားငြိနေတယ်။ ပုဒ်မ ...
ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့
လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့
ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊
ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့
ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ
ပြောကြားခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း
နောက်ဆုံးရသတင်းများ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၁-၂၀၂၀ December 31, 2020
ဖဲကြိုးဖြူလှုပ်ရှားမှု နိုဝင်ဘာ၊ ၃၀၊ ၂၀၂၀။ November 30, 2020
ဖဲကြိုးဖြူလှုပ်ရှားမှုဒီဇင်ဘာ ၈၊ ၂၀၂၀။ December 8, 0202
အာဏာမသိမ်းဟု မှတ်ယူမရကြောင်း ပြောကြားမှုအပေါ် နိုင်ငံရေးသမားနှင့် နိုင်ငံရေးလေ့လာသူများ၏ တုံ့ပြန်ချက် January 28, 2021
အမျိုးသားညီညွတ်ရေးအပေါ်သဘောထား January 16, 2021
ရန်ကုန်တိုင်း ပါတီကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး January 12, 2021
ဖဲကြိုးဖြူလှုပ်ရှားမှု ဒုတိယနေ့နိုဝင်ဘာ၊ ၂၆၊ ၂၀၂၀။ January 11, 2021
Call for social welfare policies proves significant in Myanmar elections December 17, 2020
ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၆/၂၀၂၀) December 11, 2020
ပထမကျောင်းသားသပိတ်လှုပ်ရှားမှုနှစ် (၁၀၀) ပြည့် အထိမ်းအမှတ်စကားဝိုင်း” December 9, 2020
ဖဲကြိုးဖြူလှုပ်ရှားမှု အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု၄၊ ဒီဇင်ဘာ၊ ၂၀၂၀။ December 4, 2020
ဖဲကြိုးဖြူလှုပ်ရှားမှု ဒီဇင်ဘာ ၃၊ ၂၀၂၀။ December 3, 2020
ရုပ်သံမှတ်တမ်း
လူ့ဘောင်သစ်ဒီမိုကရက်သစ်ပါတီ၏ ရွေးကောက်ပွဲ ဟောပြောချက်
Dateline Irrawaddy (15.3.2016)
သတင်းဓါတ်ပုံ