ပါတီလှုပ်ရှားမှုများ
ဩဂုတ်လထုတ် လူ့ဘောင်သစ်စာစဥ် ထွက်ပြီ။
ဩဂုတ်လထုတ် လူ့ဘောင်သစ်စာစဥ်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လူထုဆက်ဆံရေးကော်မတီက ထုတ်ဝေတဲ့ ဩဂုတ်လ ထုတ် လူ့ဘောင်သစ်-စာစဥ် အတွဲ-၄ အမှတ်- ၂
ယခုတပတ် ဖတ်ရှုရမှာတွေကတော့ –
ဒီလစကား ‘’တိုက်ပွဲကာလနဲ့ စည်းရုံးရေးစည်းကမ်း’’
လွန်းနွေငြိမ်း ရဲ့ စစ်ကောင်စီရွှေ့လာနိုင်တဲ့ အကွက်နှစ်ကွက် ( ဆောင်းပါး )
စောဝင်း ရဲ့ တနှစ်ခွဲသို့ ပြန်လှည့်ကြည့်ခြင်း ( ဆောင်းပါး )
ကြယ်စင်မြစ် ရဲ့ တောစကား တောင်စကား အာဇာနည်တွေနေတဲ့ တိုင်းပြည် ( ဆောင်းပါး)
၂၀၂၂ ဇူလိုင် နှင့် ဩဂုတ်လ အတွင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်များ၏ မြေပြင်သပိတ်ပါဝင်မှုများ (ဓာတ်ပုံ)_
________________________________
အတွဲ ၄ – အမှတ် ၂ ...
DPNS, YNS ရဲဘော်များ ပြောက်ကျားသပိတ်တွင်ပူးပေါင်းပါဝင်
‘ပြည်သူ့လက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်”
ဩဂုတ် ၂၉၊ ရန်ကုန်။
ရန်ကုန်မြို့လယ်ခေါင်တွင် လူအင်အား အလုံးအရင်းဖြင့် ချီတက် ဆန္ဒပြ လူ့ဘောင်သစ်လူငယ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များပူးပေါင်းပါဝင်
“လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်” ဟူသော စာသားကိုကိုင်စွဲ၍ လူထုလှုံ့ဆော်ရေးပြုလုပ်သည့် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြို့နယ်သပိတ်ကော်မတီများ၊ ကျောင်းသားသမဂ္ဂများနှင့်အတူ အထွေထွေသပိတ် ကော်မတီ General Strikes Committee တို့ပူးပေါင်းပြီး ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ခင်းက ပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
၂၃၊ ၈၊ ၂၀၁၉။ UEC ရုံး၊ နေပြည်တော်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉၊ သြဂုတ်လ၊ ၂၃ ရက်နေ့ နံနက် ၉းဝ၀ နာရီမှ ညနေ ၅းဝ၀ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးဖိတ်ကြားထားသည့် နိုင်ငံရေးပါတီပေါင်း ၈၈ ပါတီရှိသည့်အနက် ၈၄ ပါတီ တက်ရောက်ခဲ့ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။ လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို UEC ဥက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းပြောကြားခဲ့ပါသည်။ ...
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း (သတင်းထုတ်ပြန်ချက် ၃ / ၂၀၂၁)
၂၊ ၁၂၊ ၂၀၂၁ မှ ၆၊ ၁၂၊ ၂၀၂၁ ရက်များအတွင်း ကျင်းပခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေး ကော်မတီအစည်းအဝေး (၁/ ၂၀၂၁) တွင် ပါတီ၏ ခေါင်းဆောင်မှုကို လက်တွေ့ တိုက်ပွဲလိုအပ်ချက်များနှင့်အညီ အောက်ပါ ရဲဘော် ၁၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်လိုက်သည်။
၁။ ရဲဘော်အောင်မိုးဇော် ဥက္ကဌ
၂။ ရဲဘော်ရဲလွင် အထွေထွေအတွင်းရေးမှူး
၃။ ရဲဘော်နှင်းနှင်းမွှေး တွဲဘက်အထွေထွေအတွင်းရေးမှူး
၄။ ရဲဘော်ကိုထွန်း ဗဟိုဦးဆောင်ကော်မတီဝင်
၅။ ရဲဘော်ကိုမောင်မောင် ဗဟိုဦးဆောင်ကော်မတီဝင်
...
အမြင်သဘောထား
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ရရှိထားပြီးသော သဘောတူညီချက်များ စုစည်းတင်ပြချက်
ယနေ့ကာလသည် အင်အားစုအားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရန် ပြင်ဆင်နေကြသည့် ကာလ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည်ပါ သည်။
ကျင်းပပြုလုပ်ကြမည့်ညီလာခံသည် ညီလာခံအဂါင်္ရပ်များနှင့် ပြည့်စုံမှုရှိ မရှိ၊ လွတ်လပ်မှုနှင့်တန်းတူရည်တူ ရှိ မရှိ၊ ပွင့်လင်း မြင်သာမှုနှင့်ရိုးဖြောင့်တည်ကြည်မှု ရှိ မရှိ ၊ ဆွေးနွေးဖက်အသီးသီးက အမြော်အမြင်ကြီးမှု ရှိ မရှိ စသည့်အချက်များအပေါ် မူတည်ပြီး ညီလာခံ၏ ရရှိချက်များသည်လည်း ပြောင်းလဲသွားနိုင်သည်ဟု ပါတီက ယူဆပါသည်။
အကယ်၍ ညီလာခံရရှိချက်က ကောင်းခဲ့ပါက မိမိတို့ ပြည်သူတရပ်လုံးမျှော်လင့်နေကြသည့် အရှည်တည်တန့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ပြီး အမျိုးသားတန်းတူမှုနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကိုလည်း တည်ဆောက် သွားနိုင်လိမ့်မည် ...
သမ္မတဦးထင်ကျော်လက်ထက် မြန်မာ့နိုင်ငံရေးအခြေအနေအား ဧရာဝတီသတင်းဌာနတွင် ဆွေးနွေးခန်း
ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ်ကတော့ သမ္မတသစ်ဦးထင်ကျော်ဦးဆောင်တဲ့အစိုးရက ဘယ်လိုအခက်ခဲတွေနဲ့ကြုံတွေ့ရနိုင်မလဲ၊ရှေ့လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကရော ဘယ်လိုရှိမလဲဆိုတာကိုဧရာဝတီသတင်းဌာနရဲ့အင်္ဂလိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဦးအောင်မိုးဇော်နဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ကဆွေးနွေးထားကြဖြစ်ပါတယ်။
ဥက္ကဌ၏ အဖွင့်အမှာစကား
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဝက်ဆိုဒ်စာမျက်နှာမှ ကြိုဆိုပါရစေ ။
ကျွန်တော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS ) က
* လွတ်လပ်မှု ကိုမြတ်နိုးတယ်၊
* တန်းတူမှုကို အလေးထားတယ်၊
* ပြည်သူတွေရဲ့သွေးစည်းညီညွတ်မှုနဲ့သာ
ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းအသစ်တွေကို စဉ်ဆက်မပြတ် တည်ထောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဒီနိုင်ငံရေး ယုံကြည်မှုနဲ့ တန်ဘိုးတွေကိုကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အခုလဲ ကြိုးစားရုန်းကန်နေဆဲပါ၊ ရှေ့ဆက်ပြီးလည်း ဘယ်လို အခက်အခဲနဲ့ ဘယ်လို စိန်ခေါ်မှုတွေပဲတွေ့တွေ့ ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန် ချပြီးဖြစ်တယ်။ ကျွန်တော်တို့ ဝက်ဆိုဒ်စာမျက်နှာက ကျွန်တော်တို့ရဲ့ ဒီရုန်းကန်လှုပ်ရှားမူတွေ အတတ်နိုင်ဆုံးပေါ်လွင်အောင် ဖော်ပြနိုင်ဖို့ ကြိုးစားထားပါတယ်။
ဝင်ရောက်လေ့လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။
ဝေဖန်အကြံပြုမှုတွေကိုလည်း လေးစားစွာ ကြိုဆိုပါတယ်။
ကျွန်တော်တို့ လက်တွဲပြီး ငြိမ်းချမ်းတဲ့ ...
ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် 7Day ဂျာနယ်အင်တာဗျူး
၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှု အခန်းကဏ္ဍဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများပါဝင် ဖွဲ့စည်းခဲ့သော လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန် ကာလ၌ နဝတအစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ ဖျက်သိမ်းခံလိုက်ရသော်လည်း လူဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံတွင် ဆက်လက် ရှင်သန်နေဆဲပင် ရှိသည်။
ယခုအခါ မြန် မာနိုင်ငံ၏ ဖြစ် ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဌ ဦးအောင်မိုးဇော် နှင့် 7Day က ...
အင်တာဗျူး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Journal တွေ့ဆုံခြင်း (18.11.2019 The Voice Journal)
မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။
The Voice Journal –
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့
နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို
ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့်
မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား
လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ
အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက
ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ
မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။
မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။
UAMZ – ကျွန်တော်တို့
ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့
ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း
စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက်
စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။
ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ
ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့
ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင်
မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက်
နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို
တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။
ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း
မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။
ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့
ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း
တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး
တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ်
ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့
မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။
ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။
အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက်
လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့
ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့
တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့
ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့
သွားငြိနေတယ်။ ပုဒ်မ ...
ကာလုံအားကောင်းအောင် ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌပြော
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမဖြစ်မနေခေါ်ယူဖို့နဲ့ လွှတ်တော်ဖျက်သိမ်းခွင့်အထိ ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ ဖိအားပေးတာက ဒီမိုကရေစီကို အားနည်းစေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ( ဌာနချုပ်) မှာကျင်းပတဲ့ ပါတီတည်ထောင်ခြင်း (၃၁)နှစ်ပြည့် အခမ်းအနားအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ် – မင်းဟိန်း/စံတော်ချိန်
လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် MCN TV News တို့တွေ့ဆုံမေးမြန်းခန်း
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နှင့် NCA သတင်းဌာနတွေဆုံမေးမြန်ခန်း
မင်္ဂလာပါခင်ဗျာ NCA သတင်းဌာနတွေဆုံမေးမြန်ခန်းအစီအစဉ်မှ ကြိုဆိုပါတယ်။ ခုနေ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတရာထူးမှ ရုတ်တရက်နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော် ဘာကြောင့်နှုတ်ထွက်သွားတယ်ဆိုတာနဲ ပတ်သက်ပြီးတော့ နိုင်ငံရေးနယ်ပယ်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးရသတင်းများ
ဩဂုတ်လထုတ် လူ့ဘောင်သစ်စာစဥ် ထွက်ပြီ။ September 6, 2022
DPNS, YNS ရဲဘော်များ ပြောက်ကျားသပိတ်တွင်ပူးပေါင်းပါဝင် August 29, 2022
၃၄ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကေရစီ လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် August 6, 2022
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းအပေါ်သဘောထား ထုတ်ပြန်ချက် April 28, 2022
ရက္ခိုင့်တပ်တော် (AA) တည်ထောင်ခြင်း(၁၃)နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ April 10, 2022
၂၂ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ April 10, 2022
မတ်လထုတ် လူ့ဘောင်သစ်-စာစဥ် ထွက်ပါပြီ March 27, 2022
လူ့ဘောင်သစ်-စာစဥ် အတွဲ-၃ အမှတ်- ၇ March 2, 2022
(၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ January 31, 2022
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စတင်တည်ထောင်ခြင်း (၉၁) နှစ်ပြည့်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ January 31, 2022
ရုပ်သံမှတ်တမ်း
လူ့ဘောင်သစ်ဒီမိုကရက်သစ်ပါတီ၏ ရွေးကောက်ပွဲ ဟောပြောချက်
Dateline Irrawaddy (15.3.2016)
သတင်းဓါတ်ပုံ
[ngg src=”recent_images” display=”basic_thumbnail” override_thumbnail_settings=”1″ show_all_in_lightbox=”1″ maximum_entity_count=”18″]